သဘာဝတရားအတွက် လူသားပြဿနာ အပိုင်း ( ၁ )

ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “သဘာဝတရားအတွက် လူသားပြဿနာ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေ အပေါင်းတို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ဖြေရှင်းတဲ့အခါ ကျွန်တော်တို့ လူသားများဟာ အဓိက အကျဆုံးပဲ ဖြစ်ပါတယ်။ ပျက်စီးမှုများဟာလည်း ကျွန်တော်တို့ လူသားတွေကြောင့် ဖြစ်ရသလို ပြန်လည်တည်ဆောက်မှု အပိုင်းမှာလည်း ကူညီအားပေးဖို့ရာ ကျွန်တော်တို့ လူသားများပဲ အဓိကကျလှပါတယ်။

ဒါပေမဲ့ ဒီလို ပြဿနာများနှင့် ကျွန်တော်တို့ လူသားတွေကို ထောက်ပြနေရုံသက်သက်နဲ့တော့ ကျွန်တော်တို့ဟာ ဒီသဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပြဿနာများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူသားတွေ လက်ရှိနေထိုင်ပုံ လုပ်ကိုင်ပုံတွေဟာ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိတောင် ထိခိုက်ပျက်စီးစေသလဲဆိုတာ အတွင်းကျကျ လေ့လာသင့်ပါတယ်။

ကျွန်တော်တို့ လူနေထိုင်မှု တိုးတက်လာတာနှင့်အမျှ စွမ်းသစ် တီထွင်မှုတွေဟာ မယုံနိုင်လောက်အောင် အောင်မြင်လာခဲ့ပါတယ်။ သို့သော် ထိုအရာတွေက ကျွန်တော်တို့ရဲ့ ဒီကမ္ဘာကြီးကို ဘယ်လို ထိခိုက်ပျက်စီးမှု ပေးနေလဲဆိုတာ ဒီဗီဒီယိုလေးထဲမှာ ရှင်းပြထားပါတယ်။

တင်ဆက်- ဝီလျှံ ဇော်နိုင်ဦး
တည်းဖြတ်- စတီဗင်

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *