သစ်ဆွေးမြေဩဇာပြုလုပ်နည်း

သစ်ဆွေးမြေဩဇာပြုလုပ်နည်း

မြေဆွေးပုံပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ထိရောက်မှုရှိစေရန် လိုအပ်သော အခြေအနေများသည် အသင့်တော်ဆုံးဖြစ်ရန် အရေးကြီးပါသည်။မြေဆွေးဖော်စပ်ရာ၌ ပါဝင်ပစ္စည်းများသစ်ဆွေးမြေဩဇာ ပြုလုပ်ရာတွင် ကာဗွန်နှင့် နိုက်ထရိုဂျင်ဓာတ်များပါဝင်သော ပစ္စည်းများကို အသုံးပြုရပါမည်။ အကောင်းဆုံးအချိုးအဆမှာ ကာဗွန်ပါပစ္စည်း ၆၀ အချိုးနှင့် နိုက်ထရိုဂျင်ပါပစ္စည်း ၄၀ အချိုး(၆၀း၄၀) ဖြစ်သည်။ သို့သော်၎င်းအချိုးအဆသည် အရေးကြီးသည့် အချက်မဟုတ်ပါ။နိုက်ထရိုဂျင်အရင်းအမြစ်ပစ္စည်းအဖြစ် ကြက်၊ နွား၊ မြင်း၊ ယုန်တို့၏ အညစ်အကြေးများကိုလည်း အသုံးပြုနိုင်သည်။သို့သော် ခွေး၊ ကြောင်နှင့် လူတို့၏ အညစ်အကြေးများ အသုံးမပြုသင့်ပါ။ ထို့နည်းတူ ပိုးမွှားကျရောက်တတ်သော အပင်များ၊ ဘေးဖြစ်စေသော ပေါင်းများ၊ အသားအပိုင်းအစများ၊ နို့ထွက်ပစ္စည်းများ၊ စားသုံးဆီနှင့် တိရစ္ဆာန်အဆီများ ကိုအသုံးမပြုသင့်ပါ။သစ်ဆွေးမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့် (၁) လျှင်မြန်စွာ ကစော်ပေါက်ရန် ပါဝင်ပစ္စည်းများကို သေးငယ်သော အပိုင်းအစများ အဖြစ်ဖြတ်တောက်ခြင်း၊ လွှာခြင်း၊ တောက်တောက်ဆင်းခြင်းပြုလုပ်ပါ။ (၂) ကာဗွန်အရင်းအမြစ်နှင့် နိုက်ထရိုဂျင် အရင်းအမြစ်ပါပစ္စည်းများကို အလှည့်ကျတစ်လွှာစီ ပုံပေးပါ။ (၃) ၎င်းအပေါ်မှာ မြေသား သို့မဟုတ် သစ်ဆွေးမြေကို ထပ်မံထည့်ပါ။ (၄) အပေါ်မှရေလောင်းပေးပါ။ (၅) ထပ်မံ၍ အထက်ပါအတိုင်းအလွှာများပြုလုပ်ပါ။ (၆) အလျင်အမြန်ဆွေးမြေ့စေရန် မြေပုံများ အထက်အောက်လှန်ပေးပါ။သစ်ဆွေးမြေဩဇာတစ်ပုံအကောင်းဆုံးရရှိရန်အတွက် မြေပုံထဲတွင်ရှိသော အနုဇီဝသက်ရှိများ သင့်တင့်စွာ အလုပ်လုပ်နိုင်ရန် မှန်ကန်သောအခြေအနေများကို ဖန်တီးပြုလုပ်ပေးရန် လိုအပ်ပါသည်။ “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

rvamyanmar
rvamyanmar
Articles: 4212

Leave a Reply

Your email address will not be published. Required fields are marked *