ယုံကြည်ခြင်း ဆိုတာတွေ့ကြုံသမျှ အရာအားလုံးကိုကောင်းကင်သို့ မြှင့်တင် ပေးပို့လိုက်ခြင်း

ယုံကြည်ခြင်း ဆိုတာတွေ့ကြုံသမျှ အရာအားလုံးကိုကောင်းကင်သို့ မြှင့်တင် ပေးပို့လိုက်ခြင်း

#ယုံကြည်ခြင်း ဆိုတာ

တွေ့ကြုံသမျှ အရာအားလုံးကို

ကောင်းကင်သို့ မြှင့်တင်

ပေးပို့လိုက်ခြင်းပင် ဖြစ်ပါတယ်။”

ဟုတ်ပါတယ်။

ယုံကြည်ခြင်းက အဓိက…

မိမိမှာရှိနေတဲ့ အရည်အချင်း၊

မိတ်ဆွေမှာတွေ့တဲ့ ရတနာမိုးနဲ့

နေ့တိုင်းရနေတဲ့ ဘဝသင်ခန်းစာ

ယူနိုင်သမျှကို စုပေါင်းသုံးသပ်ပြီး

မိမိယုံကြည်တဲ့ အနာဂတ်အတွက်

အကောင်းဆုံး ကြိုးစားလုပ်ဆောင်ရင်း

မိမိလုပ်ဆောင်နေတဲ့ အရာအပေါ်မှာလည်း

ခိုင်မာတဲ့ ဇွဲလုံ့လသတ္တိနဲ့ ထုစစ် ပုံဖော်ခြင်းပါ။

ယုံကြည်ခြင်းက…

အချစ်ကိုရှေ့ထား မေတ္တာပွားလျှက်

လူသားအချင်းချင်းကို လူလိုမြင်မှတ်၊

ကိုယ်စွမ်းရှိသမျှနဲ့ ကုသိုလ်ပါရမီဆွဲ

ရယူပေးဆပ် ကောင်းမှု အထပ်ထပ်နဲ့

အစွမ်းကုန်အချစ်နဲ့ အနစ်နာခံခြင်းပါ။

ယုံကြည်တယ်ဆိုတာ…

လက်တွေ့မြင်မှ ယုံချင်ကြတဲ့

ပုထုစဥ် လူသားတွေအကြားမှာ

မမြင်ရလည်း ယုံကြည်မြဲနေလို့

မတွေ့နိုင်လည်း အားအင်ပေးနေတဲ့

ဝိညာဉ်တော် အလင်းရှင်သခင်ကို

နှလုံးသွင်း အားကိုး အလှတိုးစေခြင်းပါ။

လူတိုင်းအတွက် ကောင်းတာကိုယုံကြည်၊

ယုံကြည်ချက်ကို လက်တွေ့လုပ်ဆောင်နေသ၍

မိမိရဲ့ယုံကြည်ခြင်းကနေ မိမိချစ်တဲ့ မိသားစု၊

တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် သမိုင်းသစ်ထွန်

ပေးဆပ်အသက်ရှင်ရင်း အဓိပ္ပာယ်ပြည့်တဲ့ဘဝ

လှလှပပ အသုံးပြုနေခြင်း ဖြစ်ပါတယ်။

ယုံကြည်ချက်အပြည့်နဲ့ လူသား

ဘယ်တော့မှ နောက်မဆုတ်

ရှေ့ကိုရဲရဲ တိုးလို့…

အတွေ့အကြုံ အဖြစ်အပျက်တိုင်း

ကောင်းတဲ့နေ့ရက်တွေ ဖြစ်စေဖို့၊

ယုံကြည်ခြင်း ခွန်အားတွေ…

နေ့စဥ်နေ့တိုင်း ရရှိပိုင်ဆိုင် နိုင်ပါစေ။

ထန်းဟာ, SJ (25.5.2021)

Photo credit to Catholic Link

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *