
“သခင်ဘုရား၌ ခွန်အားယူ၍ ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြပါ”

ဩဂုတ်လ ၂၄ ရက် တနင်္လာနေ့က ဗာတီကန်တွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပေါ်တူဂီ စစ်ဘက်ဆိုင်ရာ သာသနာပြုအဖွဲ့ (Military Ordinariate of Portugal) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် ဩဂုတ်လ ၂၁ ရက်နေ့က လမ်းပေါ်တွင် အကူအညီလိုအပ်နေသည့် ယာဉ်မောင်း တစ်ဦးကို ရပ်တန့်ကူညီပေးရင်း ကြေကွဲဖွယ် ကွယ်လွန်သွားခဲ့ရသည့် လူငယ်စစ်သည် တော်နှစ်ဦး အတွက် ဆုတောင်းပေးခဲ့ပြီး ၎င်းတို့၏ “ကောင်းမြတ်သော စမာရီတန်” ကဲ့သို့ စိတ်ဓာတ်ကို ချီးကျူး ဂုဏ်ပြုခဲ့သည်။
အဆိုပါအဖွဲ့သည် စစ်ဘက်ဆိုင်ရာ သာသနာပြုနယ်မြေ တည်ထောင်သည့် နှစ် ၆၀ ပြည့် အပါအဝင် အထိမ်းအမှတ် နှစ်ပတ်လည်ပွဲကို ဆင်နွှဲရန် ရောမမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များ-
�မြင့်မြတ်သော သာသနာပြုလုပ်ငန်း၊ �နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်း၊ တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းခြင်းနှင့် ပြည်သူများကို မတရားမှုများမှ ကာကွယ်စောင့်ရှောက်ခြင်းသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အားလုံးအတွက် မြင့်မြတ်သော တာဝန်တစ်ခုဖြစ်ကြောင်း ပုပ်ရဟန်းမင်း ကြီးက အလေးပေးပြောကြားခဲ့သည်။
�နှိမ့်ချခြင်း၏ သတ္တိ: �ရောမ တပ်မှူးတစ်ဦး၏ ဧဝံဂေလိဇာတ်ကြောင်းကို ကိုးကား၍ စစ်မှန်သော ခွန်အားအတွက် ဘုရားသခင်ကို လိုအပ်ကြောင်း အသိအမှတ်ပြုခြင်းမှ လာကြောင်း ထောက်ပြခဲ့သည်။ အာဏာရှိသူများပင်လျှင် မိမိတို့၏ တာဝန်ထမ်းဆောင်မှုကို နှိမ့်ချမှု၊ စည်းကမ်းရှိမှုနှင့် ယုံကြည်ခြင်း တို့ပေါ်တွင် အခြေခံရမည်ဖြစ်သည်။
�သခင်ဘုရား၌ ခွန်အားယူခြင်း �ဧဖက်သြဝါဒစာပါ ရှင်ပေါလု၏ နှုတ်စာစောင်ကို ကိုးကား၍ စစ်သည် တော်များအနေဖြင့် အမှန် တရားနှင့် ဖြောင့်မတ်ခြင်း၌ တည်ရှိပြီး တာဝန်များကို ထမ်းဆောင်ရန် ခရစ် တော်ထံမှ အဆုံးစွန်သော ခွန်အားကို ယူကြရန် တိုက်တွန်းခဲ့သည်။
�စစ်ဘက် ဆိုင်ရာ အမှုထမ်းဘုန်းတော်ကြီးများသို့ သတင်းစကား: �စစ်ဘက် ဆိုင်ရာ အမှုထမ်းဘုန်း တော်ကြီးများ (Chaplains) ၏ ဆက်ကပ်ကူညီမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် တပ်ဖွဲ့ဝင်များနှင့် မိသားစု များအတွက် ဝိညာဉ်ရေးရာ လမ်းပြပေးခြင်း၊ နှစ်သိမ့်မှုပေးခြင်းနှင့် စက္ကရမင်းတူးမင်္ဂလာများ ဆောင်ရွက် ပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်ကြရန် အားပေးခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပေါ်တူဂီ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် အားလုံးကို ဖာတီမာ မယ် တော်၏ စောင့်ရှောက်မှုအောက်သို့ အပ်နှံဆုတောင်းပေးရင်း မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။
Website: rvamyanmar.org
/ @rvamyanmar8152
#PopeLeoXIV#VaticanNews#MilitaryOrdinariate#Portugal#FaithInAction#GoodSamaritan#CatholicFaith
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/pope-leo-military…
See less



