ရွေးချယ်စရာတွေများလာတဲ့အခါ

ရုပ်ချောပြီး အရာရာပြည့်စုံနေပါလျက် အပျိုကြီးလူပျိုကြီးတွေ ဖြစ်သွားကြတဲ့လူ‌အချို့ကို တွေ့ဖူးကြမှာပါ။ သူတို့က ချစ်ရမယ့်လူမရှိလို့ အပျိုကြီးလူပျိုကြီးဖြစ်ကုန်တာမဟုတ်ပါဘူး။ ရွေးချယ်စရာများလွန်းနေလို့ အပျိုကြီးလူပျိုကြီးတွေ ဖြစ်ကုန်တာပါ။

ယနေ့ခေတ်မှာ

လူတစ်ဦးနဲ့တစ်ဦး သိနိုင် တွေ့နိုင်တဲ့နည်းလမ်းတွေ များလာတယ်။ မိတ်ဆွေဖြစ်နိုင်သူတွေ များလာတယ်။ လက်တွဲဖို့ ရည်ရွယ်ပြီးတစ်ယောက်နဲ့ စကားပြောနေချိန်မှာတောင်

“နောက်တစ်ယောက်က သူ့ထက်ပိုကောင်းမလား” ဆိုတဲ့ အတွေးကတိတ်တိတ်လေး ဝင်လာတတ်တယ်။

အဲ့ဒီအခါ လူတစ်ယောက်ကို စိတ်ချလက်ချ ရွေးဖို့ခက်လာတယ်။ ရွေးပြီးသွားရင်တောင်

“ငါမှန်ရဲ့လား”

“ပိုသင့်တော်တဲ့သူ ကျန်နေသေးမလား” ဆိုတဲ့ သံသယက ကိုယ့်ရဲ့စိတ်အေးချမ်းမှုကို ယူသွားတတ်တယ်။

ဒီသဘောတရားဟာ

ရွေးချယ်စရာများလွန်းလာတဲ့အခါ

ဆုံးဖြတ်ချက်ချဖို့ ပိုခက်လာပြီး

ဆုံးဖြတ်ပြီးသွားရင်တောင် စိတ်ကျေနပ်မှုလျော့နည်းသွားတတ်တဲ့

လူ့စိတ်ရဲ့ သဘောသဘာဝတစ်ခုပါ။အဲ့ဒီသ‌ဘောတရားကို စိတ်ပညာဘာသာရပ်မှာ Paradox of Choice လို့ခေါ်ပါတယ်။

အချစ်မှာ

အရေးကြီးတာက

အကောင်းဆုံးလူကို ရှာဖို့မဟုတ်ပါဘူး။

ကိုယ့်နှလုံးသားနဲ့ တန်ဖိုးထားနိုင်မယ့်လူကို သိဖို့ပါ။

ဘာလို့လဲဆိုတော့

အချစ်က စျေးဝယ်သလို

ပိုကောင်းတာကို နှိုင်းယှဉ်ရွေးနေရတဲ့ အရာမဟုတ်ဘူး။

လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့၊ လက်ခံဖို့၊ တည်ဆောက်ဖို့ လိုတဲ့ ဆက်ဆံရေးတစ်ခုပါ။

တစ်ခါတလေ

ပျော်ရွှင်တဲ့အချစ်ဆိုတာ

ရွေးချယ်စရာအများကြီးထဲက အကောင်းဆုံးကို ရှာတွေ့တာမဟုတ်ဘဲ

ကိုယ်ရွေးထားတဲ့လူကို အဓိပ္ပာယ်ရှိအောင် ချစ်တတ်ခြင်းကနေ စတင်လာတတ်ပါတယ်။

လူအများစုက

“ရွေးချယ်စရာများများရှိရင် ပိုကောင်းတယ်” လို့ ယုံကြည်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ

ရွေးချယ်စရာများလွန်းသွားတဲ့အခါ

လူ့စိတ်က ပိုပြီးလွတ်လပ်သွားတာမဟုတ်ဘဲ

ပိုပြီးပင်ပန်းလာတတ်ပါကြောင်း မိတ်ဆွေတို့ကို မျှဝေတင်ပြအပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3939

Leave a Reply

Your email address will not be published. Required fields are marked *