ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၉)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ ၁၃၊ ၈၊ ၂၀၂၆

https://youtu.be/6zwy0QJgVtA

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့
ယနေ့ ဖတ်ရှုကြားနာရတဲ့ သမ္မာကျမ်းစာတော်မြတ်တွေက ကျွန်ုပ်တို့ကို နာခံခြင်း သနားကြင်နာခြင်း နဲ့ခွင့်လွှတ်ခြင်းတွေ ကို ပြန်လည် ထောက်ရှုစဥ်းစားရန် သတိပေးနှိုးဆော်နေပါတယ်။
ပထမကျမ်း ယေဇကျေလ အခန်းကြီး 12: 1-12 မှာ ဘုရားသခင်က Prophet ကို သင်ကေတ အပြုအမူတွေကို ပြုမူဆောင်ရွက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ဝိညာဥ်ရေးရာမှာ ဆွံ့အ နားမကြား မျက်မမြင်တွေ ဖြစ်လာလို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ မျက်လုံးတွေ ရှိတယ်။ ဒါပေမဲ့ မမြင်ကြဘူး။ သူတို့မှာ နားရွက်တွေ ရှိကြတယ်။ ဒါပေမဲ့ မကြားကြဘူး။ ဘုရားသခင်က သူတို့ကို ပြန်လှည့်လာဖို့ ခေါ်တယ် ဒါပေမဲ့သူတို့က ငြင်းဆန်ခဲ့ကြတယ်။ ဒီအရာက ကျွန်ုပ်တို့ကို ဘာသတိပေးနေသလဲဆိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို ကြားခြင်းကမလုံလောက်ဘူး။ ကျွန်ုပ်တို့အနေနဲ့ အသက်ရှင်ဖို့ လိုအပ်ပါတယ်။

ဧဝံဂေလိကျမ်းစာ ရှင်မာတေဦး ခရစ်ဝင် အခန်းကြီး 18 မှာ ရှင်ပီတာက သခင်ခရစ်တော်ကို ဘယ်၂ကြိမ် ခွင့်လွှတ်ရမလဲဆိုတာ မေးမြန်းတဲ့အခါ ခုနစ်ကြိမ်တိုင်အောင် မဟုတ် ၊ အကြိမ် ခုနစ်ဆယ် ခုနစ်လီ တိုင်အောင် ခွင့်လွှတ်ရမယ် ဆိုပြီးပြန်ဖြေတာကို တွေ့ရပါတယ်။ ဆက်လက်ပြီး ခွင့်မလွှတ်တဲ့ အစေခံရဲ့ ပုံဥပမာကို ပြောပြတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ ဘူရားရဲ့သနားကြင်နာခြင်းကို တစ်ပါးသူအပေါ်ပြန်လည်ပြသဖို့ သင်ကြားပေးထားပါတယ်။

St.John Chrysostom က ဘာပြောခဲ့သလဲဆိုရင် ကျွန်ုပ်တို့ကို ထိခိုက်သူတွေကို ခွင့်လွှတ်ရန် အဆင်သင့်ဖြစ်ခြင်းဟာ ကျွန်ုပ်တို့ကို ဘုရားသခင်ကဲ့သို့ဖြစ်လာစေပါတယ်။ ဆိုပြီးမိန့်ကြားခဲ့ပါတယ်။

သူငယ်တော်ယေဇူးရဲ့ စိန်ထရေးဇားက ချစ်ခြင်းမေတ္တာတရားဆိုတာ တစ်ပါးသူရဲ့ အားနည်းချက်ကို အံ့သြခြင်းမဟုတ်ပဲ အမှားအယွင်းကို သီးခံခွင့်လွှတ်ခြင်းမှာ ပါဝင်ပါတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီ မေးကြစို့။ ‘ ငါခွင့်မလွှတ်နိုင်သေးတဲ့ သူ တစ်စုံတစ်ယောက်ရှိသေးလား။’ ငါဘုရားရဲ့အသံကို နားထောင်နေဆဲလား။ ‘ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ရဲ့ သနားကြင်နာခြင်း အသုံးတော်ခံဖြစ်ပြီး ခရစ်တော်က ကျွနိုပ်တို့ကို ခွင့်လွှတ်သကဲ့သို့ တစ်ပါးသူတွေကို ခွင့်လွှတ်နိုင်သူတွေဖြစ်ရန် ကြိုးစားသွားကြပါစို့။

သောတရှင်များအားလုံးအပေါ် ဘုရားသခင်ရဲ့ကောင်းချီးမင်ဂလာ ကျေးဇူးအဖြာဖြာ ခံစားရရှိပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 4146

Leave a Reply

Your email address will not be published. Required fields are marked *