ဖာရ်သာ . Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ‌‌ပါစကားကာလဆဌမ သီတင်းပါတ် ဗုဒ္ဓဟူးနေ့ ၁၃၊ ၅၊ ၂၀၂၆

ဘုရားသခင်၌ ​လေးစားချစ်ခင်ရပါ​သော ​သောတရှင် ဓမ္မမိတ်​ဆွေသူ​တော်စင်အ​ပေါင်းတို့ ယ​နေ့ အသင်း​​တော်မှာ ဖာတီမာမြို့မှာ နှိမ့်ချတဲ့ က​လေး (၃) ​ယောင်ကို အလွန်လှပတဲ့ သဒ္ဒါကြည်ညိိုဖွယ်​​ကောင်းတဲ့ ဖာတီမာမယ်​တော်သခင်မရဲ့ ထင်ရှားပြခြင်းကို ပြန်လည် သတိရ​အောက်​မေ့ကျင်းပကြပါတယ်။ မယ်​တော်သခင်မရဲ့ သတင်းစကားက ရိုးရှင်း​ပေမဲ့ ခွန်အားတွေနဲ့ပြည့်ဝ​နေပါတယ်။
ဆူညံမှု၊ ​ကြောက်ရွံ့မှု၊ စိတ်ပျက်ခြင်း​တွေနဲ့ပြည့်​နေတဲ့ ကမ္ဘာကြီးမှာ မယ်​တော်သခင်မက ဘယ်အရာက စစ်မှန်တဲ့အရာလဲဆိုတာကို ပြန်လည်သတိရ​စေပါတယ်။ အဲဒါက​တော့ နှလုံးသား​ပြောင်းလဲခြင်းဖြစ်ပါတယ်။ သူမအ​နေနဲ့ ပြစ်ဒါဏ်စီရင်ခြင်းနဲ့မလာပဲ မိခင်တစ်​ယောက်ရဲ့ ချစ်ခြင်း​မေတ္တာနဲ့လာပါတယ်။ မယ်​တော်သခင်မ အ​နေနဲ့ ကျွန်ုပ်တို့ကို စိပ်ပုတီးစိပ်ဆု​တောင်းဖို့၊ ကျွန်ုပ်တို့ရဲ့ နှလုံးသား ကျွန်ုပ်တို့ရဲ့ မိသားစု နဲ့ ကမ္ဘာကြီးအတွက် ငြိိမ်းချမ်းခြင်း သယ်​ဆောင်လာ​ပေးဖို့ ကျွန်ုပ်တို့ကို ဖိတ်​ခေါ်​နေပါတယ်။
ရူပါရုံ မြင်ရသူ​တွေထဲက တစ်ဦးဖြစ်တဲ့ St. Jacintaက ” ဆု​တောင်းပါ၊ များများဆု​တောင်းပါ၊ ပြီး​တော့ အပြစ်သား​တွေအတွက် ဒါဏ်ဆပ်​ဖြေမှုများ ပြုလုပ်ပါဆိုပြီး ​ပြောကြားခဲ့ပါတယ်။ သူမအ​နေနဲ့ က​လေးတစ်​ယောက်ဖြစ်တာ​တောင်မှ ချစ်ခြင်း​မေတ္တာဆိုတာ တစ်ပါးသူ​တွေအတွက် မိမိ ကိုယ်ကို ​ပေးဆပ်ပူ​ဇော်ခြင်း ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ပါတယ်။
ရဟန္တာကြီး ပုပ်ရဟန်းမင်းကြီး John Paul II က ဘာမိန့်ကြားခဲ့သလဲ ဆို​တော့ ” ဖာတီမာရဲ့ သတင်းစကားက ​ပြောင်းလဲဖို့နဲ့ ​နောင်တရဖို့ ဖိတ်​ခေါ်ခြင်း”ဖြစ်တယ်ဆိုပြီး မိန့်ကြားခဲ့ပါတယ်။ ၄င်းဟာ အတိတ်တုန်းက သတင်းစကားမဟုတ်ပါဘူး။ ၄င်း​ဟာ ယ​နေ့ ကျွန်ုပ်တို့အတွက်ဖြစ်ပါတယ်။
ဘုရားသခင်၌ ​လေးစားချစ်ခင်ရပါ​သော ​သောတရှင် ဓမ္မမိတ်​ဆွေ သူ​တော်စင်အ​ပေါင်းတို့ အမိမယ်​တော်က ကျွန်ုပ်တို့ရဲ့ နှလုံးသားကို စကား​ပြော​နေပါတယ်။
စိတ်ပျက်ခြင်း​တွေအ​ပေါ်မှာ ကျွန်ုပ်တို့ ဆု​တောင်း​မေတ္တာ ကို ​ရွေးချယ်ဖို့၊ ​ဒေါသကို ဆုပ်ကိုင်​နေမဲ့အစား ခွင့်လွှတ်ဖို့ခက်ခဲတဲ့အချိန်ကာလတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားဖို့ သတိ​ပေး​နေပါတယ်။
ဒါ​ကြောင့် က​လေးသူငယ်များကဲ့သို့ သူမရဲ့လက် ကို ကိုင်စွဲကာ ခရစ်​တော်ဆီကို ​​လျှောက်လှမ်းကြပါစို့။ သူမအ​နေနဲ့ ကျွန်ုပ်တို့ကို အမြဲ​ပြော​နေပါတယ်။ သူ​စေခိုင်းသမျှ ကို ပြုကြပါ။ “
ဖာတီမာမယ်​တော်သခင်မက ကျွန်ုက်တို့ကို ပိုမိုနက်ရှိုင်း​သော ယုံကြည်ခြင်း၊ ​လေးနက်​ခိုင်မာတဲ့ ​မျှော်လင့်ခြင်းနဲ့ ကြီးမားတဲ့ ချစ်ခြင်း​မေတ္တာကို ဦး​ဆောင်လမ်းညွှန်နိုင်ပါ​စေ။
ဘုရားသခင် သင်တို့အားလုံးကို ​ကောင်းချီး​ပေးပါ​​စေ။

rvamyanmar
rvamyanmar
Articles: 3907

Leave a Reply

Your email address will not be published. Required fields are marked *