
ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူခြင်းနှင့် ခရစ္စမားအားပေးခြင်းစက္ကရမင်တူးခံယူးခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်မိုင်ကယ်(သံဝင်း) သာသနာစီရင်စု၌ ပထမကိုယ် တော် မြတ်စက္ကရာမင်တူး နှင့် ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ခံယူခြင်းမစ္ဆားတရားတော်မြတ်ကို (၆၊၄၊၂၀၂၆) တနင်္လာနေ့ နံနက် ၆:ဝဝ အချိန်တွင် စိန့်မိုင်ကယ် ဘုရားကျောင်း၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ ပါသည်။
ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူသူ ၁၆ ယောက်နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူသူ ၄၉ ယောက် စုစုပေါင်း ကလေးသူငယ် ၆၅ ယောက်သည် ဆရာတော်ကြီး မာကုဦးတင်ဝင်းလက်တော်မှ ပထမကိုယ်တော်မြတ် နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ကိုခံယူရရှိခဲ့ပါသည်။
မစ္ဆားတရား၌ ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ မိန့်ကြားသည်မှာ
“ခရစ္စမားအားပေးခြင်းခံယူခြင်းရဲ့ အဓိကအရးကြီးတဲ့ ရည်ရွယ်ချက်က သခင်ခရစ်တော် အကြောင်းကို သေသေချာချာသိပြီး ကိုယ့်ရဲ့ အသက်တာနေထိုင်ပုံအားဖြင့်၊ အပြောအဆိုအားဖြင့်၊ အသွားအလာအား ဖြင့်၊ အလုပ်အကိုင်အားဖြင့် ရောက်လေရာနေရာမှာ ခရစ်ယာန်ဆိုတာဘယ်လိုမျိုးလဲ ဆိုတာသိနိုင် အောင်သက်သေခံတဲ့သူတွေဖြစ်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ လူတိုင်းက မကောင်းတာလုပ်ဖို့ မရှက်ကြတော့ဘူး။ ဒါအပြင် ကောင်းတာလုပ်ဖို့ရှက်တဲ့ သူတွေလည်းရှိနေပါတယ်။ မှန်တာကိုလုပ်ဖို့၊ပြောဖို့၊ သက်သေခံဖို့ လည်းရှက်တတ်ကြတယ်။ ဒါတွေ အားလုံးကိုသက်သေခံနိုင်ရန်အတွက် မှန်တဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ ဘုရားထံ အမြဲဆုတောင်းပြီး ကျင့်ကြံနေထိုင်ရမည်။
သက်သေခံတယ်ဆိုတဲ့နေရာမှာ ကိုယ်ကိုယ်တိုင် တရားတွေလိုက်မဟောပြောနိုင်ရင်တောင်သခင်ယေ ဇူးသွန်သင်တဲ့အတိုင်း နေထိုင်ပြီး မကောင်းတာတွေရှောင်ပြီး ကောင်းတာလုပ်ခြင်းအားဖြင့် အများ အမြင်မှာ မိမိ၏လုပ်ဆောင်မှုများသည် အတုယူ ထိုက်သည့်ပုဂ္ဂိုလ်အဖြစ် နေထိုင်ဖို့ အမြဲကြိုးစားရမည်။
ကလေးများကို ဘုရားစကားသင်ကြာားပေးနေသည့် တာဝန်ခံ ဓမ္မဆရာ ဖရေဒီ မြင့်ဇော်မှာလည်း
“ခုလိုကလေးသူငယ်အများကြီး ကိုဒီလို အရေးကြီးတဲ့ စက္ကရာမင်တူး ခံယူနိုင်အောင် ကူညီပေးနိုင်တဲ့ အတွက်အရမ်းဝမ်းသာပါတယ်။ ဒီကလေးတွေအတွက်လည်း ခုလိုခရစ္စမားအားပေးခြင်းခံယူပြီးနောက် ပိုင်း ဘာသာတရားတွေမှာ ပိုပြီးရင့်ကျက်လာပြီး သာသနာ့လုပ်ငန်းတွေမှာ ပိုမိုအထောက်အကူပြုလာ နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။
အရင်နှစ်တွေက သဘာဝဘေးအန္တရာယ်နှင့် နိုင်ငံရေးအခြေအနေကြောင့် မလုပ်ဖြစ်ဘူး။ ဒါမဲ့ဒီ စက္က ရာမင်တူး ခံယူဖို့ကလေးတွေလည်းများလာတော့ လုပ်ပေးနိုင်ဖို့ ဆရာတော်ဆီလျှောက်ထား ပြီးတဲ့အခါမှာ စီစဉ်ပြီးတော့လုပ်နိုင်တဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်။ မိဘများကလည်း အခက်အခဲတွေရှိပေမဲ့လည်း မိမိသားသမီးတွေ ခုလိုစက္ကရာမင်တူးခံယူခွင့်ရတဲ့အတွက် ဝမ်းသာမယ် လို့ထင်ပါတယ်။
မိဘတစ်ချို့မှလည်းရင်တွင်းပီတိစကားပြောကြားရာမှာ
Desmond Win Kyaw Kyaw Lwin (မိဘ)
ဒီစက္ကရာမင်တူးတွေက ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါတယ်။ ခရစ္စမားကလည်း ကျွန်ုပ်တို့ သာသနာမှာ သက်သေခံဖို့အတွက် အရမ်းအရေးကြီးတဲ့ အရာဖြစ်တဲ့အတွက် ကိုယ့်သားသမီးတွေ ဒီလို စက္ကရာမင်တူးရရှိတဲ့အပေါ်မှာလည်း အရမ်းဝမ်းသာပါတယ်။ ဆက်ပြီးတော့လည်း သာသနာတော် အတွက် အထောက်အကူပြုနိုင်တဲ့ သူအဖြစ်ကြီးပြင်းလာဖို့ သာသမီးတွေကို အကောင်းဆုံးပြုစုပျိုး ထောင်သွားဖို့ ကြိုးစားသွားမယ်။
Susanna (အဖွား)
ဘယ်လိုခံစားရလဲဆိုတော့ အရမ်းဝမ်းသာပါတယ် ဘာလို့လည်းဆိုတော့ အန်တီ ကလေးက ဘာသာ ကွဲမိသားစု ကနေလာတယ်ဆိုတော့ ကလေးက ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်ဖြစ် နေတယ်။ အဲ့တော့အန်တီက သူ့ကိုဒီမှာပဲအန်တီနဲ့နေဖို့ခေါ်ထားပြီး ဘာသာထဲကိုလည်း ဒီနှစ်မှပဲသွင်း ထားတာ။ ဒီနေ့တော့ အန်တီ ကလေးက ပထမကိုယ်တော်မြတ်ရရှိတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။
အန်တီက ကလေးကို အိမ်မှာလည်း ညတိုင်း စိပ်ပုတီးစိပ်တာတွေ၊ ဘုရားစကားမေတ္တာတွေ၊ ကျမ်း စာဖတ်တာတွေအမြဲအန်တီတတ်သလောက် ပြောပြလေ့ရှိပါတယ်။


