ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၁၃)ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၂၇၊ ၆၊ ၂၀၂၂

  ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့   ဒီကနေ့သာမန်ကာလ (၁၃)ကြိမ်မြောက်မှာဖတ်ရတဲ့ဧဝ့ဂေလိ

ကျမ်းစာကတော့ (ရှင်မာတေဦး ၈း၁၈-၂၂)ဖြစ်ပါတယ်။ သခင်ယေဇူးရဲ့ နောက်တော်သို့လိုက်လိုလျှင်စွန့်စားမှုတွေ၊

စွန့်လွတ်အနစ်နာခံမှုတွေကြုံတွေ့ရမယ်ဆိုတာကိုမိန့်တော်မူထားပါတယ်။ တိရစ္ဆာန်များဖြစ်ကြတဲ့မြေခွေးမှာနေ

စရာတွင်းရှိကြတယ်။ ကောင်းကင်ငှက်တွေမှာအသိုက်ရှိကြတယ်။ သခင်ယေဇူးမှာတော့ခေါင်းချစရာနေရာမရှိပါ

ဘူး။  ဒီလိုပဲသခင်ယေဇူးရဲ့နောက်တော်ကိုလိုက်တဲ့အခါမြေကြီးပေါ်ကနေအိမ်ကိုမတတ်မက်မောပဲ ကောင်းကင်ဘုံ

ကနေအိမ်ကိုမျှော်လင်ဖို့အရေးကြီးပါတယ်။ ခုအချိန်မှာတချို့အိမ်တွေမီးရှို့ခံနေရပါတယ်။

   သခင်ယေဇူးလိုခဏလောက်နေကြည့်ပါ။  နေအိမ်ဟာအရေးကြီးပါတယ်။ ဒါပေမဲ့မတတ်မက်စေချင်ပါဘူး။ ပျော်စရာ

ကောင်းတဲ့နေရာဆိုတာချစ်ခြင်းမေတ္တာနဲ့ပြည့်ဝနေတဲ့နေရာပါ။ ကိုယ်ရဲ့အနာဂတ်ကို အားလုံစုံတတ်နိုင်တဲ့ဘုရား

လက်ထဲ့မှာ အပ်နှ့ထားပါ။

      နောက်တယောက်ကလည်းကိုယ်တော်နောက်ကိုလိုက်ပါမယ်။ ဒါပေမဲ့ ကျွန်ုပ်ရဲ့ အဖေကိုအရင်သင်္ဂြိုလ်ပါရစေ

တဲ့။ သူအဖေကခုသေးသွားတာ ဟုတ်ဟန်မတူပါဘူး။ သူဆိုလိုတာက အဖေသေပြီးမှနောက်တော်လိုက်မယ်လို့

ပြောဆိုခြင်းဖြစ်ပါတယ်။ ဒါနဲ့သခင်ယေဇူကအဲဒီလူကိုမိန့်တော်မူလိုက်တာကတော့ “ငါနောက်သို့လိုက်လော့။

လူသေတို့သည် မိမိတို့၏လူသေများကို သင်္ဂြိုလ်ကြပါလိပ်မယ်တဲ့”။ လူသေတွေကိုမြှပ်တဲ့ လူတွေကလည်းလူ

သေတွေပါဘဲလို့ဆိုလိုပါတယ်။ အက်ဒီအသေကိစ္စကိုလောကီသားတွေကလုပ်ကြလိပ်မယ်။ သင်ကအရှင်ကိစ္စ

ကိုလုပ်ပါ။

     အသေကိစ္စကိုမလုပ်ပါနဲ့။ သင်ကအသက်ရှင်တဲ့တရားကိုဆက်လက်ဟောပြောပါ။ ကျန်တဲ့အသေကိစ္စ၊

လောကီ ကိစ္စတွေကိုလောကီသားတွေလုပ်ကြပါလိပ်မယ်။ ဒါကြောင့်ယေဇူးဘုရားရှင်က သူသေတိုသည် မိမိတို့၏

လူသေများကိုသင်္ဂြိုလ်ကြပါလိပ်မယ်တဲ့။ မြှပ်ပေးတဲ့သူတွေကလည်းလူသေတွေပဲ အမြှပ်ခံရတဲ့သူတွေကလည်း

လူသေတွေပါပဲ။ ဒါကြောင့်အသေကိစ္စတွေပဲရှိနေတဲ့ လောကထဲမှာ အသက်ရှင်စရာကောင်းတဲ့ဝမ်းမြောက်ဖွယ်

ရာသတင်းကောင်း ကိုဟောပြောသက်သေခံကြပါစို့။ နားစဉ်သူအားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများခံစာကြရပါစေ။

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *