“မိမိတို့ရဲ့ ရပ်တည်ချက်တွေအပေါ်မှာပဲ တင်းတင်းမာမာ ဆုပ်ကိုင်ထားခြင်းဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်လို့မရပါဘူး။” ဟုရဟန်းမင်းကြီးမိန့်ကြား။

ရှင်ပေတရုနှင့် ရှင်ပေါလုတို့၏ ပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စိန့်ပီတာ ဘာစီး လီကာ ဘုရားကျောင်းတော်ကြီးအတွင်း ကျင်းပသည့် ဝတ်ပြုဆုတောင်းပွဲ (Mass) ၌ အသင်းတော်၏ စည်းလုံးညီညွတ်မှု၊ ကွဲပြားခြားနားမှုနှင့် သိုးထိန်းဆိုင်ရာ မေတ္တာတရားတို့ကို အဓိကထား၍ သတင်း စကားမြွက်ကြားခဲ့သည်။

အရှင်သူမြတ် ဂျွန်ပေါလ် (၂) မြောက် စတင်ခဲ့သည့် အစဉ်အလာကောင်းတစ်ခုကို ပြန်လည်အသက်သွင်း သည့်အနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာအနှံ့အပြားမှ အသစ်ခန့်အပ်ခံရသော ဂိုဏ်းချုပ်ဆရာ တော်ကြီး ၃၅ ပါး၏ ပခုံးပေါ်သို့ သိုးထိန်းဆိုင်ရာ အခွင့်အာဏာကို ကိုယ်စားပြုသည့် သိုးမွှေးဖြင့် ရက် လုပ်ထားသော အဖြူရောင်(Pallium) ကို ကိုယ်တိုင်ကိုယ်ကျ ဆင်မြန်းပေးခဲ့သည်။

ရဟန်းမင်းကြီး၏ တရားဒေသနာတော်မှ အဓိကမှတ်သားဖွယ်ရာများ

သော့တံ၏ အဓိပ္ပာယ်: ရှင်ပေတရုကို ရည်ညွှန်းလျက် ပုပ်ရဟန်းမင်းကြီး လီယိုက သော့တံဆိုသည်မှာ တံခါးများကို ရိုက်ချိုးဖျက်ဆီးရန် မဟုတ်ဘဲ၊ သင့်တော်သော နေရာတစ်ခုကို နွေးထွေးသော အိမ်တစ် လုံးဖြစ်အောင် ဖွင့်လှစ်ပေးရန် ဖြစ်ကြောင်း သတိပေးခဲ့သည်။ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ရပ်တည်ချက်များ၌သာ တင်းခံမနေဘဲ “သမ္မာတရားအတွင်း ဆုံစည်းနိုင်မည့် အချက်များ” ကို ရှာဖွေကြ ရန် တိုက်တွန်းခဲ့သည်။

ကွဲပြားခြားနားမှုကြားမှ အင်အား: ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် နောက်ခံသမိုင်း၊ သာသနာပြု လုပ် ငန်းနှင့် ကိုယ်ပိုင်အားနည်းချက်များ လုံးဝကွဲပြားခြားနားကြသော်လည်း ၎င်းတို့သည် မည်သည့်အခါမျှ ရန်ဘက်များ ဖြစ်မလာခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက အလေးအနက် ပြောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော အသံများကို စည်းလုံးစေပြီး လှပသောအရာတစ်ခုအဖြစ် ပေါင်းစပ်ပေး သောကြောင့် ၎င်းတို့၏ ကွဲပြားခြားနားမှုသည် “သတင်းကောင်း” ပင် ဖြစ်သည်။

သိုးထိန်းတစ်ဦး၏ ဝန်ထုပ်ဝန်ပိုး: Pallium ၏ အဖြူရောင်သိုးမွှေးသည် မိမိတို့၏ သိုးစုများကို သိုးငယ် များကဲ့သို့ ပခုံးပေါ်၌ ထမ်းပိုးထားကာ ၎င်းတို့အတွက် အချိန်၊ ခွန်အားနှင့် ဘဝကိုပါ ပေးဆပ်စွန့်လွှတ် ရမည့် ကတိကဝတ်ကို ဖော်ညွှန်းနေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆရာတော်ကြီးများကို သတိပေး ခဲ့သည်။

ဆရာတော်ကြီးများ မိမိတို့၏ သာသနာနယ်မြေများသို့ ပြန်လည်ရောက်ရှိချိန်တွင် “စည်းလုံးခြင်းကို တည်ဆောက်သူများနှင့် မေတ္တာတရားအခြေခံသည့် သမ္မာတရား၏ ရက်ရောသော အစေခံများ” ဖြစ်လာ စေရန် ပုပ်ရဟန်းမင်းကြီးနှင့်အတူ ပူးပေါင်းဆုတောင်းပေးကြပါစို့။

Fr. Peter Kyi Maung

Photo Credit : Vatican News

https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-mass-homily-solemnity-of-saints-peter-and-paul-2026.html

#VaticanNews #PopeLeoXIV #SaintsPeterAndPaul #CatholicChurch #FaithAndUnity #Vatican

rvamyanmar
rvamyanmar
Articles: 4040

Leave a Reply

Your email address will not be published. Required fields are marked *