ဘယ်လိုလူမျိုးနဲ့ ချစ်သူတော်ရတာထက် ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်အပေါ်ကောင်းမွန်ရဲ့လားဆိုတာ အဓိက ပါ။
ဘယ်လိုလူမျိုးနဲ့ လက်ထပ်သွားတာထက် ဘယ်နေရာမှာ ဘယ်လောက်ကြီးကျယ်စွာ wedding ပွဲကျင်းပတာထက်
အဲဒီလူနဲ့ ယူပြီးသွားရင် ဘဝကို ဘယ်လိုနေထိုင်နေလဲဆိုတာ ပိုအရေးကြီးတယ်။ Happily Married ဖြစ်နေလားပေါ့။
ဘယ်ကျောင်းကနေ ကျောင်းပြီးတာ ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရတာထက်ကျောင်းပြီးသွားတဲ့နောက် ဘဝကို
ဘယ်လိုရှင်သန်လဲ၊ ဘာအလုပ်အကိုင်လုပ်နေလဲဆိုတာ ပိုအရေးကြီးပါတယ်။ ဘယ်လိုအိမ်မျိုးမှာ နေတာထက်
အိမ်နဲ့တူတဲ့ နွေးထွေးမှုရနေဖို့ကပိုအရေးကြီးတာပါ။တိုက်ပေါ်နေလည်း နွေးထွေးမှုမရှိရင်ဘာမှ မထူးပါဘူး။
သူငယ်ချင်း ဘယ်နှယောက် ရှိတာထက်ရှိတဲ့သူငယ်ချင်းက ကိုယ့်အပေါ်စစ်မှန်နေရဲ့လားဆိုတာ ပိုအရေးကြီးတယ်။
ဖိနပ်ဘယ်နှရံရှိတာထက် ရှိတဲ့ဖိနပ်တွေ ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမှုရှိဖို့ပိုအရေးကြီးပါတယ်။စီးလိုက်တဲ့အခါ
အနာပေါက်စေလား၊သက်သောင့်သက်သာမှုရှိရဲ့လားပေါ့။သင့်ဘဝမှာ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာထက် ပိုင်ဆိုင်ထားတဲ့အရာတွေကြောင့်ကိုယ်ဟာ စိတ်ပျော်ရဲ့လား။စိတ်ပူပန်နေရလား။စိတ်ပေါ့ပါးစေလား။နာကျင်နေရလား။ဒါတွေက ပိုအရေးကြီးပါတယ်။ဘဝလားနေတတ်ဖို့ ပျော်တတ်ဖို့ပဲ လိုပါတယ်။တစ်ခါတလေ ရွေးချယ်စရာများတာလဲသိပ်မကောင်းပါဘူး။ဘဝမှာပိုင်ဆိုင်ထားတဲ့အရာတွေက ကိုယ့်အတွက်အင်အားဖြစ်စေဖို့ လိုပါတယ်။ကိုယ့်အတွက်fit ဖြစ်နေဖို့ လိုပါတယ်။
အကျိုးဝင်စေဖို့ လိုပါတယ်။အသုံးဝင်နေဖို့ လိုပါတယ်။စိတ်ပင်ပန်းမနေဖို့ လိုပါတယ်။စိတ်သက်သာစေဖို့ လိုပါတယ်။

rvamyanmar
rvamyanmar
Articles: 3998

Leave a Reply

Your email address will not be published. Required fields are marked *