
မိမိချစ်တဲ့သူ လက်တွဲဖော် ကို မိမိက ဖုန်း ခေါ်မယ်”လို့ ပြောထားရင် မပျက်မကွက် ဖုန်းခေါ် လိုက်ပါ။
ဒီနေ့မှာ မိမိချစ်တဲ့သူ (ဝါ) လက်တွဲဖော် မိမိနဲ့ relationship ဖြစ်နေတဲ့သူကို မိမိက ”ph ခေါ်မယ်”လို့ ပြောထားရင် မပျက်မကွက် ph call လုပ်လိုက်ပါဆိုတဲ့အကြောင်း တင်ပြပေးချင်ပါ တယ်။
သာမန်အားဖြင့် ph call တစ်ခုဆိုတာ အသေးအဖွဲကိစ္စလေးတစ်ခုပါ။
မိမိကို ph ခေါ်မယ်လို့ ပြောထားရင် တဖက်က မျှော်လင့်စွာနဲ့ စောင့်နေမှာ အမှန်ပဲလေ မဟုတ်ဘူးလား။
ဟုတ်ပြီလေ ဆိုပြီး ခွင့်ပြုပြီးသားလေ။ ဒါကြောင့် ကိုယ့်ချစ်သူ (ဝါ) ကိုယ့်လက်တွဲဖော်ကို ph ခေါ်မယ်လို့ ပြောထားပြီး မခေါ်ဘဲ မနေလိုက်ပါနဲ့လို့။
Ph ခေါ်မယ်လို့ ပြောပြီးသားကို မခေါ်ဘဲ နေထိုင်ရင် တဖက်သားစိတ်ထဲမှာ ဘယ်လိုနေမလဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။
လက်တွဲဖော်အချင်းချင်းမှာ ယုံကြည်မှုဆိုတာ ရှိရပါတယ်။ ဒီယုံကြည်မှုက အကြောင်းအရာ အကြီးကြီးကနေ ဖြစ်လာတာ မဟုတ်ပါဘူး။ အသေးအဖွဲအကြောင်းအရာလေးများစွာကနေမှ ယုံကြည်မှုကို တည်ဆောက်လို့ရတာပါ။ မိမိအခုလို ပြောလိုက်တဲ့ စကားက အတည်ပဲလေ။ ခိုင်မြဲမှုကို ရရှိတာပါပဲ။
မိမိလက်တွဲဖော် ဇနီး (ဝါ) ချစ်သူဖြစ်ခဲ့ရင် ဒီအမျိုးသား (ဝါ) ဒီအမျိုးသမီးရဲ့ ပုံစံကို စောင့်ကြည့် နေမှာပဲလေ။ အသေးအဖွဲ့ကိစ္စလေးကို ကတိပေးတာက သေးငယ်ပေမယ့် အရေးကြီးလာပါတယ်။
Ph ခေါ်လိုက်တယ်ဆိုတာ လူတစ်ယောက်ကို respect ပေးတာပါပဲ။ ph ခေါ်လိုက်တယ်ဆို တာ လူတစ်ယောက်ကို care ဂရုစိုက်မှုတစ်ခုပါပဲ။
Ph ခေါ်မယ်ပြောပြီး မခေါ်တာက လူတဖက်သားကို နာကျင်စေပါတယ်။
Ph မခေါ်ဘဲ ငြိမ်နေတာက ‘‘ငါ နင့်ကို မေ့သွားလို့’’ (ဝါ) ‘‘သင့်ကို ငါက ဦးစားမပေးဘူး’’ဆိုတဲ့ သဘောဆောင်သွားစေပါတယ်။ ချစ်ခြင်းတရားဆိုတာ ခမ်းနားကြီးကျယ်တဲ့ အကြောင်းအရာကြီး တစ်ခုလို့ ကျွန်မတို့က ထင်မှတ်ကြတယ်။ မဟုတ်လောက်ပါဘူး။ အချစ်ဆိုတာ နှစ်ဦးနှစ်ယောက် ကိုက်ညီတာ ညီညွတ်တာကို ဆိုလိုတာပါ။
အချစ်ဆိုတာ နှုတ်က လူပြောတာထက် နေ့စဉ်နေ့တိုင်း ချစ်ပါတယ်ဆိုတဲ့ အပြုအမူ နေမှု ထိုင်မှုတွေကနေ နေ့စဉ်ပြနေတာပါ။
အချစ်ဆိုတာ အသေးအဖွဲ့ အပြုအမူလေးတွေကနေ မကြာခဏ အလိုအလျောက် ပြနေတတ် တာပါ။
အချစ်ဆိုတာ တစ်ဦးနဲ့ တစ်ဦး ယုံကြည်အားထားရာ ဖြစ်ပါတယ်။
အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စိတ်ချယုံကြည်လောက်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
မိမိက ph ခေါ်မယ်လို့ ပြောထားပြီး တစ်ကြိမ်ခေါ်ပြီး ပြောတာက တဖက်သားကို ‘‘မချစ်တော့ တာလား’’ဆိုတဲ့ စိုးရွံ့မှုကနေ တည်ငြိမ်အေးဆေးသွားစေပါတယ်။ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုကနေ လျော့သွားစေပါတယ်။
‘‘သူက ငါ့ကို ချစ်သေးတာပဲ’’ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေပါတယ်။
ဆက်ပြီး သူနဲ့ ငါ ဆက်နွယ်နေပါသေးတယ်ဆိုတဲ့ အသိကို ယူဆောင်လာပေးပါတယ်။
သူကတိပေးထားတဲ့အတိုင်း ငါ့ကို ph ဆက်တာပဲ ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်သွားစေပါတယ်။
Ph call တစ်ခုက အသေးအဖွဲ့လေးပေမယ့် ယုံကြည်မှုတွေ မယုံကြည်မှုတွေကို မထင်မှတ်ပဲ ဖြစ်သွားစေပါတယ်။
မိမိကတိပေးလိုက်တဲ့ စကားတစ်ခွန်းက ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်တော့မှ သံသယမဖြစ် သွားစေဖို့ လိုပါတယ်။
ကိုယ်က ကတိပေးထားတဲ့အတိုင်း ပြုမူဆောင်ရွက်ပါ။ မိမိကတိက အမြဲတည်နေရပါမယ်။
ဒါကြောင့် မိမိက ph call လုပ်မယ် ခေါ်လိုက်ပါ။ ဘယ်လိုအခြေအနေတွေမှာပဲ ဖြစ်နေပါစေ။ မိမိကတိပေးထားတာကို ကတိတည်တဲ့အတွက် ခိုင်မာတဲ့ ယုံကြည်မှုက အိမ်ထောင် (ဝါ) relationship မှာပဲဖြစ်ဖြစ် မယိမ်းမယိုင်တဲ့ ယုံကြည်မှုတွေက အမြဲကျန်ရစ်နေမှာပါ။

