
အားကစားပြိုင်ပွဲသည် “ငြိမ်းချမ်းရေးနှင့် ညီအစ်ကိုရင်းချာ စိတ်ဓာတ်တို့၏ မြော်မြင်မှု” ဖြစ်လာရန် မျှော်လင့်။

ဩဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အီတလီနိုင်ငံ တာရန်တို (Taranto) မြို့တွင် ကျင်း ပမည့် နှစ် (၂၀) မြောက် အာရှ၊ အာဖရိကနှင့် ဥရောပ နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင် ယှဉ်ပြိုင်မည့် မြေထဲပင် လယ် အားကစားပြိုင်ပွဲ (Mediterranean Games) သို့ ဗာတီကန် အားကစားအဖွဲ့ (Athletica Vaticana) မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အဆိုပါ ပြိုင်ပွဲသည် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခု ဖြစ်လာစေရန် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဆုတောင်းစကား ဆိုလိုက်ပါသည်။
တနင်္ဂနွေနေ့ Angelus မေတ္တာဆိုပွဲတွင် ပုပ်ရဟန်းမင်းကြီးက “ဒီသီတင်းပတ်မှာ ကျင်းပတော့မယ့် မြေထဲပင်လယ် အားကစားပြိုင်ပွဲဟာ ဒေသတွင်း သာမက တစ်ကမ္ဘာလုံးက ပြည်သူတွေကြား ငြိမ်းချမ်း ရေးနဲ့ ညီအစ်ကိုရင်းချာ စိတ်ဓာတ်ကို ဖော်ဆောင်ပေးနိုင်မယ့် ပရောဖက်ပြုချက်တစ်ခု ဖြစ်လာပါစေ” ဟု မိန့်ကြားခဲ့ပါသည်။
ပြိုင်ပွဲ၏ အဓိက အချက်အလက်များ - ပါဝင်မည့်သူများ: အာရှ၊ အာဖရိကနှင့် ဥရောပ သုံးခါကျွန်းမှ နိုင်ငံ ၂၆ နိုင်ငံမှ အားကစားသမားပေါင်း ၄,၀၀၀ ခန့်က အားကစားနည်း ၃၃ မျိုးတွင် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ဗာတီကန် အားကစားအဖွဲ့: Padel တင်းနစ်၊ ဓားခုတ် (épée fencing) နှင့် စက်ဘီးစီး အားကစားနည်းတို့တွင် ဗာတီကန် ကိုယ်စားပြု အားကစားသမား ၄ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ”အားကစားသမားများ၏ လက်ဝါးကပ်တိုင်” (Cross of the Athletes): ၂၀၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲမှစ၍ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါရှိခဲ့သည့် ဤလက်ဝါးကပ်တိုင်ကို တာရန်တို မြို့မ ဘုရား ကျောင်းတော်ကြီးတွင် ပြိုင်ပွဲတစ်လျှောက်လုံး ကူညီစောင့်ရှောက်မှု မေတ္တာတော်၏ ပြယုဂ်အဖြစ် ပူဇော်ထားရှိမည် ဖြစ်သည်။ ဗာတီကန် ယဉ်ကျေးမှုနှင့် ပညာရေးဌာန၏ တာဝန်ရှိသူများကလည်း စစ်ပွဲ များနှင့် ရာသီဥတု ဖောက်ပြန်မှုများ ကြုံတွေ့နေရသည့် ယနေ့ကမ္ဘာတွင် အားကစားသည် လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြောင်း သက်သေပြနိုင်သည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ကြသည်။
#VaticanNews #PopeLeoXIV #MediterraneanGames2026 #AthleticaVaticana #ProphecyOfPeace
Fr.Peter Kyi Maung
Credit to Vatican news


