rvamyanmar

rvamyanmar

ရဟန်းဖြစ်သင်ကျောင်းသားတို့ သင်တို့၏မျက်လုံးကိုသခင်ခရစ်တော်ထံမှဖယ်လွဲမသွားပါစေနှင့်ဟု ရဟန်းမင်းကြီးတိုက်တွန်း။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အံဂျေလူးမတ္တာ (နေ့ခင်းမေတ္တာ) ရွတ်ဆိုခြင်းမှာ ရဟန်း မင်းကြီးလီယို ၁၄ က အီတလီနိုင်ငံမြာက်ပိုင်း တရီဗာနီးတို သာသနာနယ်များမှ ရဟန်းဖြစ်သင်ကျောင်း သားများနှင့် ဒုတိယအကြိမ်တွေ့ဆုံရာတွင် သင်တို့၏မျက်လုံးများကိုသခင်ခရစ်တော်ထံမှ ဖယ်လွဲမသွား ကြဖို့သတိပေးပြောကြားခဲ့ပါသည်။ ထိုတွေ့ဆုံခြင်းမှာရဟန်းမင်းကြီးလီယိုက သူတော်မြတ် ဂျွန်ပါလ် ၁ သည် သင်တို့၏ ရဟန်းဘဝအတွက် စံနမူနာပုဂ္ဂိုလ်အတုယူစရာဖြစ်တယ်ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက ရဟန္တာစိန့် ဩဂတ်စတင်း က သူ့ဘဝကိုသခင်ခရစ်တော်အတွက်ဆုံးဖြတ်ချင်ခဲ့တယ် သို့သော်လည်း တခြားတစ် ဖက်မှာ မကောင်းမှုကိုရှောင်ကြဉ်သည့်ကျင့်ကြံနေရင်းနဲ့ မကောင်းမှုရဲ့နှောက်ယှက်ခြင်းတွေဟာလည်း သူ့ဘဝထဲမှာခံစားနေရကြောင်း၊ ရဟန္တာစိန့်ဩဂတ်စတင်းကဲ့သို့ သင်တို့ဘဝတွေကို…

နေတတ်ဖို့ ကျေနပ်ဖို့

ဘယ်လိုလူမျိုးနဲ့ ချစ်သူတော်ရတာထက် ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်အပေါ်ကောင်းမွန်ရဲ့လားဆိုတာ အဓိက ပါ။ဘယ်လိုလူမျိုးနဲ့ လက်ထပ်သွားတာထက် ဘယ်နေရာမှာ ဘယ်လောက်ကြီးကျယ်စွာ wedding ပွဲကျင်းပတာထက်အဲဒီလူနဲ့ ယူပြီးသွားရင် ဘဝကို ဘယ်လိုနေထိုင်နေလဲဆိုတာ ပိုအရေးကြီးတယ်။ Happily Married ဖြစ်နေလားပေါ့။ဘယ်ကျောင်းကနေ ကျောင်းပြီးတာ ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရတာထက်ကျောင်းပြီးသွားတဲ့နောက် ဘဝကိုဘယ်လိုရှင်သန်လဲ၊ ဘာအလုပ်အကိုင်လုပ်နေလဲဆိုတာ ပိုအရေးကြီးပါတယ်။ ဘယ်လိုအိမ်မျိုးမှာ နေတာထက်အိမ်နဲ့တူတဲ့ နွေးထွေးမှုရနေဖို့ကပိုအရေးကြီးတာပါ။တိုက်ပေါ်နေလည်း နွေးထွေးမှုမရှိရင်ဘာမှ မထူးပါဘူး။သူငယ်ချင်း ဘယ်နှယောက် ရှိတာထက်ရှိတဲ့သူငယ်ချင်းက ကိုယ့်အပေါ်စစ်မှန်နေရဲ့လားဆိုတာ ပိုအရေးကြီးတယ်။ဖိနပ်ဘယ်နှရံရှိတာထက် ရှိတဲ့ဖိနပ်တွေ ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမှုရှိဖို့ပိုအရေးကြီးပါတယ်။စီးလိုက်တဲ့အခါအနာပေါက်စေလား၊သက်သောင့်သက်သာမှုရှိရဲ့လားပေါ့။သင့်ဘဝမှာ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာထက် ပိုင်ဆိုင်ထားတဲ့အရာတွေကြောင့်ကိုယ်ဟာ စိတ်ပျော်ရဲ့လား။စိတ်ပူပန်နေရလား။စိတ်ပေါ့ပါးစေလား။နာကျင်နေရလား။ဒါတွေက ပိုအရေးကြီးပါတယ်။ဘဝလားနေတတ်ဖို့…

သခင်ခရစ်တော်၏အသားတော်နှင့်သွေးတော်သည် ချစ်၍ပေးခဲ့သောအမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည်

သခင်ခရစ်တော်၏ အသားတော်နှင့်သွေးတော်သည် ချစ်၍ပေးခဲ့သောအမြင့် ဆုံးသောပေးဆပ်မှုဖြစ် သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့ ကိုယ်တော်မြတ်ပွဲနေ့ လူထုနှင့်အတူတကွ အန်ဂျေလူး (‌နေ့ခင်းမေတ္တာ) ရွတ် ဆိုခြင်းမှာ ရဟန်းမင်းကြီးလီယို ၁၄ က ကိုယ်တော်မြတ်စက္ကရမင်းတူး၌ တည်ရှိသော သခင်ခရစ်တော် ၏အသားတော်နှင့်သွေးတော်သည် ကမ္ဘာသူ၊ ကမ္ဘာသားတို့၏ကယ်တင်ခြင်းအတွက် ချစ်၍ပေးခဲ့သော အမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည် ဟု့ မွက်ကြားခဲ့ပါသည်။ ယဇ်ပလ္လင်တော်ပေါ်မှာ ကျွန်ုပ်တို့၏ဘဝတွေနှင့်အတူ ဆက်ကပ်ပူဇော်သော မုန့်နှင့်စပျစ်ရည်ကို ဘုရား ရှင်သည်လက်ခံတော်မူ၍ကောင်းချီးပေးတော်မူပြီး သန့်ရှင်းစင်ကြယ်စေတော်မူကာ၊ သခင်ခရစ်တော် ၏အသားတော်နှင့်အသွေးတော်အဖြစ် ပြောင်းလဲစေတော်မူခဲ့သည်၊ ထိုအရာသည် ကမ္ဘာသူ၊ ကမ္ဘာသားတို့၏ကယ်တင်ခြင်းအတွက် ချစ်၍ပေးခဲ့သောအမြင့်ဆုံးသောပေးဆပ်မှုဖြစ်သည်။ ယနေ့ကမ္ဘာအနှံ့ပြားမှာရှိသောကက်သလစ်အသင်းတော်သည်…

ကုန်လွန်ပြီးဆုံးသွားပြီဖြစ်တဲ့ relationship တစ်ခုကနေ သင်ခန်းစာတွေ ယူကြရ အောင်ပါဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

Past Relationship             ဒီနေ့မှာ ကုန်လွန်ပြီးဆုံးသွားပြီဖြစ်တဲ့ relationship တစ်ခုကနေ သင်ခန်းစာတွေ ယူကြရ အောင်ပါဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။             Relationship တစ်ခုက ကွဲသွားကြတယ်။ Breakup ဖြစ်သွားတယ်ဆိုတာ နှစ်ဦးစလုံး ခံစားရ တဲ့ ခံစားချက်တစ်ခုပါ။ အမှတ်တရဖြစ်စေတာတော့ မဟုတ်ပေမယ့်၊ သတိရဖို့တော့ဖြစ်စေတာပါ။ ဒီ relationship ကို နောက်ပြန် ပြန်ကြည့်လိုက်ရင် သင်ခန်းစာ ယူစရာတွေ ကျန်ခဲ့တာ အမှန်ပါပဲ၊ မိမိက ဒီ relationship ကို ရောင်ပြန်ဟပ်တဲ့သဘော ပြန်မလုပ်ခဲ့ရင်တော့ အနာဂတ်မှာလည်း…

ဖာသာရ် Paul Thet Khaing (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၂)ကြိမ်မြောက် ကြာသပတေးဩဝါဒ ၂၆၊ ၆၊ ၂၀၂၅

ဖာသာရ် Paul Thet Khaing (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၂)ကြိမ်မြောက် ဗုဒ္ဓဟူးဩဝါဒ ၂၅၊ ၆၊ ၂၀၂၅

ဝိညာဉ်ရေးဘာသာရေးကို ရှာဖွေရာမှာ အမျိုးမျိုးသောလမ်းစဉ်တွေကို လိုက်စားကြတယ်။

ရဟန်းမင်းကြီးလီယို (၁၄) ကယုံကြည်ခြင်းအတွက်ညှဉ်းပန်း နှိပ်စက်ခံရသူတို့ကိုအစဉ် သတိရဆုတောင်းပေးပါဟုတိုက်တွန်း။

ရဟန်းမင်းကြီးလီယို (၁၄) က မိမိတို့၏ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိမ်စက်ခံ ရသောသူ တို့အတွက်မမေ့ မလျော့ဆုတောင်းပေးရန်နှင့် ၄င်းတို့ကိုအားပေးနှစ်သိမ့်ရန် အစဉ်ကြိုးစားပါဟုတိုက် တွန်းထားသည်။ ဤတိုက်တွန်းချက်ကို ဖရန်စ္စစကင်အသင်းများစွာရှိသည့်အနက် ‘the Order of Friars Minor Conventual’ အသင်းနှင့် Trinitarians အသင်းဟုလည်းခေါ်သော the Most Holy Trinity and of the Captives ၀င်များအားလက်ခံတွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဤအသင်း နှစ်သင်းတို့သည် ၄င်းတို့၏အထွေထွေအစည်းအ‌ဝေးကြီးကိုကျင်းပရန်ရောမမြို့သို့ရောက်ရှိနေစဉ် သောကြာနေ့၌ ရဟန်း မင်းကြီး အားလာရောက်ဖူးတွေ့ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် သူတော်စင်အသင်းနှစ်သင်း၏ယုံကြည်ခြင်း၊…

ဖာသာရ်. Alphonse Aung Ko Latt (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၂)ကြိမ်မြောက် အင်္ဂါဩဝါဒ ၂၄၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချစ်လှစွာ‌သောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီနေ့ဟာနှစ်စဥ်နှစ်တိုင်းပဲကျင်းပါမြဲ့ဖြစ်တဲ့ရှင်ယောဟန်ဗတ္တိဇံရဲ့မွေးနေ့ပွဲကိုသတိတရကျင်းပကြတယ်။ ဘာကြောင်တုံးဆိုတော့ ရှင်လူကာ ၁း၃၆မှာ ကောင်းကင်တမန်တော်ဖဂါလ်ဗြီအဲလ်က မယ်တော်မာရီးယားကိုသင်၏ဆွေမျိုးဧလိဇဗက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲယူ၍အမြုံမဟုအခေါ်ခံရသေ ာသူမသည်အခုဆဌမလရှိလေပြီဟုဆိုထားသလိုပဲဒီကနေ့ဟာခရစ်တော်မမွေးဖွားမီ၆လအလိုပဲဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ နောက်ထပ်အဆိုလေးတစ်ခုရှိသေးတယ်။ ရေပူရအားဖြင့်ဇွန်လ၂၁ရက်နေ့သည် နေ့တစ်နေ့ရဲ့နေ့တာလည်းအရှည်ဆုံးရဲ့ဖြစ်ပြီးတော့အဲဒီနောက်ပိုင်းမှာတော့နေ့တာဟာအဖြည်းဖြည်းတိုသွားတယ်လို့ဆိုတယ်။ အဲဒီလိုပဲဒီဇင်ဘာလည်း၂၁ရက်နေ့မှာအတိုဆုံးရဲ့ဖြစ်ပြီးတော့နောက်တရက်၂၂ရက်ကစလို့နေ့တာကတဖြည်းဖြည်းပြန်ရှည်သွားတယ်လို့လေ့လာတွေ့ရှိကြတယ်။ ရှင်‌ယောဟန်ဧဝံလိကျမ်း၃း ၃၀မှာ ကိုယ်တော်သည်တိုးတက်ရမည့် ငါးမူကာဆုတ်ယုတ်ရမည်လို့ရှင်ယောဟန်ကဆိုထားတဲ့အတိုင်း အလင်းရောင်တဖြည်းဖြည်းနဲ့တိုစပြုလာတဲ့ဇွန်လ၂၄ရက်နေ့မှာ ရှင်ယောဟန်ရဲ့မွေးနေ့ပွဲကိုကျင်းပပြီးတော့ အလင်းရောင်ပိုပိုများလာတဲ့ဒီဇင်ဘာလ၂၄ရက်နေ့မှာခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပကြတယ်လို့ပြောစမတ်ရှိခဲ့တယ်။ ယနေ့ကျမ်းချက်ဖြစ်တဲ့ရှင်လူကာမှ ၁း၅၇-၆၆,၈၀မှာ ရှင်ယောဟန်ရဲ့မွေးဖွားခြင်းနဲ့ကင်မွန်းတတ်ခြင်းကိုဖတ်ရှုရတယ်ရှင်‌ယောဟန်ရဲ့ဘဝဖြစ်စဉ်တစ်ခုလုံးကိုကြည့်လိုက်ရင်တော့ သူ့မိခင်ရဲ့ဝမ်းမှာပဋိသန္ဓေစတည်ကြိမ်ကစလို့သေဆုံးချိန်အထိအခိုက်အတန့်တိုင်းမှာ ဘုရားရှင်ရဲ့ဘုန်ဂုဏ်တော်ကိုရှားစေခဲ့တယ်။ မိခင်ဧလိဇဗက်ရဲ့အရွယ်လွန်မှရတဲ့ကိုယ်ဝန်ဆောင်မှုဟာဘုရားရှင်ရဲ့မတက်နိုင်တဲ့အရာမရှိဘူးဆိုတာကတော့ဒ ါဟာသက်သေဖြစ်သလိုပဲ မိဘနှစ်ပါးရဲ့နှစ်ပေါင်းများ စွာ‌ဆုတေင်းလျှောက်လာတဲ့ဆုတောင်းခြင်းရဲ့အဖြေလည်းဖြစ်တယ်။ ဆုတောင်းတာကိုပြည့်လို့ဝမ်းသာပြီးတော့ဘုရားရှင်ကိုကျေးဇူးတင်ရမယ့်အစားမယုံနိုင်ဘူးဆိုပြီးတော့သံသယဝင်မိလို့ဆွံ့အာသွားခဲ့တဲ့ ဖခင်ဇာခရီယာကသင်ပုံးပေါ်မှာသူငယ်၏အမည်ဟာယောဟန်ဖြစ်တယ်လို့ရေးလိုက်တာနဲ့စကားပြန်ပြောနိုင်သွားခဲ့တယ်။ ဒါတွေကိုမြင်တွေ့တဲ့သူအားလုံးကတော့ဘုရားရှင်ရဲ့တက်နိုင်တော်မူခြင်းအပေါ်မှင်သက်အံ့ဩကြရင် ဇာခရိနဲဧလိဇဗက်အတွက် ဝမ်းသာပေးကြတယ်။ တစ်ချိန်တည်းမှာပဲအချင်းအရာအားလုံးသည် ဘုရားရဲ့စီမံကိန်းတော်ကဖြစ်တယ်ဆိုတာကိုသိနားလည်ကြပြီးတော့ သူငယ်သည်ကားမည်ကဲ့သို့သောသူဖြစ်လာလိမ့်မည်ဟုဆိုပြီးတော့မေးခွန်းထုတ်လာပြီးတွေဝေနေကြတယ်။ ဒီကနေ့ကျမ်းချက်ရဲ့အစုံ…

ရဟန်းမင်းကြီးလီယို (၁၄) ၏ကိုယ်တော်မြတ်ပွဲတော်ကြီးတနဂ်နွေနေ့ဩဝါဒတရား။

ရဟန်းမင်းကြီးလီယို (၁၄) သည် ကိုယ်တော်မြတ်ပွဲတော်ကြီးတနင်္ဂနွေနေ့၌ စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသော ဘုရားဖူးလူအုပ်ကြီးကို အောက်ပါအတိုင်းဩဝါဒချီးမြှင့်ခဲ့ပါသည်။ ယနေ့ဖတ်ရှု့သောဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌ ယေဇူးသခင်၏တရားတော်ကိုနားထောင်ရန် လူအုပ်ကြီးသည်စု‌ဝေးလာကြသည်။ ယေဇူးသခင်သည် တရားတော်ကို သာဟောကြားခြင်းမဟုတ်။ လူအုပ်စုကြီးများထဲမှရောဂါ‌ဝေဒနာအမျိုးမျိုးစွဲကပ်ခံစားနေရသူများကိုလည်း ကုသပျောက် ကင်းစေခဲ့သည်။ အဟောသက်သက်ကိုသာပြုသူမဟုတ်ဘဲ တရားတော်ကိုလက်တွေ့ဖော်ဆောင်ကာ ကယ်တင်ရှင်ဟူသော ဂုဏ်ပုဒ်အတိုင်းပင် လူတို့၏ရောဂါ‌‌ဝေဒနာများမှကယ်တင်ပေးခဲ့၊ ကုသပေးခဲ့သည်။ ဤသို့အား ဖြင့် ဘုရားသခင်၏ချစ်ခင် ရင်းနှီးမှုကိုလူသားထုကထိတွေ့ခံစားရသည်။ ဘုရားသခင်အုပ်စိုးသောအရပ်ဒေသ၌ ကျွန်ုပ်တို့သည်မကောင်းမှုများ မှကင်းဝေးကြ သည်။ ကျွန်ုပ်တို့ဆာ လောင်ချိန်၊ မကျန်းမမာဖြစ်ချိန်၊ လောကအသက်တာ၏နောက်ဆုံးအချိန် စသောကျွန်ုပ်တို့လိုအပ်သည့်အချိန်များ၌ ယေဇူး သခင်သည် ကျွန်ုပ်တို့အလယ်၌ရှိနေသည်။ လိုအပ်ချက်တိုင်း၌…