ပုပ်ဖရန်စစ် ပါပူအာနူးဂီနီနိုင်ငံသို့လုံခြုံစွာရောက်ရှိ

ပုပ်ဖရန်စစ် ပါပူအာနူးဂီနီနိုင်ငံသို့လုံခြုံစွာရောက်ရှိ

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ (၄၅) ကြိမ်မြောက်တမန်တော်ခရီးစဉ်လည်းဖြစ်၊ ယနေ့အထိပြုခဲ့သောတမန်တော်ခရီးတစ်လျှောက် ခရီးမိုင်အရှည်ဆုံးလည်းဖြစ်၊ ကမ္ဘာ့နိုင်ငံ (၄) နိုင်ငံ၊ ကမ္ဘာ့တိုက်ကြီးနှစ်တိုက်အားကူးလူးသည့်တမန်တော်ခရီး၏ဒုတိယခေတ္တသီတင်းသုံးမည့်တစ်ထောက်နားနိုင်ငံဖြစ်သော ပါပူအာနူးဂီနီသို့ ဘေးကင်းလုံခြုံ၊ ကျန်းမာစွာဖြင့်ရောက်ရှိခဲ့ပြီဖြစ်သည်။

ပါပူအာနူးဂီနီနိုင်ငံသည် ဗာတီကန်နှင့်လေမိုင် (၁၉၀၄၇) ကီလိုမီတာကွာ‌ေ၀းသည်။ ဤမျှရှည်လျားသောတမန်တော်ခရီးသည် ထိုမျှကွာ‌ေ၀းသောသူ၏သိုးစုများနှင့်အတူရှိနိုင်သည့်အချိန်အကန့်အ သတ်အတွင်းရှိနိုင်ရန် ရဟန်းမင်းကြီးဖရန်စစ်၏သိုးစုများအားချစ်သောစိတ်ကိုဖော်ပြနေခြင်းဖြစ်သည်။ သိုးတစ်ရာအနက်ပျောက်သွားသောသိုးတစ်ကောင်သည်လည်း သိုးထိန်းအတွက်အရေးကြီးသကဲ့သို့ ယခုမှာပျောက်သောသိုးမဟုတ်။ ပထ၀ီအနေအထား အရ ‌ေ၀းလံလှသောသိုးစုများလည်း အခြေအနေဖန်တီး၍အ နီးကပ်ရှိနိုင်ရန်ဖန်တီးခြင်းသည်လည်း ချစ်ခြင်းကြောင်း၊ ဂရုစိုက်ကြောင်း၊ အရေးကြီးကြောင်းပြသရာလည်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးအရှိန်နှင့်ဆက်လက်ပြုနေဆဲ

ရဟန်းမင်းကြီးဖရန်စစ်အားပင့်ဆောင်လာသော အင်ဒိုနီးရှားလေကြောင်းသည် ပါပူအာနူးဂီနီ Port Moresby လေဆိပ်သို့ ပြီးခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် (၁၉း၁၀) အချိန်တွင်ဘေးကင်းလုံခြုံစွာဆင်းသက်နိုင်ခဲ့သည်။ ပါပူအာနူးဂီနီနိုင်ငံတစ်၀ှမ်းမှကက်သလစ်ဘာသာတူများသည်လည်း ရဟန်း မင်းကြီးအားသောင်း သောင်းဖြဖြကြိုဆိုနိုင်ရန် မြို့တော်ကြီးဆီသို့သယ်ယူပို့ဆောင်ရေးနည်းလမ်းအသွယ် သွယ်ဖြင့်ရောက်ရှိနေခဲ့ကြသည်။

ဘာသာတူအချို့သည် လမ်းပမ်းဆက်သွယ်ရေးခက်ခဲလွန်းသောကြောင့် ရက်ချီသောကုန်းကျောင်းဖြင့်လည်းကြိုတင်ရောက်ရှိနေကြသူများလည်းဒုနှင့်ဒေးရှိပါသည်။ ကြိုတင်ရောက်ရှိနေကြသော ရပ်‌ေ၀းမှဘာသာတူများအား မြို့တော်အနီးအနားရှိကျောင်းထိုင်သီတင်းသုံးသည့်ဘုရားကျောင်းများ၌နေရာချထားပေးထားသည်။ ၄င်းတို့အနေဖြင့် ယခုကဲ့သို့ရဟန်းမင်းကြီးနှင့်အတူတွေ့ဆုံပြီးမစ္ဆားတရားပူဇော်နိုင်ရန်အတွက်မည်သို့ပင်ခက်ခဲစေကာမူ ဘာသာတူများသည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံနိုင်ရန်တွေး၍စိတ်အားထက် သန်နေခဲ့ကြသည်။ ပျော်ရွှင်နေခဲ့ကြသည်။ စိတ်ပျက်နေသည့်အရိပ်အယောင်လုံး၀မတွေ့ရ။

ရဟန်းမင်းကြီးသည်လည်း အသက် အရွယ်နှင့့် မမျှ ‌ေ၀းလံလှသောခရီးကိုပင်မမှုဘဲ မိမိ၏သိုးစုနှင့်တွေ့ဆုံနိုင်ရန်ခရီးကိုမောင်းတင်ခရီးနှင်လျှက်ရှိပါသည်။

ရက်အနည်းငယ်အတွင်းမည်သို့သောအခင်းအကျင်းကိုမျှော်လင့်ထားကြသနည်း။

ရဟန်းမင်းကြီးဖရန်စစ်၏ပါပူအာနူးဂီနီတမန်တော်ခရီးသည်လည်း အစီအစဉ်များဖြင့်ပြည့်နက်နေသောတမန်တော်ခရီးတစ်ခုဖြစ်ပါသည်။ အဆိုပါအစီအစဉ်အတွင်း၌ အစိုးရအဖွဲ့အစည်း၊ အရပ်ဖက်အစည်းအ ဝေး သံတမန်အဖွဲ့အစည်းများ၊ လမ်းဘေးမှပြန်လည်ကယ်ဆယ်စောင့်ရှောက်ထားသောကလေးသူငယ်များ၊ မသန်စွမ်းများနှင့်တွေ့ဆုံမည်ဖြစ်သည်ဟုဆိုခဲ့သည်။

ဒေသအတွင်းရှိ ခရစ်ယာန်တို့အားမှိုင်းမသောမယ်တော်ဗိမာန်သို့လည်းကြွရောက်ဖူးမည်ဖြစ်ကြောင်း။ ထိုမယ်တော့်ဗိမာန်တော်၌ ပါပူအာနူးဂီနီနိုင်ငံနှင့်ဆော်လမွန်ကျွန်းမှကက်သလစ်ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ ဦးပဥ္စင်းများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ ဓမ္မဆရာဆရာမများနှင့်တွေ့ဆုံမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် တနင်္ဂနွေနေ့နံနက်ပိုင်း၌ Sir John Guise အားကစားရုံ၌ဘာသာတူများနှင့်မစ္ဆားတရားပူဇော်မည်ဖြစ်ပြီး၊ နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Vanimo မြို့သို့ခရီးဆက်မည်ဖြစ်ကြောင်း ကြိုတင်ကြေငြာခဲ့သည်။ ထိုမြို့၌လည်း ဘာသာတူများ၊ သာသနာပြုများနှင့်တွေ့ဆုံပြီး ထိုနေ့ညနေပိုင်း၌ တဖန်မြို့တော် Port Moresby သို့ပြန်ကြွလာမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးပါပူအာနူးဂီနီနိုင်ငံ၌ခေတ္တသီတင်းသုံးသည့်ကာလသည် တနင်္လာနေ့ ပါပူအာနူးဂီနီမှလူငယ်များနှင့်တွေ့ဆုံမည့်အစီအစဉ်ဖြင့်အဆုံးသတ်ကာ အရှေ့တီမောနိုင်ငံသို့ဆက်လက်ခရီးဆက်မည်ဖြစ်သည်။

ပါပူအာနူးဂီနီမြေသို့ရဟန်းမင်းကြီးကြွရောက်ခဲ့သည့်နှစ် (၃၀) အကြာထပ်မံကောင်းချီးခံစားရ

ပါပူအာနူးဂီနီသို့ (၁၉၉၅) ခုနှစ်၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကြွရောက်ခဲ့ဖူးပါသည်။ ထိုတမန်တော်ခရီးစဉ်၌ ဒေသခံဓမ္မဆရာ Peter To Rot အားသူတော်မြတ်အဖြစ်တင်မြောက်ပေးခဲ့သည်။ အဆိုပါဓမ္မဆရာသည် ဒုတိယကမ္ဘာစစ်ကာလက သူယုံကြည်၊ ကျင့်ကြံ၊ ဟောပြောသောတရားတော်အ တွက်ကွပ်မျက်ခံခဲ့ရသူဖြစ်သည်။ ယခုကဲ့သို့ရဟန်းမင်းကြီး ၏ခက်ခဲသကဲ့သို့ ‌ေ၀းလံလှသောဒေသသို့ပင် ကြွရောက်အားပေးခြင်းသည် ဒေသခံများအတွက်မျှော်လင့်ချက်ကြီးစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပါပူအာနိုင်ငံမှကက်သလစ်ဘာသာတူတို့၏ရင်တွင်းဖြစ်ခံစားချက်ပဲ့တင်သံများကိုကျယ်လောင်စွာကြားနေရ၊ မြင်နေရကြောင်းဖြင့်သတင်းများ၌ ‌ေ၀‌ေ၀ဆာဆာဖော်ပြနေသည်ကိုမြင်တွေ့၊ ကြားသိ၊ ဖတ်ရူနေရပါသည်။

ရဟန်းမင်းကြီးဖရန်စစ်၏ (၃) ရက်တာသီတင်းသုံးသည့်ကာလသည် လူနေထိုင်မှုကြဲပြီး ချောင်းစီးသံများ၊ ရေတံခွန်ကျသံများ၏မြည်ဟီးသံနှင့်လွှမ်းခြုံနေသည့်‌ဒေသ၊ နှင်းမြှုများအုပ်ဆိုင်းသည့်တောင်စွယ်၊ တောင်တန်း၊ တောင်ကုန်းများ၏ရူခင်းရူကွက်၊ မီးတောင်ရှင်တို့၏ဘေး၊ မီးတောင်သေတို့၏အ နိဌာရုံများနှင့်တိုးတက်သောမြို့ပြနိုင်ငံကြီးများ၌မတွေ့ရသည့် ထူထပ်စိမ်းညှို့နေသည့်တောတောင်များကို ထိတွေ့ခံစားရန်မှာ အချိန်လုံလောက်မည်မဟုတ်ပေ။

ဤနိုင်ငံအတွင်း၌ ကမ္ဘာကြီးနှင့်အလှမ်း ‌ေ၀းပြီး၊ အထိအတွေ့၊ အကျွမ်း၀င်မှုပင်မရှိသော ဘုရားသခင်ဖန်ဆင်းထားသည့်လူသားများအား မွေးဖွားရှင်သန်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်ကိုရရှိစေသည့်နိုင်ငံတစ်ခုဖြစ်သည်။ ဤ‌ဒေသ၌ ငလျင်၊ မြေပြိုမှုစသောသဘာ၀ကပ်ဘေးများသည် နှစ်စဉ်ကြုံတွေ့နေရသည်။ ဖွဲ့စည်းအုပ်ချုပ်မှုအခိုင်အမာမရှိသောခက်ခဲလှသည့်ဒေသဖြစ်၍ ဘေးအန္တရယ်ကျရောက်သည့်အခြေအနေမျိုးလည်း အချိန်မှီကူညီနိုင်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလည်းအားနည်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဖော်ထုတ်သူများအတွက်လည်းခက်ခဲလွန်းလှသောဒေသတစ်ခုဖြစ်သည်။

ရဟန်းမင်းကြီးသည် ဤသို့သောအခက်အခဲ၊ စိန်ခေါ်မှုများဖြင့်ပြည့်နက်နေသည့်မြေ၌နေ ထိုင်နေကြသော ကက်သလစ်ဘာသာတူ (၂.၅) သန်းနှင့်တွေ့ဆုံရန် သူ၏အသက်အရွယ်အတွက်စိန်ခေါ်မှု များစွာကိုလစ်လျူရူ၍ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/LXmBD
rvamyanmar
rvamyanmar
Articles: 701

Leave a Reply

Your email address will not be published. Required fields are marked *