မန္တလေးသာသနာတွင်းရှိ ကက်သလစ် အမျိုးသမီးကော်မရှင် ဖွဲ့စည်းခြင်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာနယ်အတွင်းရှိ သာသနာအုပ်စုအသီးသီးမှ ကက်သလစ်အမျိုး သမီးကော်မရှင်၏(၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမစ္ဆားတရားကို မန္တလေးမြို့၊ ကာသီဒြယ် ရွှေနှ လုံးတော်ဘုရားကျောင်း၌ (၂၂.၈.၂၀၂၆) စနေနေ့ နံနက် ၈:ဝဝ နာရီအချိန်တွင် ဘုန်းတော်ကြီး Fr. Paul Thet Khaing မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

ကက်သလစ်အမျိုးသမီးများကော်မရှင်ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကု ဦးတင်ဝင်း၏လမ်းညွန်မှုဖြင့် ၁၅.၈.၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်အမျိုး သမီးကော်မရှင်၏တာဝန်းခံ Sr. Assumta Shwe (RGS) နှင့်အဖွဲ့ဝင်များက လာရောက်ဖွဲ့စည်းပေးခဲ့ ပါသည်။ စတင်ဖွဲ့စည်းစဉ်က လူဦးရေ (၂၀) လောက်နဲ့စတင်ခဲ့ပေမဲ့ ယခုချိန်တွင် အဖွဲ့ဝင် ရာကျော်ရှိပြီး သာသနာစီရင်စုအသီးသီးမှာလည်း သာသာနာပြု ကက်သလစ်အမျိုးသမီးကော်မရှင်များကိုဖွဲ့စည်း ထားနိုင်ပြီး စုစုပေါင်း အဖွဲ့(၁၂)ဖွဲ့လောက်ရှိပြီးဟု မန္တလေားကက်သလစ် အမျိုးသမီးကော်မရှင်၏ ဒါရိုက်တာ ဆရာ Freddy ဦးစိုးနိုင်မှ ပြောကြားခဲ့ပါသည်။

မစ္ဆားတရား၌ ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှဩဝါဒမြွက်ကြားရာမှာ

“သင်တို့ကဘုရားရဲ့အမှုတော်ကို တစ်ထောင့်တစ်နေရာကနေပြီးတာဝန်ထမ်းဆောင်နေကြတဲ့အချိန်မှာ အစေခံသောခေါင်းဆောင်ခြင်းတွေနဲ့ ဦးဆောင်ဖို့လိုအပ်ပါတယ်။ အများကိုအစေခံတဲ့အချိန်မှာ မေတ္တာ တရားတွေ၊ နိမ့်ချခြင်းတွေ၊ သည်းခံခြင်းတွေစတဲ့စိတ်ကိုအရင်းခံပြီးဆက်ကပ်ကြရမယ်။

လူ့ပတ်ဝန်းကျင်ကို မယ်တော်ကဲ့သို့ နိမ့်ချစွာအစေခံတဲ့စိတ်နဲ့ဆက်ကပ်ကြဖို့ခွန်အားပေးချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာယုံကြည်ခြင်းကို မကြောက်မရွံ့သက်သေခံနိုင်တဲ့အဖွဲ့အစည်းဖြစ်ရမယ်။ တစ်ရက် ထက်တစ်ရက်ဘုရားကို ပိုပိုပြီးယုံကြည်လာအောင်မိမိရဲ့ စိတ်တွေကိုအမြဲတမ်းလေ့ကျင့်ပျိုး ထောင်ထာ ရမှာဖြစ်တယ်။ အမျိုးသမီးတွေရဲ့ကဏ္ဍတွေက အသင်းတော်သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာ ရော အများ ကြီးလေးစားစရာကောင်းတဲ့ အင်အားရှိတဲ့ ခွန်အားရှိတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။

ယနေ့အချိန်မှာ အမျိုးသမီးတွေလည်းအမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး လုပ်ဆောင်နေတာအများကြီး ပဲဒါကြောင့် အားငယ်စရာမလိုဘူး သင်တို့မှာ လုပ်နိုင်တဲ့အရည်အချင်းတွေအများကြီးရှိတယ် လုပ်နိုင်တဲ့ ခွန်အားတွေလည်းအများကြီးရှိတယ်။ ဒါကြောင့်ဒီကနေ့သင်တို့သည်ယုံကြည်ခြင်းကို သက်သေခံနိုင်တဲ့ အဖွဲ့အစည်းဖြစ်အောင်ဆက်ပြီးရပ်တည်ကြဖို့ခွန်အားပေးချင်ပါတယ်။” ဟုမြွက်ကြားခဲ့ပါတယ်။

Fr. Paul Thet Khaing (ဝိညာဉ်လမ်းညွန်)

ကက်သလစ်အမျိုးသမီးကော်မရှင်ဆိုတာမယ်တော်ကို စံနမူနာယူပြီးကြိုးစားနေကြတဲ့သူတွေဖြစ်ပါ တယ်။သာသနာတော်ရဲ့ သာသနာပြုအခန်းကဏ္ဍတွေမှာ ဒီအမျိုးသမီးကော်မရှင်တွေအများကြီး ပါဝင် ဆက်ကပ်ရတာဂုဏ်ယူစရာဖြစ်တယ်။အမျိုးသမီးတွေဆိုတာ အိမ်တွင်းသာသနာပြုသူတွေလည်းဖြစ် တယ် သားသမီးတွေကို ဘုရားတရားနဲ့နီးစပ်အောင် စတင်ပေးတာလည်းမိခင်တွေပဲ။ မူရင်းကောင်းမှ မိတ္တူကောင်းမယ် ဆိုတဲ့စကားအတိုင်း ဒီကနေ့ ကက်သလစ်အမျိုးသမီးကော်မရှင်ထဲမှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာလည်း အဲ့ဒီမိတ္တူတွေထဲက တစ်စိပ်တစ်ပိုင်းဖြစ်တယ်။

မိခင်က မိသားစုမှာကောင်မွန်တဲ့အမူအကျင့်တွေနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ခဲ့ရင်နောင်တစ်ချိန် ဒိသားသမီးတွေကလည်း လိမ္မာယဉ်ကျေးပြီးဘုရားတရား ကိုင်းရှိုင်းတဲ့သူတွေဖြစ်လာမှာဖြစ်တယ်။ ဒါကြောင့်ကက်သလစ်အမျိုးသမီးကော်မရှင် မှာပါဝင်ခွင့်ရပြီး ဆက်ကပ်ခွင့်ရခြင်းက သာသနာပြုခွင့်ရ တာနဲ့အတူတူဖြစ်တဲ့အတွက်ဂုဏ်ယူပါ။ ပိုပြီးဆက်ကပ်နိုင်အောင်ကြိုးစားပါ မယ်တော်ကို အတုယူပြီး မိမိရဲ့မိသားစု မိမိပတ်ဝန်းကျင်ကို ပုံသက်သေကောင်းပြနိုင်တဲ့ အမျိုးသမီးတစ်ယောက်၊ မိခင်တစ် ယောက်ဖြစ်အောင် ဆက်ပြီးကြိုးစားကြပါစို့။

Sr. Assumta Shwe (RGS) မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်အမျိုးသမီးကော်မရှင် တာဝန်ခံ)

ကျွန်မတို့ဒီအဖွဲ့အစည်းဟာ ကက်သလစ်အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့အတွက် ကက်သလစ်ရဲ့ လမ်း ညွန်မှုအောက်မှာ ဆရာတော်တွေ၊ ဘုန်းတော်ကြီးတွေ သာသနာအကျိုးဆောင်တွေ အားလုံးနှင့် လက်တွဲ ပြီးသာသနာ့အကျိုးလှုပ်ရှားရမှာဖြစ်တယ်။ သီးသန့်အမည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်ဘူး ဒီ အသင်းတော်ရဲ့လိုအပ်တဲ့ကဏ္ဍတိုင်းမှာ တစ်ဦးတစ်ယောက်ချင်းက ကိုယ့်စီမှာရှိတဲ့ပါရမီနှင့် ဘုရားရဲ့ ကျေးဇူးတော်နဲ့ပေါင်းစပ်ပြီးသာသနာမှာ ဆက်ကပ်နေတာဖြစ်တယ်။

မယ်တော်လိုနိမ့်ချရတဲ့စိတ်နဲ့အစေခံရမယ်လို့ပြောတဲ့အခါ ကျွန်မတို့က တစ်ခါတလေ နိမ့်ချခြင်းကို အဓိပ္ပာယ်ယူမှားတတ်ကြပါတယ်။ နိမ့်ချတယ်ဆိုပြီး ငါဘာမှမသိဘူး ဘာမှမတတ်ဘူးဆိုပြီး သိမ်ငယ် နေတာက နိမ့်ချနေတာမဟုတ်ဘူး။ အဲဒါအကြီးများဆုံမာနဖြစ်တယ် တကယ်စစ်မှန်သောနိမ့်ချခြင်းဆို တာ ကိုယ့်စီမှာ ဘာအရည်အချင်းရှိလဲ ဘာလုပ်နိုင်လဲ ကိုယ့်ရဲ့အားသာချက်ကဘာလဲ အားနည်းချက်က ဘာလဲ။ ဥပမာ-ကိုယ်ကချက်ပြုတ်တဲ့နေရာတော်လား ဟောပြောတဲ့နေရာတော်လား တစ်ခါတလေကြ ရင်ကျွန်မတို့မတတ်တာရှိတယ် အဲလိုမတတ်ဘူးဆိုရင် ဒါတော့ငါမတတ်ဘူးငါကို ကူပေးပါဆိုပြီး ပွင့် လင့်စွာပြောလိုက်ပါ။ အဲ့ဒါကစစ်မှန်သောနိမ့်ချခြင်းလို့ခေါ်တယ် နိမ့်ချခြင်းဆိုတဲ့စကားလုံးကိုခွဲခြားသိဖို့ လိုတယ်။

စစ်မှန်သောနိမ့်ချခြင်းသည် ကိုယ့်ကိုယ်ကို အရှိကိုအရှိအတိုင်း သိပြီးတော့ အရှိကိုအရှိအတိုင်း လက်ခံ တဲ့လူက စစ်မှန်တဲ့နိမ့်ချခြင်းကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုသိမှ ကိုကအသင်းတော်ကို ဘယ်လိုပုံစံနဲ့ဆက်ကပ်နိုင်မယ်ဆိုတာပါ သိမှာဖြစ်တယ်။

ဒေါ်နီလာ (မန္တလေးကက်သလစ်အမျိုးသမီးကော်မရှင်ဥက္ကဌ)

ကျွန်မတို့ဒီမန္တလေးသာသနာမှ ကက်သလစ်အမျိုးသမီးကော်မရှင်ရဲ့ ခြောက်နှစ်သာလမ်းခရီးရောက် လာတဲ့အတွက်ပထမ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ ဒီခြောက်နှစ်အတွင်းကျွန်မတို့ သာသနာပြု ဆက်ကပ်လုပ်ဆောင်တဲ့ ခရီးစဉ်မှာကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တာရှိသလို လိုအပ်ချက်တွေလည်း ရှိခဲ့မှာသေချာတယ်။ ဆက်လက်ပြီးတော့ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့သာသနာရဲ့ လိုအပ်တဲ့နေရာတွေမှာ ပါ ဝင် ဆက်ကပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။

Freddy ဦးစိုးနိုင်

စတင်ဖွဲ့စည်းတုန်းကတော့ ကျွန်တော်တို့ ဒီ စုစုပေါင်း ၁၃ ဦးနဲ့ပဲအမျိုးသမီးကော်မရှင် ဖွဲ့စည်းခဲ့တယ် ။ နောက်မှ parish တစ်ခုချင်း တစ်ခုချင်းစီကို ဖွဲ့စည်းခဲ့တယ်။ နောက်ခါ အမရပူရ၊  ပြင်ဦးလွင်၊ ဇော်ဂျီ၊ မြစ်ငယ် ၊ မြောက်ကိုင်း စသဖြင့် အဲဒီအဖွဲ့တွေကိုလည်း ဖွဲ့စည်းခဲ့ပြီးတော့ အခု ဒီ ၆ နှစ်ကာလအတွင်းမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အဖွဲ့စည်း အရေအတွက်ရော၊ လူဦးရေ အရေ အတွက်ရော၊ နောက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အရရော  အများကြီး တိုးတက်မှုတွေ ရှိခဲ့တယ်။

အဲဒီ ၆ နှစ်အတွင်းမှာ  တိုးတက်မှု ကို ပြန်ကြည့်မယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့၊ အမျိုးသမီးတစ် ယောက်အနေနဲ့ ကိုယ့်သားသမီးတွေကို ပြုစုပျိုးထောင်ရမယ့် ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အကြောင်း ကိုကောင်းကောင်းသိလာပြီးတော့မှ ကိုယ့်မိသားစုအတွင်းမှာ၊ ကိုယ့်သာသနာအုပ်စုအတွင်းမှာ သူတို့ လေ့လာမိသလောက် လုပ်ဆောင်လာတာ တွေ့ရတယ်။

အမျိုးသမီးတွေဟာ တကယ့်ကို သာသနာတော်ကြီးနဲ့ မိသားစုတွေအတွက် အရမ်း အားကိုးရတဲ့သူတွေ ဖြစ်တယ်။ သူတို့တွေက တစ်ခါတစ်လေမှာ ရှေ့တန်းကိုမ ထွက်ပေမဲ့ နောက်ကနေပြီးတော့မှ သာသနာ အတွက် ဆုတောင်းပေးကြတယ်၊ ရဟန်းဘုန်းတော်ကြီးတွေ ဆရာတော်တွေအတွက်၊ သာသနာ့လုပ်ငန်း တွေအတွက် ဆုတောင်းပေးကြတယ်။ အဲဒါကြောင့်မို့ သာသနာတော်ကြီးနဲ့ မိသားစု တွေအတွင်းမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ မရှိမဖြစ် အရေးကြီးတယ်၊ ဆက်လက်ပြီးတော့မှ သူတို့တွေရဲ့ လုပ်ဆောင် မှုတွေ ဆက်လက် လိုအပ်နေတယ် ဆိုတဲ့အကြောင်းကို ပြောကြားချင်ပါတယ် ပေါ့နော်။

rvamyanmar
rvamyanmar
Articles: 4183

Leave a Reply

Your email address will not be published. Required fields are marked *