၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ အိန်ဂျလပ်စ် (Angelus) မေတ္တာရွတ်ဆိုခြင်းအခမ်းအနား သတင်းစကား အနှစ်ချုပ်။

၁။ ဧဝံဂေလိတရားဟောပြောခြင်းနှင့် ကိုယ်တိုင်ထိတွေ့ခံစားရမှု (Evangelisation and Personal Encounter) ရှင်မာတေဦးခရစ်ဝင်ကျမ်း (၁၀:၂၆-၃၃) ကို အခြေခံ၍ သတင်းကောင်း (ဧဝံဂေလိတရား) ကို ဟောပြောခြင်းသည် နည်းပညာ သို့မဟုတ် ကိရိယာတန်ဆာပလာများထက် မိမိတို့၏ နှလုံးသား အတွင်း ယေရှုခရစ်တော်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံထိတွေ့ခဲ့ရသည့် စစ်မှန်သော အတွေ့အကြုံကို သူတစ်ပါးထံ ဝေမျှခြင်းဖြစ်ကြောင်း

၂။ ဆိတ်ငြိမ်စွာ ဆင်ခြင်အောက်မေ့ခြင်း (Contemplation for All) စိန့်သောမတ်စ် အကွီနပ်စ် (St. Thomas Aquinas) ၏ အဆိုအမိန့်ကို ကိုးကား၍ မိမိတို့ ဆင်ခြင်ထောက်ရှု့ထားသည့် အရာများကို သူတစ်ပါးထံ လက်ဆင့်ကမ်းရန်၊ ဆိတ်ငြိမ်စွာ ဆင်ခြင်ထောက်ရှုခြင်းသည် သူတော်စင်များနှင့် ရဟန်းများအတွက်သာ မဟုတ်ဘဲ၊ လူတိုင်း နေ့စဉ်ဘဝ၏ မအားလပ်မှုများကြားမှ ဘုရားသခင်၏ အသံတော်ကို နားစွင့်ရန် ဆိတ်ငြိမ်သော အချိန်တစ်ခု ပေးသင့်ကြောင်း၊ ထိုအရာက ယုံကြည်ခြင်းကို ခိုင်မာစေကြောင်း

၃။ စိန်ခေါ်မှုများကို အနိုင်ယူခြင်း (Overcoming Challenges) ယနေ့ခေတ် ခရစ်ယာန်များသည်လည်း အတိတ်ကကဲ့သို့ပင် ရန်လိုမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် မုန်းတီးမှုကို မေတ္တာ ဖြင့်လည်းကောင်း၊ မာနထောင်လွှားမှုကို နူးညံ့သိမ်မွေ့မှုဖြင့်လည်းကောင်း၊ စိတ်ပျက်အားလျော့မှုကို ဇွဲလုံ့လဖြင့်လည်းကောင်း တုံ့ပြန်ကြရန် တိုက်တွန်းခြင်း

၄။ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် (World Refugee Day) အိန်ဂျလပ်စ်ဆုတောင်းအပြီးတွင် ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့ဒုက္ခသည်များနေ့ (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် ဘေးဒုက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများကို မျက်ကွယ်မပြုဘဲ ကာကွယ်စောင့်ရှောက်ကြရန်နှင့် လူသားဂုဏ်သိက္ခာနှင့်အညီ ကြိုဆိုကြရန် မေတ္တာရပ်ခံခြင်း

၅။ ဝမ်းနည်းခြင်းနှင့် ဆုတောင်းမေတ္တာ (Prayers for Brazil) မကြာသေးမီက ဘရာဇီးနိုင်ငံ၊ စီအာရာ (Ceará) ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသည့် လူငယ်များ အတွက် အထူးဆုတောင်းပေးခဲ့ခြင်းများကို ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြားခဲ့ပါသည်။

Fr. Peter Kyi Maung

photo credit : Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar#Tripledialogue See less

https://www.vaticannews.va/…/pope-leo-xiv-angelus…

See less

https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-angelus-evangelisation-faith-personal-encounter.html

rvamyanmar
rvamyanmar
Articles: 4023

Leave a Reply

Your email address will not be published. Required fields are marked *