စိန့်အလောရှက်(စ်) ရဟန်းဖြစ်သင်ကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်မြို့ ရှိ စိန့်လောရှက်(စ်) ရဟန်းဖြစ်သင်ကျောင်း ပွဲ နေ့မစ္ဆားတရားကို (၂၂.၆.၂၀၂၆) တနင်္လာနေ့၊ နံနက် ၆:ဝဝ အချိန်တွင် ဘုန်းတော်ကြီး Fr. John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

မစ္ဆားတရားအပြီး နံနက်စာသုံးဆောင်ပြီးနောက် စိန့်လောရှက်(စ်)ပွဲနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ကျောင်း သားကျောင်းသူများမှ အကများနှင့်ဖျော်ဖြေခြင်း နေ့လည်ပိုင်းတွင် ခြင်းလုံးအားကစားပြိုင်ပွဲ ကျင်းပခြင်း၊ ညနေပိုင်းတွင် လောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပါသည်။

မစ္ဆားတရားဩဝါဒတွင် Fr. John Aye Kyaw မှမိန့်ကြားသည်မှာ

“စိန့်အလောရှက်(စ်) သည် ငယ်ရွယ်စဉ်ကတည်းက လိမ္မာတယ် ဖြူစင်တယ် ဘုရားတရားရှိတယ် သူတစ်ပါးကိုကူညီချင်တယ် စိန့်အလောရှက်(စ်)ရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ထိုအချိန်က သူတို့ တိုင်းပြည်မှာ ပလိပ်ရောဂါတွေဖြစ်ပွားနေတယ်။ အဲ့လိုအချိန်မှာ စိန့်အလောရှက်(စ်) က လူနာတွေ တစ် ယောက်ချင်းစီတိုင်းကို ကောင်းမွန်စွာဂရုစိုက်ပြီးတော့ ပြုစုစောင့်ရှောက်ပေးတယ်။ နောက်ဆုံး သူကိုယ် တိုင်သည်လည်း ရောဂါကူးစက်ခံရပြီးတော့ အသက် ၂၃ နှစ်အရွယ်မှာ သေဆုံးသွားတယ်။

ဒါကြောင့်အသင်းတော်က စိန့်အလောရှက်(စ်) ကို လူငယ်တွေရဲ့ရဟန္တာ ပြီးတော့ ကူးစက်ခံရောဂါ ဝေဒ နာရှင်တွေရဲ့ သူတော်မြတ်ရဟန္တာအဖြစ်အသင်းတော်ကသတ်မှတ်ပေးခဲ့ပါတယ်။ စိန့်အလောရှက်(စ်)၏ စံနမူနာတွေမှာ ငယ်ငယ်ကတည်းက စိတ်ကောင်းနှလုံးကောင်းရှိတယ်၊ သူတစ်ပါးကိုကူညီချင်တယ်၊ အစေခံချင်တယ်၊ အနှစ်နာခံချင်တယ်၊ ဒုက္ခခံချင်တယ်၊ စေတနာရှိတယ် ဒါလေးတွေက ကျွန်ုပ်တို့ ခရစ် ယာန်တွေအတွက် အတုယူစရာစံနမူနာများဖြစ်ပါတယ်။

ဒါကြောင့်ဒီနေ့ဒီမှာရှိနေတဲ့ ကျောင်းသား/သူ အားလုံးစိန့်အလောရှက်ရဲ့စံနမူနာတွေကို အတုယူပြီး ပညာ သင်ရမဲ့အချိန်မှာ ရိုးသားကြိုးစားစွာ ပညာကိုတစိုက်မတ်မတ်သင်ယူဖို့လိုပါတယ်။ ဒီနေ့ကျွန်ုပ်တို့ တိုင်း ပြည်မှာမင်းတို့အရွယ်လေးတွေကျောင်းမရှိလို့ မငြိမ်းချမ်းလို့ ပညာမသင်နိုင်တဲ့ လူငယ်လူရွယ်လေး တွေအများကြီးရှိပါတယ်။ ဒီလိုအချိန်မှာ မင်းတို့က ဒီမှာအေးအေးချမ်းချမ်းနဲ့ ညလည်းကောင်း ကောင်း အိပ်လို့ရတယ်။ အေးအေးချမ်းချမ်းနဲ့ပညာသင်လို့ရတယ် ဒါတွေဟာ ဘုရားရဲ့ကျေးဇူးတော်တွေဖြစ် တယ်။

စိန့်အလောရှက်(စ်)က လောကမှာ ၂၃ နှစ်ပဲနေခဲ့ရတယ် ဒါပေမဲ့ယနေ့ထိတိုင်နှစ်ပေါင်း လေးရာကျော် အထိသူ့ရဲ့အမည်နာမနှင့်သူ့ရဲ့သီလပါရမီတွေက ကျွန်ုပ်တို့အတွက် အတုယူစရာအဖြစ်ကျန်ရစ်ခဲ့တယ်။ ဒါကြောင့်ကျွန်ုပ်တို့တစ်ယောက်ချင်းစီရဲ့ဘဝကို အခုချိန်မှာတည်ဆောက်ကြရမယ် ဒီလိုတည်ဆောက် တဲ့အချိန်မှာ အပေါင်းအသင်းတွေကလည်း အရေးကြီးပါတယ်။ ဆိုးတဲ့သူနဲ့ပေါင်းမိရင် ဆိုးလာမယ် ကောင်းတဲ့သူနဲ့ပေါင်းရင် လူကောင်းဖြစ်လာမှာဖြစ်တယ် မိမိဘဝကိုမိမိ ဘယ်လိုတည်ဆောက်မလဲ မိမိ ကိုယ်တိုင်မှာတာဝန်ရှိတယ်။

မကြာခင်ရောက်လာမဲ့ အချိန်ကာလတွေမှာမင်းတို့တွေက ခေါင်းဆောင်ကောင်းတွေဖြစ်ရမယ် လူတွေ ကို၊ အသင်းအဖွဲ့တွေကို၊ ဘာသာတူအုပ်စုတွေကို၊ အသင်းတော်ကိုအများကြီးအကျိုးပြုနိုင်တဲ့ သူတွေ ဖြစ်ရမယ်။” ဟုမြွက်ကြားခဲ့ပါသည်။

Fr. Eugene

ဒီနေ့ဒီစိန့်အလောရှက်(စ်) ရဟန်းဖြစ်သင်ကျောင်းပွဲကို ထပ်မံကျင်းပနိုင်တဲ့အတွက်ဝမ်းသာပါတယ်။ စိန့် အလောရှက်(စ်)ရဲ့အကြောင်းတွေကို မစ္ဆားတရားမှာ ကြားနာရတဲ့အတွက် ကလေးတွေအတွက်လည်း ခွန်အားတွေရမယ်လိုထင်ပါတယ်။ အရင်ကဒီကျောင်းမှာရဟန်းဖြစ်သင်ကျောင်းသားတွေပဲရှိတယ် ဒါ ပေမဲ့သဘာဝကပ်ဘေး ကိုဗစ် ဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေအရရော ဒီရဟန်းဖြစ်သင် ကျောင်းဝင်ဖို့က ကျောင်းသားတွေနည်းလာတယ်။

ပြီးတော့နိုင်ငံရေးအခြေအနေမကောင်းတော့ ရွာဘက်တွေမှာရှိကြတဲ့ ကလေးတွေ ပညာသင်ယူခွင့် ဆုံးရှုံးတာနှစ်တွေကြာလာတော့ ဆရာတော်ကဦးဆောင်ပြီး ဒီကလေးတွေပညာသင်ယူခွင့်ရအောင်ဆို ပြီး ဒီကျောင်းကို St. Aloysius Community School ဆိုပြီးယာယီပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကျောင်းကိုG1 ကနေ G12 အထိကျောင်းသားကျောင်းသူများကို အပြင်ကဆရာ/မ များကို ခေါ်ပြီး ကျောင်းဝင်းထဲမှာပဲပညာသင်ကြားပေးနေပါတယ်။

ဒီကျောင်းကို လက်ရှိဘုန်းတော်ကြီး နှစ်ပါး Bro နှစ်ပါးနှင့် ဆရာ/မ သုံးယောက်တို့ဖြင့် စီမံအုပ်ချုပ်နေပြီး ကျောင်းသား/သူ စုစုပေါင်း ၈ဝ ကျော်ရှိပါသည်။ အခက်အခဲတွေကတော့ များသောအားဖြင့် ပညာရေး စရိတ်နှင့် စားသောက်ရေးပိုင်းဆိုင်ရာလိုအပ်ချက်တွေတော့ရှိပါတယ်။ အပြင်ကိုယ်ပိုင်ကျောင်းတွေက ဆရာ/မ များကိုခေါ်ပြီးသင်ခိုင်းတာဖြစ်တဲ့အတွက် တစ်လတစ်လကို ပညာသင်စရိတ်ကိုပဲ သိန်း ၇၀ ကျော်လောက်ကုန်ပါတယ်။

ရဟန်းဖြစ်သင်ကျောင်းကနေ St. Aloysius Community School အဖြစ်ပြောင်းလိုက်တော့ တစ်ချို့က သာသနာတော်က ရဟန်းဖြစ်သင်ကျောင်းကို ဦးစားမပေးတော့ဘူးလား ဆိုပြီးအမြင်တွေလည်းရှိကြ ပါတယ်။ ဒါမဲ့ဆရာတော်ကြီးပြောတာက ခေတ်အခြေအနေအရ ပညာသင်ခွင့်ဆုံးရှုံးသွားတဲ့ ဒီလူငယ် ကလေးတွေကို ပညာရေးဦးစားပေးချင်တဲ့အတွက် ယာယီနာမည်ပြောင်းပြီးဖွင့်ခြင်းဖြစ်ပါတယ်။ ရဟန်း ဖြစ်ကျောင်းအတွက်အားမပေးဖြစ်တာမဟုတ်ပါဘူး တစ်ချိန်ကျရင် အခြေအနေတည်ငြိမ်သွားရင် ဒီ ကျောင်း ဟာ ရဟန်းဖြစ်သင်ကျောင်းအဖြစ်ပဲပြန်လည်း ရှိနေမှာဖြစ်တယ်လို့ပြောတယ်။ အခုဒီမှာရှိနေ တဲ့ ကလေးတွေထဲကလည်း ဘုန်းကြီးတွေ သီလရှင်တွေနဲ့ အမြဲထိတွေ့နေတော့ သူတို့ထဲကလည်း ခေါ်တော်မူခြင်း လည်းရလာနိုင်လိမ့်မယ် ဆိုတဲ့ရည်ရွယ်ချက်လည်းပါ ပါတယ်။

Bro. ဂျော်ကင်း အောင်ကျော်ဦး

ကျွန်ုပ်ကဒီကျောင်းမှာ အဓိက စာသင်တဲ့ သင်ကြားရေးပိုင်းမှာလုပ်ဆောင်နေပါတယ် ပြီးတော့ ဒီက ကလေးတွေကို music တွေကိုလည်းသင်ကြားပေးနေပါတယ်။ ကလေးတွေက နယ်စုံရွာစုံက လာတယ် ဆိုတော့ ခါတလေကျထိန်းရတာခက်တယ်။ ဒီစည်းကမ်းဘောင်အတွင်းမှာ သူတို့ကိုနေသားကျာလာ အောင်တစ်ဖြည်းဖြည်းခေါ်ဆောင်နေပါတယ်။

ဒီ Community School အဖြစ်ပြောင်းဖွင့် တဲ့အပေါ် ကျွန်ုပ်အမြင်ပြောရမယ်ဆိုရင် အခြေအနေတစ်ခု ဖန်တီးလာဖို့ လိုအပ်လာပြီးဆိုရင်တော့ လိုအပ်တဲ့အရာကိုလုပ်ရတော့မှာဖြစ်တယ်လို့မြင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်းဒီခေါ်တော်မူခြင်းမပျက်ပြားရေးအတွက် တာဝန်ရှိတဲ့သူတွေ ဘယ်လိုဆက်လုပ် လုပ် ဆောင်မလဲ ဆိုတာလည်း စဉ်းစားထားမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်က ခုလို ပညာသင်ခွင့် ဆုံရှုံးနေတဲ့ ကလေးတွေကို ပညာသင်ယူခွင့်ရအောင်ဖန်တီးပေးနိုင်တဲ့အတွက် ဒီကလေး တွေ ပညာသင်ယူခွင့် ဆက်လက်ရရှိတဲ့အတွက်ဝမ်းသာပါတယ်။

rvamyanmar
rvamyanmar
Articles: 4026

Leave a Reply

Your email address will not be published. Required fields are marked *