တရုတ်နိုင်ငံတွင် ချုံချင်းကက်သလစ်ဂိုဏ်းချုပ်ဆရာတော်သစ် သိက္ခာခံယူပွဲကျင်းပ။

တရုတ်နိုင်ငံ၊ ချုံချင်းမြို့၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် အန်ဒရီးယား ဒင်းယန်း (Andrea Ding Yang) ကို အင်္ဂါနေ့က ဂိုဏ်းချုပ်ဆရာတော်သိက္ခာတင်မြှောက်ခဲ့သည်။ ၎င်းအား ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီး ရုံးတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ချုပ်ဆိုထားသော ယာယီသဘောတူညီချက် မူဘောင် အတွင်းမှ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၈ ရက်၊ အင်္ဂါနေ့တွင် အန်ဒရီးယား ဒင်းယန်း၏ဂိုဏ်းချုပ်ဆရာတော်သိက္ခာခံယူ ပွဲ အခမ်း အနားကို ကျင်းပခဲ့သည်။

ဗာတီကန်နှင့် တရုတ်နိုင်ငံတို့အကြား ယာယီသဘောတူညီချက်အရ လျာထားသူအဖြစ် အတည်ပြုပြီး နောက်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ၎င်းအား ချုံချင်းဂိုဏ်း ချုပ်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ကိုယ်ရေးအကျဉ်း

ဂိုဏ်းချုပ်ဆရာတော် အန်ဒရီးယား ဒင်းယန်းကို ၁၉၈၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ချုံချင်းမြို့၊ ဟိုချွမ်း (Hechuan) ခရိုင်၌ မွေးဖွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ ပေကျင်းမြို့ရှိ သာသနာ ပြုတက္ကသိုလ် (Seminary) တွင် ပညာသင်ကြားခဲ့သည်။

ချုံချင်းမြို့၊ ယွိကျုန်း (Yuzhong) ရှိ စိန့်ဂျိုးဇက်ဘုရားကျောင်း၌ သာသနာပြုသင်တန်း ၁ နှစ် တက်ရောက် ပြီးနောက် ၂၀၀၇ ခုနှစ်၊ မေ ၂၄ ရက်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ထို့နောက် အဆိုပါဘုရားကျောင်း ၌ပင် လက်ထောက်ကျောင်းထိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မက္ကာအိုတွင် သွားရောက်နေထိုင်ခဲ့ပြီး စိန့်ဂျိုးဇက်တက္ကသိုလ်၌ ခရစ်ယာန် ဓမ္မပညာ (Theology) ကို ဆက်လက်သင်ယူခဲ့သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပေကျင်းရှိ ရဟန်းဖြစ်တက္ကသိုလ်တွင် နည်းပြ(formator) အဖြစ် တာဝန်ယူ ခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် ရောမမြို့သို့ ပြောင်းရွှေ့ကာ Pontifical University of the Holy Cross တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး နောက်တစ်နှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထို့နောက် ချုံချင်းဂိုဏ်းချုပ်သာသနာနယ်မြေအတွင်းရှိ သုံးလျန် (Tongliang)၊ သုံးနန် (Tongnan)၊ သုံးကွမ်းယီ (Tongguanyi) နှင့် ကျိုလုံဖို (Jiulongpo) တို့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဗာတီကန်သတင်း

Fr. Peter Kyi Maung 

Credit to Vatican News

https://www.vaticannews.va/en/vatican-city/news/2026-09/consecration-bishop-andrea-ding-yang-chongquig-china.html

rvamyanmar
rvamyanmar
Articles: 4225

Leave a Reply

Your email address will not be published. Required fields are marked *