

“တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို တည်ဆောက် သူ များ ဖြစ်ကြပါ”ဟု ပုပ်ရဟန်းမင်းကြီးက အာရှ အသင်းတော်များသို့မိန့်ကြား။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ ၂၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပမည့် အာရှကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ (၁၂) ကြိမ်မြောက် စုံညီအစည်းအဝေး သို့ ပုပ်ရဟန်းမင်း ကြီး လီယို (၁၄) မှ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး အာရှအသင်းတော်အား ခွန်အားဖြည့် တိုက်တွန်းနှိုး ဆော်လိုက်သည်။
ပုပ်ရဟန်းမင်းကြီးက ၎င်း၏ အထူးကိုယ်စားလှယ် ကာဒီနယ် အော့စဝေါလ် ဂရာစီယာစ် ထံ ပေးပို့သော သဝဏ်လွှာတွင် ခရစ်ယာန်တို့အနေဖြင့် မိမိတို့၏ လုပ်ဆောင်မှုတိုင်း၌ ဘုရားသခင်ကို မိုးကုတ် စက်ဝိုင်း အဖြစ်လည်းကောင်း၊ ဆုံးဖြတ်ချက်တိုင်းတွင် လူသားကို ဗဟိုချက်အဖြစ်လည်းကောင်း ထားရှိရန် ပန် ကြားခဲ့သည်။
“ပြိုလဲပျက်စီးမည့် ဘာဘဲလ်မျှော်စင်ကြီးများ၏ အရှင်သခင်များ မဟုတ်ဘဲ၊ တစ်လုံးတစ်ဝတည်း ဖြစ် ခြင်းကို တည်ဆောက်သူများနှင့် ရောက်ရှိလာတော့မည့် ဘုရားသခင်နိုင်ငံတော်၏ အစေခံများ ဖြစ်ကြ ပါစို့။”
ခေတ်ကာလ၏ လုပ်ငန်းခွင်၌ လက်ပေခံရန် မကြောက်ပါနှင့် ပုပ်ရဟန်းမင်းကြီးသည် ခေတ်ပြိုင် လူ့အဖွဲ့ အစည်း၏ စိန်ခေါ်မှုများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် ရန် (“လက်ပေကျံရန်”) မကြောက်ရွံ့ကြဖို့ သာသနာဝင်များနှင့် ဆရာတော်ကြီးများအား အားပေးထား သည်။ အာရှအသင်းတော်သည် ယုံကြည်ခြင်းနှင့် လူသားပီသမှုတို့တွင် အစဉ်အမြဲ ထွန်းကားစည်ပင် နေရန် မျှော်လင့်ကြောင်း ဆိုသည်။
ဆင်းရဲသားများနှင့် ဘေးဖယ်ခံထားရသူများသည် “ထောင့်ချုပ်ကျောက်” ဖြစ်သည် ဆာလံကျမ်း ၈၅ ကို ကိုးကားလျက်၊ အသင်းတော်လူထုတစ်ခုလုံး၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် — ဆင်းရဲသားများ၊ ဖျားနာသူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ငယ်သားကလေးများကဲ့သို့ ဘေးဖယ်ပယ်ချခံရသူများသည် အသင်းတော်၏ “ထောင့်ချုပ်ကျောက်များ” ဖြစ်လာကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ထိုမှတစ်ဆင့် ကမ္ဘာမြေပေါ်တွင် ချစ်ခြင်းနှင့် သစ္စာတရား၊ ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းရေးတို့ ဆုံစည်းရာ ခိုင်ခံ့ပြီး နွေးထွေးသော ဘုံအိမ်ဂေဟာတစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။
နှုတ်ကပတ်တော်နှင့်အညီ လူသားမျိုးနွယ်၏ အလှတရား မပျောက်ပျက်စေရန်နှင့် လူသားတိုင်း၏ နှလုံး သားသည် ဘုရားသခင် ကိန်းဝပ်စံပယ်လိုသော နေရာဖြစ်ကြောင်း ကမ္ဘာကြီးက ပြန်လည်သိရှိ လာစေ ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ဖခင်တစ်ဦး၏ မေတ္တာဖြင့် ဖိတ်ခေါ်ထားပါသည်။
#PopeLeoXIV #FABC2026 #Asiachurch #VaticanNews #CatholicChurchMyanmarmediatranslation #ကက်သလစ်သာသနာတော် #ပုပ်ရဟန်းမင်းကြီး #အာရှအသင်းတော်
Fr. Peter Kyi Maung
Photo Credit : Vatican News
https://www.vaticannews.va/en/pope/news/2026-07/pope-leo-letter-church-asia-fabc.html


