“လူသားထု၏ အနာဂတ်သည် ပိုမိုလူသားဆန်သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ကျွန်ုပ် တို့၏ ကတိကဝတ်အပေါ် မူတည်နေသည်။”

စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် အပတ်စဉ် လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် Gaudium et spes စာတမ်းပါ သွန်သင်ချက်များကို ဆက်လက်ဟောကြားခဲ့ပြီး၊ ယနေ့လျင်မြန်စွာ ပြောင်း လဲနေသော ကမ္ဘာကြီးတွင် လူသားချင်း ဆက်သွယ်မှု၊ တာဝန်ယူမှုနှင့် အပြန်အလှန် လေးစားမှုတို့၏ အရေးပါပုံကို အလေးပေး မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များမှာ –

အယ်လဂိုရီသမ်များထက် လူသားများကို ဦးစားပေးရန်

နည်းပညာ၊ လူမှုကွန်ရက်နှင့် AI တိုးတက်မှုများသည် အခွင့်အလမ်းသစ်များ ဖန်တီးပေးကာ အကွာအ ဝေးများကို နီးကပ်စေသော်လည်း၊ လူသားများ၏ အသိစိတ်ဓာတ်ဖြင့်သာ ဆုံးဖြတ်ရမည့်အရာများကို အယ်လဂိုရီသမ်များပေါ် လွှဲအပ်လာသည့် အန္တရာယ်ကို ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့သည်။ စစ်မှန် သော တိုးတက်မှုသည် နက်ရှိုင်းပြီး စာနာနားလည်မှုရှိသော လူချင်းဆက်ဆံရေးအပေါ်၌သာ အခြေခံ သည်။

အပြန်အလှန် မှီခိုမှုနှင့် ညီအစ်ကိုရင်းချာ စိတ်ဓာတ်

ကျွန်ုပ်တို့သည် လူသားမိသားစုတစ်ခုတည်း ဖြစ်ကြသည်။ ဘုရားသခင်နှင့် ကိုနှင့်နီးစပ်သောသူတို့ကို ချစ် ခြင်းသည် အကြီးမြတ်ဆုံးသော ပညတ်တော်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထပ်လောင်း မိန့်ကြားခဲ့ ပြီး၊ အတ္တဆန်သော စိတ်ဓာတ်များကို စွန့်လွှတ်ကာ မျှဝေခြင်း၊ ဂရုစိုက်ခြင်းနှင့် အပြန်အလှန် ကူညီ ခြင်း တို့ကို လက်ခံကျင့်သုံးကြရန် တိုက်တွန်းခဲ့သည်။

လူ့ဂုဏ်သိက္ခာနှင့် လူမှုတရားမျှတမှု

လူမှုရေး အဖွဲ့အစည်း အားလုံးသည် လူသား၏ ကောင်းကျိုးကို ဦးတည်ရမည်။ မည်သည့် ခွဲခြားဆက် ဆံမှု သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ချိုးဖောက်မှုကိုမဆို ပပျောက်အောင် လုပ်ဆောင်ရမည်ဟု ပုပ်ရဟန်း မင်းကြီးက အလေးအနက် ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် မှီခိုမှုကို အသိအမှတ်ပြုခြင်း ဆို သည်မှာ အများကောင်းကျိုးအတွက် အုပ်စုတိုင်း၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းကို ဆိုလို သည်။

လက်တွေ့ လုပ်ဆောင်ရန် နှိုးဆော်ချက်

ယနေ့ခေတ် လူမှုရေးနှင့် နိုင်ငံရေး အခြေအနေများကို အကဲဖြတ်ရာတွင် လူ့ဂုဏ်သိက္ခာဆိုသည့် ရှင်း လင်းသော စံနှုန်းတစ်ခု လိုအပ်သည်။ ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ခြင်းသည် ဘုရား သခင်နှင့် ကျွန်ုပ်တို့ကြား ပူးပေါင်းဆောင်ရွက်ရမည့် သမိုင်းပေးတာဝန် ဖြစ်သည်။

“ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ပိုမိုစစ်မှန်ပြီး လူသားဗဟိုပြုသော ဆက်ဆံရေးများကို မည်သို့ပျိုး ထောင် နိုင်မည်နည်း။”

#PopeLeo #Vatican #GaudiumEtSpes #HumanDignity #CommonGood #FaithInAction #CatholicNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-09/pope-humanity-future-depends-collaboration-building-humane-world.html

rvamyanmar
rvamyanmar
Articles: 4244

Leave a Reply

Your email address will not be published. Required fields are marked *