
ဘုရားသခင်၏ ခေါ်တော်မူခြင်းကို နာခံပြီး သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် နောက်တော်သို့ လိုက်ပါ

အီကွေဒေါနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသား လူငယ်များနေ့အတွက် ပေးပို့သော ဗီဒီယိုသတင်း လွှာ တွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က လူငယ်များအနေဖြင့် ခရစ်တော်၏ နောက်တော်သို့ လိုက်ပါကြရန်၊ ကိုယ်တော်နှင့် တွေ့ဆုံရသည့် ဝမ်းမြောက်ခြင်းဖြင့် မိမိတို့၏ ဘဝများကို ပြောင်းလဲစေကာ အခြား သူများကိုလည်း ကိုယ်တော်အား ရှာဖွေလာစေရန် စိတ်ဓာတ်ခွန်အားပေးကြရန်နှင့် မယ်တော်၏ ပုံစံ တော်အတိုင်း မိမိတို့ဘဝအတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ခံယူကျင့်သုံးကြရန် ဖိတ်ခေါ်ထား ပါသည်။
“ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်းသည် စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စေပြီး၊ ကိုယ်တော်၏ မေတ္တာတော်နှင့် ကရုဏာတော်၏ သက်သေခံများ ဖြစ်လာစေရန် ခွန်အားကို ပေးတော်မူပါသည်။”
“သတ္တိရှိကြလော့၊ ငါသည် လောကကို အောင်ပြီ” (ယောဟန် ၁၆:၃၃) ဟူသော ဆောင်ပုဒ်ဖြင့် ယခုသီး တင်းပတ်ကုန်တွင် အီဘာရာ (Ibarra) မြို့၌ ကျင်းပသည့် အီကွေဒေါနိုင်ငံ၏ (၇) ကြိမ်မြောက် အမျိုးသား လူငယ်များနေ့ တက်ရောက်သူများထံသို့ ပေးပို့သော ဗီဒီယိုသတင်းလွှာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဤအနှစ်သာရရှိသော သတိပေးစကားကို မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ခေါ်တော်မူခြင်းကို တုံ့ပြန်ပါ ပုပ်ရဟန်းမင်းကြီးက ခရစ်တော်သည် လူငယ်တို့၏ ဘဝကို အဓိပ္ပာယ်ရှိ စေကြောင်း အလေးပေးပြောကြားခဲ့သည်။
“ဘုရားသခင်၏ ခေါ်တော်မူခြင်းကို နားထောင်ကြရန်နှင့် သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် နောက်တော်သို့ လိုက်ပါ ကြရန် သင်တို့ကို ငါတိုက်တွန်းပါသည်” ဟု မိန့်ကြားခဲ့သည်။
ထို့အပြင် ရဟန်းမင်းကြီးက လူငယ်များသည် အသင်းတော်အတွက် အလွန်အဖိုးတန်သူများဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ဝမ်းမြောက်ခြင်းဖြင့် အခြားသူများကို ခရစ်တော်ထံ ဆွဲဆောင်ပါ “အခြားသူများစွာ ခရစ်တော်ကို သိရှိ လာစေရန်အတွက် အသင်းတော်သည် သင်တို့၏ ဝမ်းမြောက်ခြင်း၊ ရဲရင့်ခြင်းနှင့် သက်သေခံခြင်းများကို လိုအပ်ပါသည်” ဟု ဆိုကာ “ကိုယ်တော်၏ မေတ္တာတော်ဖြင့် မိမိတို့ကိုယ်ကို ပြောင်းလဲစေကြပါ” ဟု ထပ်လောင်းမိန့်ကြားခဲ့သည်။
နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးက လူငယ်များအား ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် ငြိမ်း ချမ်းရေးကို ဖော်ဆောင်သူများ ဖြစ်လာကြရန် တောင်းဆိုခဲ့ပြီး အီကွေဒေါရှိ လူငယ်အားလုံးကို အမိမယ် တော်မာရီယာ(Our Lady of the Presentation) ၏ လက်တော်သို့ အပ်နှံခဲ့သည်။
“အမိမယ်တော်သည် ဧဝံဂေလိတရားတော်အတိုင်း အသက်ရှင်နေထိုင်ရန်နှင့် မယ်တော်ပြုခဲ့သကဲ့သို့ သင်တို့၏ ဘဝအတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ဆက်ကပ်အပ်နှံနိုင်ရန် ခွန်အားပေးသည့် ပုံစံတော် ဖြစ်ပါစေ” ဟု ပုပ်ရဟန်းမင်းကြီး လီယို က ဆုတောင်းပေးခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News

