ဆုတောင်းပြည့်ရဟန္တာစိန့်ပါဒြေပီးအို ပွဲနေ့မစ္ဆားတရား။

ဆုတောင်းပြည့် ရဟန္တာစိန့်ပါဒြေပီးအို ပွဲနေ့မစ္ဆားတရားကို (၂၃.၉.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် ပြင်ဦးလွင်မြို့၊ ဆင်လမ်းကျေးရွာ၊ နိုင်ငံလုံးဆိုင်ရာဘုရားဖူးဌာနသစ်ဖြစ်သည့် ရဟန္တာစိန့်ပါဒြေပီးအို ဘုရားကျောင်း၌ ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှဦး ဆောင် ပူဇော်ပေးခဲ့ပါသည်။

ပွဲတော်သို့ မန္တလေး၊ ပြင်ဦးလွင်နှင့် အခြားဒေသမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ဘာသာဝင်များ လာရောက်ဆုတောင်းခဲ့ကြပါသည်။

မစ္ဆားတရားအတွင်း ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ တရားရေအေးမြွက်ကြားရာမှာ

“ပါဒြေပီးအိုဟာ အသက် (၁၅) နှစ်အရွယ်မှာ ကပ္ပူချင်း ရသေ့ အသင်းဂိုဏ်းကို ဝင်ပြီးတဲ့နောက် ရသေ့ တစ်ပါး၊ ဘုန်းကြီးတစ်ပါး ဖြစ်ဖို့စတင်တဲ့အချိန်အခါမှာ၊ ပါဒြေပီးအို ဟာ ကျန်းမာရေး ချို့ယွင်း ခဲ့ပါတယ်။ ပါဒြေပီးအို ဟာဒဏ်ရာတော် (၅) ချက်ကို ရဟန်းဘုန်းတော်ကြီး ဝါ ရှစ်ဝါ ပြည့် တဲ့နှစ် ၁၉၁၈ ခုနှစ် စက် တင်ဘာလ (၂၀) ရက်နေ့မှာ စတင်ပြီး သူခံစားခဲ့ရတယ်။ ၁၉၆၈ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့  ပြန် လွန်ကာနီး နာရီ အနည်းငယ် အလိုကျမှ၊ ရောဂါဝေဒနာ တွေ က လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။

 နှစ်ပေါင်း ၅၀ တိတိ ဒဏ်ရာတွေရဲ့ နာကျင်ကိုက်ခဲမှု၊ သခင်ခရစ်တော်ဘုရား လက်ဝါးကပ်တိုင် တော် ပေါ်မှာ ခံစားရသလိုမျိုး ထပ်တူ ဝေဒနာဒဏ်ရာကို ပါဒြေပီးအိုဟာ နေ့နေ့ညည နှစ်ပေါင်း ၅၀ ခံစားခဲ့ ရပါတော့တယ်။

ဒဏ်ရာတော် ၅ ချက် ရပြီးတဲ့ နောက်ပိုင်းမှာလည်းပဲ သာသနာတော်က မယုံကြည်တာ၊ လက်မခံတာ၊ နား လည်မှုလွဲတာ၊ မစ္ဆားဟောခွင့် ပိတ်ခံရတာ၊ အာပတ်ဖြေ နားထောင်ခွင့် ပိတ်သိမ်းခံရတာ၊ လူတွေနဲ့ တွေ့ ဆုံခွင့် မရဘဲ တစ်ပါးတည်း နေခဲ့ရတာမျိုး စတဲ့ ဝေဒနာတွေ စိတ်မှာရော ခန္ဓာမှာပါ သူခံစားခဲ့ရပါတယ်။ သို့တော်လည်း ပါဒြေပီးအို ဟာ  ဒီဝေဒနာ တွေ အားလုံးကို အံကြိတ်ပြီး ခရစ်တော်ဘုရားနဲ့ အတတူ ခံ ထမ်းဆောင်လာခဲ့ပါတယ်။

ယနေ့ မြန်မာပြည်ကြီး လို့ပြောရင် ကျွန်ုပ်တို့ ဒုက္ခမျိုးစုံ ကြုံနေကြရပါတယ်။ အိုးမဲ့ အိမ်မဲ့၊ အိမ်စွန့်၊ ခြံစွန့် ထွက်ပြေးနေရတာတွေ၊ စားစရာတွေ၊ ချွတ်ချုံကျနေတာတွေ၊ အနာဂတ်တွေ က ဘယ်မှာမှန်း မသိတဲ့ အကျပ်အတည်းတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ ရောဂါဘယတွေ များစွာ ကျွန်ုပ်တို့ ခံစားနေရပါတယ်။

ညီအစ်ကိုမောင်နှမတို့ ပါဒြေပီးအို ဟာ ကရုဏာတရား အင်မတန် ကြီးမားတဲ့ ပုဂ္ဂိုလ်တော်များ ဖြစ်ပါ တယ်။ ယုံကြည်သူများကို လွတ်မြောက်ခြင်း ပေးဖို့ တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ ၁၆ နာရီ တိတိ အပတ်ဖြေ နားထောင်လေ့ရှိပါတယ်။ စဉ်းစားကြည့်ပါ၊ တစ်ရက်တစ်ရက်မှာ ၁၆ နာရီ လူတွေ အပတ် ဖြေနိုင်အောင် တဲ့ ၁၆ နာရီ တိတိ အပတ်ဖြေတဲ့ နေရာမှာ အပတ်ဖြေ နားထောင်ပေးတဲ့ နေရာမှာ ထိုင်ပြီး လူတွေရဲ့ ဝိညာဉ် လူတွေရဲ့ နှလုံးသား လူတွေရဲ့ ခန္ဓာမှာ စွဲနေတဲ့ အပြစ် အပေါင်း ကို သက်သာပါ စေ ကြောင်း အပစ်ခွင့်လွှတ်ခြင်းကို ပေးတော့ ပေးခဲ့ပါတယ်။

ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ ဆုတောင်းပါ၊ ဆုတောင်းခြင်း ဟာ အားနည်းသူတွေ ရဲ့ ထွက်ပေါက် မဟုတ်ပါဘူး။ ယုံကြည်သူတို့ ရဲ့ ခွန်အားတာ ဖြစ်ပါတယ်။ ဒုက္ခဆင်းရဲခြင်းများ မှာ ကိုယ်စီရဲ့ လက်ဝါးကပ် တိုင်တော်များ မှာ ခရစ်တော်ဘုရား နဲ့ အတူခံထမ်းပြီး ပါဒြေပီးအို ကို ကြည်ညိုတဲ့ ယုံကြည်သူ သားသမီး များ ဖြစ်နိုင်ကြပါစေ။

Ruth Mary (ဆင်လမ်းကျေးရွာ)

ပထမဆုံးအနေနဲ့ ဒီလိုကိုယ့်ရဲ့ကျေးရွာမှာ ခုလိုနိုင်ငံလုံးဆိုင်ရာဘုရားဖူးနေရာ ရှိနေတာကို အတိုင်းမသိ ဝမ်းသာတယ်။  ဒီမှာ ပွဲ က နှစ်စဉ်နဲ့အမျှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်တဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ ပြီးတော့ ဒီရဟန္တာပါဒြေပီးအိုထံ ဆုတောင်းရင်ပြည့်မယ်လို့လည်းယုံကြည်ပါတယ်။ နိုဗီနာ အစနနေ ယနေ့ပွဲနေ့ထိနေ့တိုင်းမစ္ဆားတရားလာပါဝင်ဖြစ်တယ် ကျွန်မကဒီနှလုံးနဲ့ဆိုင်တဲ့ ရောဂါ ဖြစ်နေတော့ အဓိကတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးရည်ရွယ်ချက်ထားပြီး ဆုတောင်းဖြစ်ပါတယ်။ နောက် ပြီး အလုပ်အကိုင်  အဆင်ပြေဖို့ လည်းတောင်းဖြစ်ပါတယ်။

ပက်ထရစ်ရှာ (ပြင်ဦးလွင်မြို့)

ကျွန်မ ဒီပါဒြေပီးအိုပွဲကိုနှစ်တိုင်းလာဖြစ်တယ် အဓိကတော့ကျန်းမာရေးပိုင်းဆိုင်ရာဆုတောင်းတယ် ပြီး တော့ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေ ကနေကင်းဖို့လည်း ဒီပါဒြေပီးအိုထံဆိုတောင်းပါတယ်။ ဒီပွဲနေ့ရောက်ပြီးဆို မလာပဲနဲ့ကိုမနေနိုင်ဘူး ဒီမှာလာပြိးဆုတောင်းရတာစိတ်ကြည်နူးတယ်။ ပွဲရက်မှ မဟုတ်ဘူး ကြားအချိန်မှာလည်း တစ်ခါတလေလာပြီး စိပ်ပုတီးစိပ်ဆုတောင်းတာတွေ လုပ်ဖြစ်ပါတယ်။ ဆရာတော်ကြီးဩဝါဒမှာပြောသွားသလို ပါဒြေပီးအိုက သူဘယ်လောက်ပဲ ဒဏ်ရာတွေနှင့်နာကျင်ပါ ပါစေ၊ ညည်းညူခြင်းမရှိပဲ ဘုရားသခင်ရဲ့အမှုတော်ကိုထမ်းဆောင်ခဲ့တယ်ဆိုတာ။ နားထောင်ရင်း ခွန် အား ရပါတယ် ကျွန်မသာဆို ဒီလိုသည်းခံခွင့်လွတ်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတယ်။

Regina (ပြင်ဦးလွင်)

ဒီနေ့လည်းပြန်လာခွင့်ရတဲ့အတွက်ပျော်ပါတယ် အရင်ကဟိုဘက်မိုင်နာကျောင်းမှာ စတင်ကျင်းပ က တည်းနှစ်တိုင်လာဖြစ်တယ်။ ဒီဘက်ပြောင်းလာတော့လည်း ဝေးပေမဲ့ ရအောင် ကြိုးစားပြီး လာခဲ့တယ်။

ပါဒြေပီးအိုထံ ဆုတောင်းခြင်းအားဖြင့် အကျိုးခံစားရမယ်ဆိုတာယုံကြည်ပါတယ်။ လက်တွေ့ ခံစားရ တာကိုပြောရမယ်ဆိုရင် အရင်လထဲမှာ အိမ်က အရေးကြီးတဲ့ပစ္စည်းလေး တစ်ခု ပျောက်သွားလို့ ရဟန္တာပါဒြေပီးအိုထံစိပ်ပုတီးလေးစိပ်ပြီး ဆု တောင်းတယ် သိပ်မကြာခင်မှာ မိတ်ဆွေတွေရဲ့အဆက် အသွယ်နဲ့ အဲ့ဒီပစ္စည်း ပြန်ရရှိခဲ့တယ်။ ပြီးတော့ပါဒြေပီးအိုရဲ့ လုပ်ဆောင်ကျင့်ကြံနေထိုင်ပုံတွေကို ပြန် လည်းကြားရသိရတော့ အဲ့ဒီအချက်တွေကို အတုယူပြီ ကိုယ့်ရဲ့ဘဝ ရှေလျှောက်မှာ ဘယ်လိုနေထိုင်း သွားရမယ်ဆိုတာကို လည်း အသိတရားတွေရစေပါတယ်။

Mary Thomas (မန္တလေးမြို့)

ဒီပါဒြေပီးအို ပွဲ ကိုလာတာ ဒါ ပထမ အကြိမ်ပဲ၊  ဒီပါဒြပီးအိုကျောင်းကို ရောက်လာတော့ လည်း ပျော်ရွှင် ရပါတယ်။ အန်တီဒီရောက်တာနဲ့ ပထမဆုံးဆုတောင်းတာက မြန်မာနိုင်ငံကြီး  အမြန်ဆုံး အေး ချမ်းဖို့နှင့်  တစ်ကမ္ဘာလုံး လည်း အေးချမ်းစေဖို့၊ စစ်ပွဲတွေရပ်သွားဖို့ဆိုပြီးတော့ အဲ့ဒီ ဟာ အဓိက ထား ပြီး တော့ ဆုတောင်းပေးပါတယ်။

 ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ဆိုရင် အဓိက ကျန်းမာရေး ကောင်းဖို့ ၊ ကျန်းမာရေး ကောင်းရင် ဘယ်နေရာ ဖြစ်ဖြစ် သွားနိုင်သွားနိုင်လာနိုင်တယ်လေး။ နောက်အဝေးမှာ ရှိတဲ့ သမီးလေး ကို လည်း သူ ရည် မှန်းထားတဲ့ ဟာတွေ လည်း အောင်မြင်သွားဖို့ ပါဒြပီးအိုကို အားကိုးပြီး ယုံကြည်ပြီး တော့ လာဆု တောင်းတာပါ။ ဒီနေ့မှာ ဒီပါဒြေပီးအိုဘုရားဖူးဌာနကို  ရောက်လာနိုင်တဲ့အတွက် ဘုရားကို အထူး ကျေး ဇူး တင်တယ်၊ ရဟန္တာပါဒြပီးအို လည်း ကျွန်မတို့ မိသားစုကို ဆက်လက် ပြီး တော့ စောင့်ရှောက်ပေးပါ လို့ ဆုတောင်းချင်တယ်။

rvamyanmar
rvamyanmar
Articles: 4260

Leave a Reply

Your email address will not be published. Required fields are marked *