ယုံကြည်ခြင်းသည် အပြုသဘောဆောင်သော အမြင်ဖြင့် ယဉ်ကျေးမှုတိုင်းကို ကြွယ်ဝစေသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ အထွေထွေ လူထုပရိသတ်နှင့် တွေ့ဆုံခြင်းတွင် ဒုတိယဗာတီကန် ကောင်စီ၏ Gaudium et Spes စာချွန်တော်တွင်ဖော်ပြထားသော ခရစ်ယာန် ယုံကြည် ခြင်းသည် အသိပညာများကို အကျိုးရှိရှိ ပေါင်းစပ်ဆက်စပ်ရန် ယုံကြည်သူများကို ဖိတ်ခေါ်သောကြောင့် ယဉ်ကျေးမှုတိုင်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများရှိကြောင်းကို ဆက်လက် ဟော ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် သာသနာတော်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယအခန်းတွင် ဖော်ပြထား သည့်အတိုင်း ယဉ်ကျေးမှုနှင့် ခရစ်ယာန်ယုံကြည်ခြင်းတို့အကြား ဆက်ဆံရေးကိုထောက်ရှုရင်း ခေတ် အဆက်ဆက်တွင် ကက်သလစ်သာသနာတော်သည် ယဉ်ကျေးမှု၊ လူသားဆန်မှုနှင့် ဝိညာဉ်ရေးရာ ပြုစု ပျိုးထောင်မှုများကို မြှင့်တင်ရန်အတွက် ဧဝံဂေလိတရား ဟောကြားခြင်းနှင့်အတူ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ ထူထောင်ခြင်းကို ပူးတွဲဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြောင်း၊

အနောက်တိုင်း ယဉ်ကျေးမှု ပေါ်ထွန်းလာရေးတွင် ခေတ်လယ်တက္ကသိုလ်များ၏ လွှမ်းမိုးမှုကို ထောက် ပြခဲ့ပြီး၊ ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်သည် ယုံကြည်သူများအား ၎င်းတို့၏ ယုံကြည်ခြင်း အတွက် “အကြောင်းပြချက် ပေးနိုင်ရန်” လှုံ့ဆော်ပေးကြောင်း အသိအမှတ်ပြုခဲ့သည်။

ထို့ပြင် ယဉ်ကျေးမှုတိုင်းသည် လူသားတို့၏ မွေးရာပါ ဝိညာဉ်ရေးရာ အတိုင်းအတာကို စိတ်နှလုံး ဖွင့်လှစ်ပေးရန် ကိုယ်ပိုင် တွန်းအားများဖြစ်ကာ၊ ယဉ်ကျေးမှုတိုင်းသည် လူသားတို့၏ အဓိပ္ပာယ်ရှာ ဖွေမှု ကို ဖော်ပြခြင်းဖြင့် ခရစ်တော်၏ ဧဝံဂေလိတရားကို လက်ခံရရှိရန် လူတို့ကို ပြင်ဆင်ပေးနေခြင်း ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

“ယုံကြည်ခြင်းနှင့် ယဉ်ကျေးမှုအကြား ဆက်ဆံရေး၏ အဓိက အခြေခံအုတ်မြစ်သည် ခရစ်တော် လူ့ဇာ တိခံယူခြင်း (Incarnation) တွင် ရှိပါသည်”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ကျွန်ုပ်တို့၏အလယ်တွင်ကိန်းဝပ်သကဲ့သို့၊ ယုံကြည် ခြင်းသည်လည်း စီးမျောပါဝင်နေသော ယဉ်ကျေးမှု နှင့် ဒွန်တွဲနေသည့် အမှန်တရားတစ်ခု ဖြစ်ပါသည်။”

ပုပ်ရဟန်းမင်းကြီး လီယိုက ယုံကြည်ခြင်းသည် ယဉ်ကျေးမှုတိုင်းတွင် ကိန်းဝပ်တည်ရှိသော်လည်း သီး ခြားဖော်ပြချက်တစ်ခုတည်းနှင့် သတ်မှတ်၍မရနိုင်ကြောင်း၊

“ယုံကြည်ခြင်းသည် ထိုယဉ်ကျေးမှုများ၏ အတွင်း၌ ကိန်းဝပ်ပြီး ယေဇူးခရစ်တော်၏ ‘ပုံသဏ္ဌာန်’ အတိုင်း၊ ဆိုလိုသည်မှာ မေတ္တာတရား၊ အစေခံခြင်းနှင့် ဘုရားသခင်၏ အဘအဖြစ်ကို သားသမီးကဲ့သို့ အသိအမှတ်ပြုခြင်းတို့ဖြင့် ၎င်းတို့ကို အတွင်းပိုင်းမှ ပုံသွင်းပေးပါသည်” ဟု မိန့်ကြားခဲ့သည်။

ထို့အတူ သာသနာတော်သည် ယုံကြည်ခြင်းနှင့် ဧဝံဂေလိသတင်းစကားကို လက်ဆင့်ကမ်းဝေမျှရန် ယဉ် ကျေးမှုအားလုံးမှ ကောင်းမွန်၊ လှပပြီး မှန်ကန်သောအရာများကို ယူဆောင်ကာ

ယဉ်ကျေးမှုကို ကိုယ်ပိုင် ကောင်းကျိုးတစ်ခုအဖြစ်လည်းကောင်း၊ အထူးသဖြင့် အလုံးစုံပါဝင်သော ပညာရေးပုံစံဖြင့် လူသားထုအား အစေခံခြင်းအဖြစ်လည်းကောင်း မြှင့်တင်လိုသော သာသနာတော်၏ ဆန္ဒကို ပြန်လည်အမှတ်ရစေခဲ့သည်။

Gaudium et Spes သည် သင်ကြားရေးတွင် “အသိပညာ၏ ညီညွတ်ပေါင်းစည်းမှု” ကို အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း၊ ခရစ်ယာန်များသည် ဘဝတည်ရှိမှုဆိုင်ရာ မေးခွန်းကြီးများအတွက် အဖြေများ ကို ဗျာဒိတ်တော်မှ ရရှိထားကြသော်လည်း စိတ်ရှည်သည်းခံရသော အသိပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြုစုပျိုးထောင်မှုများတွင် ပါဝင်ခြင်းမှ ကင်းလွတ်ခွင့်မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဆန့်ကျင်ဘက်အားဖြင့် ခရစ်ယာန်တို့၏ လူမှုရေးနှင့် သိပ္ပံဆိုင်ရာ အသိပညာများသည် ၎င်းတို့၏ ယုံ ကြည်ခြင်း အနှစ်သာရနှင့် အတူတကွ ဒွန်တွဲသွားရမည်ဖြစ်ပြီး၊ ထိုယုံကြည်ခြင်းသည်လည်း အသက် အရွယ်နှင့် သင်ယူမှုအဆင့်အတန်းအတိုင်း စဉ်ဆက်မပြတ် နက်ရှိုင်းလာရမည်ဖြစ်သည်” ဟု မိန့်ကြား ခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သာသနာတော်သည် “ကမ္ဘာကြီးနှင့် သမိုင်းကြောင်း အပေါ် အပြုသဘောဆောင်သော အမြင်ဖြင့် မှတ်ကျောက်တင်ထားသော” ယုံကြည်ခြင်းသက် ဝင်မှုပုံစံ ဖြင့် အသိပညာပုံစံအားလုံးကို အကျိုးရှိရှိ ပေါင်းစပ်ပျိုးထောင်ရမည်ဟု မိန့်ကြားခဲ့သည်။

“ထို့ကြောင့် ယုံကြည်ခြင်းသည် ထိတွေ့ တွေ့ရှိရသမျှ ယဉ်ကျေးမှုတိုင်းကို ကြွယ်ဝစေပြီး ပြည့်စုံစေ ပါသည်၊ ထို့အပြင် ယုံကြည်ခြင်းကိုယ်တိုင်ကလည်း ခရစ်တော်၏ ပုံသွင်းခြင်းခံရသော ယဉ်ကျေးမှု တစ်ခု ဖြစ်လာရန် ခေါ်ယူခြင်းခံရပါသည်” ဟု မိန့်ကြားခဲ့သည်။

Fr. Peter Kyi Maung

Credit: VATICAN NEWS

https://www.vaticannews.va/en/pope/news/2026-10/pope-leo-xiv-general-audience-gaudium-spes-culture-faith.html

rvamyanmar
rvamyanmar
Articles: 4335

Leave a Reply

Your email address will not be published. Required fields are marked *