
အနောက်အာဖရိက လူငယ်များနေ့ – ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်းကို ဖော်ဆောင်မည့် ၅ ရက်တာ ခရီး စဉ်။

၂၀၂၆ အနောက်အာဖရိက လူငယ်များနေ့ (JOAJ) အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့က ဂါနာ နိုင်ငံ၊ အာကရာမြို့၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ လာမည့် ၄ ရက်တာအတွင်း အနောက်အာဖရိက ၁၆ နိုင်ငံမှ ကက်သလစ်လူငယ်များသည် “သတ္တိမွေးကြပါ – ကက်သလစ်လူငယ်များ၊ အနောက်အာဖရိ က၌ ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်းကို ဖော်ဆောင်သူများနှင့် မြှင့်တင်ပေးသူများ” ဆိုသည့် ဆောင်ပုဒ် အောက်တွင် စုဝေးကြမည်ဖြစ်သည်။
ပထမနေ့တွင် ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့များကို ကြိုဆိုခြင်းနှင့် ဂါနာ၏ ယဉ်ကျေးမှုကို လေ့ လာခြင်းများ ပြုလုပ်ကြပြီး၊ ကြိုဆိုပွဲ အခမ်းအနားနှင့်အတူ ကိုယ်တော် မြတ်ရင်ပြင်၌ စိပ်ပုတီးစိပ် ဆုတောင်းခြင်းတို့ဖြင့် တရက်တာကို အဆုံးသတ်ခဲ့သည်။
ဒုတိယနေ့ (စက်တင်ဘာ ၈ ရက်) တွင် လူငယ်များသည် “ယုံကြည်ခြင်း၌ အမြစ်တွယ်၍ ရဲရင့်စွာ သက် သေခံခြင်း” ခေါင်းစဉ်ဖြင့် ယုံကြည်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြ သည်။ မစ္ဆားတရားတော်မြတ်အပြီးတွင် “ဒစ်ဂျစ်တယ် နည်းပညာဖြင့် သာသနာပြုခြင်း” ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး၊ ညနေပိုင်းတွင် တိုင်းပြည်အသီးသီးမှ ရိုးရာဂီတ၊ အကအလှများနှင့် အနုပညာများကို တင် ဆက်ခဲ့ကြသည်။
တတိယနေ့ (စက်တင်ဘာ ၉ ရက်) တွင် “သာသနာပြုရန် ခွန်အားဖြည့်ဆည်းခြင်း” ခေါင်းစဉ်ဖြင့် ခေါင်း ဆောင်မှုနှင့် လူမှုအကျိုးပြု လုပ်ငန်းများကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။ ဆရာတော်များ နှင့်အတူ မေတ္တာရပ်ခံ ဆွေးနွေးပွဲများအပြင်၊ အာဖရိကဒေသတွင်း အကြမ်းဖက်မှုနှင့် ပဋိပက္ခများ ပပျောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုများတွင် လူငယ်များ ၏ အခန်းကဏ္ဍကို ဆွေးနွေးကြမည်ဖြစ်သည်။
စတုတ္ထနေ့ (စက်တင်ဘာ ၁၀ ရက်) တွင် “ယုံကြည်ခြင်းနှင့် အပြိုင် လျှောက်လှမ်းခြင်း” ဟူသော ဆောင် ပုဒ်ဖြင့် ဘုရားဖူးခြင်းနှင့် စာနာထောက်ထားမှု အထိမ်းအမှတ်နေ့အဖြစ် ကျင်းပမည် ဖြစ်သည်။ အာက ရာမြို့ရှိ ဘုရားကျောင်းတစ်ခု၌ မယ်တော်မာရီယားအား “ငြိမ်းချမ်းရေး၏ မိခင်ကြီး” အဖြစ် ပူဇော်ကာ နောင်တရခြင်းနှင့် ကိုယ်တော်မြတ်စက္ကရမင်တူး ခံယူခြင်းတို့ကို ပြုလုပ်ကြမည်ဖြစ်သည်။
ပဉ္စမနေ့ (စက်တင်ဘာ ၁၁ ရက်) တွင် “မျှော်လင့်ချက်များ ပွင့်လန်းစေရန် သွားရောက်ကူညီပါ” ဆိုသည့် ခေါင်းစဉ်ဖြင့် သာသနာပြုရန် စေလွှတ်ခြင်း အခမ်းအနား ကျင်းပမည်ဖြစ်သည်။ ဂါနာနိုင်ငံဆိုင်ရာ ပုပ်ရ ဟန်းမင်းကြီး၏ သံအမတ် ဂိုဏ်းချုပ်ဆရာတော် ဂျူးလီယန် ကာဘိုရေး က ဦးဆောင်၍ ပိတ်ပွဲ မစ္ဆား တရားတော်မြတ်ကို ကျင်းပပေးမည်ဖြစ်သည်။
စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် လူငယ်များသည် ငြိမ်းချမ်းရေး၊ မျှော်လင့်ခြင်းနှင့် ပြန်လည် သင့် မြတ်ခြင်း သဝဏ်လွှာများကို ကိုယ်စီပုခုံးထက်၌ ထမ်းပိုးကာ မိမိတို့၏ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက် ခွာကြမည်ဖြစ်သည်။
Website: rvamyanmar.org
/ @rvamyanmar8152
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/west-african-youth-days…
#WestAfricaYouthDays#JOAJ2026#VaticanNews #MyanmarCatholic
See less



