
ရဟန်းဝါတော်( ၅၀)နှစ်ပြည့် ရွှေစင်ဂျူဘီလီ နှင့် (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကျင်းပ။

သာသနာပြုခဲ့သည့်ရဟန်းဝါတော် နှစ် (၅၀) ပြည့်ရွှေစင်ဂျူဘီလီရှင် Cardinal Charles Moung Bo(SDB)၊ ဘုန်းတော်ကြီး Fr. Edward Sein Myint(SDB) နှင့် ရဟန်းဝါတော် (၂၅)နှစ်ပြည့် ငွေစင်ဂျူဘီ လီရှင် ဘုန်းတော်ကြီး Fr. Mariano Soe Naing(SDB) တို့၏ ဂျူဘီလီဂုဏ်ပြုမစ္ဆားတရာတော်ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်အနီးစခန်း နာဇရက် ရဟန်းဖြစ်သင်ကျောင်း၊ ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော်သခင်မခန်းမဆောင်၌ ဩဂုတ်လ ၁၅ရက်၊ ၂၀၂၆၊ စနေ နေ့ နံနက် ၉:ဝဝ နာရီအချိန်တွင်ဂျူဘီလီရှင် Cardinal Charles Moung Bo ကိုယ်တိုင်ဦးဆောင် ပူဇော် ပေးခဲ့ပါသည်။
ဂျူဘီလီဂုဏ်ပြုပွဲသို့ မန္တလေးသာသနာမှ ဆရာတော်ကြီး မာကု ဦးတင်ဝင်း၊ လာရှိုးသာသနာမှ ဆရာ တော်ကြီး ၊ ရန်ကုန်းသာသနာမှ ဆရာတော်ကြီးနော်အဲလ်၊ နှင့်သာသနာအသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ၊ ဘာသာဝင်းများ အတူတကွလာရောက်ပါဝင် ဂုဏ်ပြုဆုတောင်းပေးခဲ့ကြပါ သည်။
ဂျူဘီလီမစ္ဆားတရားအပြီးတွင် ဂျူဘီလီရှင်များဖြစ်ကြသည့် ဆရာတော်ကြီး Cardinal Charles Moung Bo(SDB)၊ Fr. Edward Sein Myint(SDB) နှင့် Fr. Mariano Soe Naing(SDB) တို့အား ဂုဏ် ပြုခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တေးသီချင်းများဖြင်းသီဆိုဂုဏ်ပြုခြင်း၊ လက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊ ရိုရာဓလေ့များဖြင့်ဂုဏ်ပြုခြင်းတို့ကို ဆက်လက်ကျင်းပခဲ့ပါသည်။
မစ္ဆားတရားအတွင်း ဂျူဘီလီရှင် Fr. Mariano Soe Naing (SDB) မှဩဝါဒမြွက်ကြားရာတွင်
ရဟန်းတစ်ပါးရဲ့ကြီးမြတ်ခြင်း၊ ပေးဆပ်ခြင်းတာဝန်တွေဆိုတာ ရဟန်းကကိုယ်တိုင်ရယူတာမျိုး မဟုတ် ဘူး။ရဟန်းဖြစ်လာရခြင်းက ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်တယ် ဘုရားသခင်ရဲ့လုပ်ဆောင်ချက်တွေ သာဖြစ်တယ်။ ဘုရားသခင်အသုံးပြုလိုတဲ့သူကို ကျေးဇူးတော်တွေပေးပြီးခေါ်ခဲ့တယ် သူခိုင်းတဲ့တာဝန် တွေကိုကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့အတွက် ကျေးဇူးတော်တွေဆက်လက်ပေးခဲ့တယ်။
ခေါ်တော်မူခြင်းဆိုတာက တစ်ကိုယ်ရေ ကောင်းစားဖို့အတွက်ခေါ်တာမဟုတ်ဘူးခေါ်တော်မူခြင်းဆိုတဲ့ အသက်တာသည်တစ်ပါးသူအတွက်အကျိုးပြုဖို့ အတွက်ခေါ်ခြင်းဖြစ်တယ်။ ရစန်းဘဝကိုပီပြင်စေ တာက နိမ့်ချခြင်းနဲ့ကိုယ့်ကိုပေးတဲ့တာဝန်တွေကို ကောင်းစွာလုပ်ဆောင်တတ်တဲ့ ကိုယ့်ရဲ့လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
ဒီနေ့ရွှေစင်ဂျူဘီလီရှင်များဖြစ်ကြသည့် Cardinal Charles Moung Bo(SDB)၊ နှင့် Fr. Edward Sein Myint(SDB)တို့သည် ရဟန်းဝါတော် (၅၀)ပြည့်သည့်တိုင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဝေဖန်မှု၊ ပြစ်တင်ကဲ့ရဲ့ မှု၊ ချီးမွမ်းမှု စသည်ဖြင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ပြီး သာသနာပြုလုပ်ငန်းတွေကို ဦးဆောင်ခဲ့တယ်။ ဘုရားသခင်ကသူတို့ကိုအသုံးပြုတယ် လုပ်နိုင်ဖို့ကျေးဇူးတော်တွေပေးခဲ့တယ်။ ရဟန်းတစ်ပါးရဲ့ အမှုဆောင်ခြင်းအသက်တာမှာ ရဲရဲရင့်ရင့်နဲ့လုပ်ဆောင်နိုင်တာရှိသလို အသက်ပါပေး ဆပ်လိုက်ရတာတွေလည်းရှိပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးဘုရားသခင်ရဲ့အမှုတော်တွေကို ထမ်းဆောင်နေကြတာဖြစ်တယ်။
ကျွန်ုပ်တို့ရဟန်းတော်များကလည်း ဂျူဘီလီကျင်းပတိုင်းကျင်းပတိုင်း ငါဟာ ဘုရားသခင်ငါ့ကိုခိုင်းတဲ့ လုပ်ငန်း၊ ဘုရားသခင်ငါ့ကိုအပ်နှင်းထားတဲ့တာဝန်တွေကို ငါကျေပွန်အောင်ထမ်းဆောင်နေသလား။ ဆိုတဲ့ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်ဖို့လည်း ရဟန်းတစ်ပါးချင်းစီတိုင်းလိုအပ်ပါတယ်။
Fr. Edward Sein Myint(SDB)
ပထမဦးဆုံးအနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ဒီနေ့မှာလာပြီး ဂုဏ်ပြုပေးကြတဲ့ သူတွေအား လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မပြည့်စုံပေမဲ့ရဟန်းဝါတော် နှစ်(၅၀) တိုင်သာသနာပြုအမှု မှာပါဝင် နေနိုင်တာ ဘုရားကျေးဇူးတော်ဖြစ်ပါတယ်။ လူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ အကောင်း ဆုံး လက် နက် နှစ်ခုရှိပါတယ်။ လူတွေပဲ လုပ်လို့ရတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဆုတောင်းမေတ္တာဆိုတာ နှင့် ချစ် ခြင်းမေတ္တာပြတာ ဒီနှစ်ချက်အရးကြီးတယ်။ ဆုတောင်းမေတ္တာက ဘုရားသခင်နဲ့ ဆက်သွယ်ပေးတယ်။ ချစ်ခြင်းမေတ္တာက ကိုယ်နဲ့ နီးစပ်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်သွယ်မှုကိုပြုလုပ်နိုင်တယ်။ အဲ့ဒါရှိရင် ဘယ်အာဏာ၊ ဘယ်ပယောဂမှ လာပြီး မနှောက်ယှက်နိုင် မအောင်းနိုင်ဘူး။
Cardinal Charles Moung Bo(SDB)
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက ဘုရားသခင်က လူငယ်တစ်ဦးကို ခေါ်တော်မူပြီးတဲ့နောက် မိမိရဲ့လက် ကိုတင်၊ ပြီးတဲ့နောက် ဆီလူးပေးခဲ့တဲ့အချိန်အခါတုန်းက နှစ် ၅၀ တုန်းက ကိုယ်က ဘာတွေကြုံ တွေ့ရ မလဲဆိုတာ မသိခဲ့ဘူး။
ဒါပေမဲ့ တစ်ခုတော့ ပြောနိုင်တယ်။ ဘုရားသခင်ဟာ သစ္စာရှိတယ်ဆိုတာ ပြောနိုင်တယ်။ အဲ့တော့ ကျွန် တော်တို့ ရဟန်းဘဝ ၅၀ ကို ဖြတ်သန်းလာတဲ့အခါမှာ ခွန်အားကြီးသူနဲ့ ပြည့်စုံသူ မဟုတ်ဘူးဆိုတာ သိတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်မို့ ကျေးဇူးတော်ကပဲ ကျွန်တော်တို့ကို ထမ်းပိုပြီးတော့ နေခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ရဟန်းဘဝ လမ်းအတူတူ လျှောက်ခဲ့ကြတဲ့ ညီတော် ရဟန်းတော်များ အားလုံး ကို အထူး ကျေးဇူးတင်ပါတယ်။ ရဟန်းဘဝဟာ ကျွန်တော်တို့ တစ်ယောက်တည်း လျှောက်တဲ့ ခရီးလမ်းစဉ် မဟုတ်ပါဘူး။ ပင်ပန်းနွမ်းနယ်တဲ့အချိန်မှာ အားပေးတဲ့ ညီတော်တွေ၊ မှားယွင်းတဲ့အခါမှာ ပြုပြင်ပေးတဲ့ ညီတော်တွေ၊ ပျော်ရွှင်ခြင်းရှိတဲ့အခါမှာ အတူမျှဝေကြတဲ့ ညီတော် နောင်တော်တွေ၊ ခက်ခဲတဲ့အချိန်မှာ အတူရပ်တည်ပေးတဲ့ ညီတော်တွေ အားလုံးအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ရဟန်းဘဝဟာ လှပတဲ့ ဘဝတစ်ခု ဖြစ်ပေမဲ့ တောင်းဆိုချက်များနှင့် အများကြီး ပတ်သက်နေပါတယ်။ အဲ့တော့ ရဟန်းတစ်ပါးရဲ့ အနားမှာ ရှိပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ မိတ်ဆွေ ဖြစ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးတဲ့အတွက်၊ ပူးပေါင်းပေးတဲ့အတွက်လည်းပဲ ကျေး ဇူးတင်ပါတယ်။
နှစ် ၅၀ အတွင်းမှာ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့ လူမျိုးတော်များကို ရိုးသားစွာနဲ့ အစေခံဖို့ရန်အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အားနည်းချက် တွေ ရှိတယ်၊ ကန့်သတ်ခြင်းတွေ ရှိတယ်။ တစ်ခါတလေကျရင် မပြောသင့်တဲ့စကားကို ပြောမိတယ်၊ ပြောသင့်တဲ့စကားကို မပြောခဲ့ဘူး။ အချို့ကို စိတ်ဓာတ်ကျအောင် လုပ်ခဲ့မိတာ ရှိတယ်။
နှစ် ၅၀ အချိန်ကို ပြန်ကြည့်တဲ့အခါမှာ အချို့နေရာတွေမှာ ပျော်ရွှင်မှု ရရှိတယ်၊ အချို့နေရာတွေမှာ မျက် ရည် ထွက်တာတွေ ရှိတယ်၊ အချို့နေရာမှာ အောင်မြင်တာတွေ ရှိသလို ကျရှုံးတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဘုရားသခင်က ကျွန်တော်တို့ကို စွန့်ပစ်ပြီးတော့ မထားတော့ပါဘူး။

