St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April)

St. Anicetus (Martyr), စိန့်အာနီချေတုစ် (ဓမ္မအာဇာနည်) (17 April)

သူသည် စီရီယားပြည် အေမေဆာမြို့၌ မွေးဖွားခဲ့သည်။ ရှင်ပီတာပြီး (၁၁)ပါးမြောက်သော ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ အေဒီ ၁၅၅-ခုနှစ်တွင် စိန့်ပီအူးစ် (၁)အား ဆက်ခံသည်။ သူအုပ်ချုပ်ပြီး (၁၁)နှစ်လောက် ကြာသောအချိန်မှာ ရောမမှာနေသောတချို့က အတိုက်အခံပြု၍ အနှောက်အယှက် ပေးကြသည်။

၁၅၅-ခုနှစ်တွင် စိန့်ပေါလီကဒ်၊ စမီနာဆရာတော်ကြီးသည် စိန့်အာနီချေတုစ်နှင့် ပါစကားပွဲ ကျင်းပရမည့် နေ့ရက်အား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ဆရာတော်ကြီးများသည် စည်းလုံးညီညွတ်စွာ နေလိုကြသည်။ အာရှတိုက်မှာနေသော အသင်းတော်သည် ရှေးဟောင်းထုံးစံဖြစ်သည့် ဂျူးတို့၏ နေ့၊ရက်၊လ ဖြစ်သည့် (Nisan 14) ရက်နေ့အား ခရစ်တော်ရှင်ပြန်ထမြောက်နေ့အဖြစ် ကျင်းပနေဆဲဖြစ်သည်။

စိန့်အီရေနေအုစ်က ဆရာတော်ကြီးများ၏ ဆွေးနွေးတိုင်ပင်ချက်အား နှစ်ပေါင်း (၃၀)လောက်ရှိပြီးမှ ထုတ်ဖော်ရေးသားသည်။ စိန်ပေါလီကဒ်နှင့် စိန့်အာနီချေတူစ်တို့သည် ဆုံးဖြတ်ချက် မချနိုင်ကြပါ။ ထို့ကြောင့် စိန့်အာနီချေတူစ်က ဆရာတော်ကြီး စိန်ပေါလီကဒ်အား ထုံးစံအတိုင်း ပါစကားပွဲကျင်းပရန် လိုက်လျောခဲ့သည်။

ပုပ်ရဟန်းမင်းကြီး အာနီချေတုစ်သည် (Tedeum)သီချင်း၊ ဘုရားအားချီးမွမ်းသီချင်း နံပတ်(၁၀)အထိ ဖွဲ့ဆိုရေးသားခဲ့သည်။ (၄)ရာစု၌ ထင်ရှားခဲ့သည်။ ရဟန်းဘုန်းတော်ကြီးများအား ဆံပယ် (Tonsure) ခြင်း ဥပဒေကိုလည်း သူကစတင်ခဲ့သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

rvamyanmar
rvamyanmar
Articles: 4264

Leave a Reply

Your email address will not be published. Required fields are marked *