
Fr. Andrew Gutu (SDB) ဝါတွင်းကာလ မေတ္တာပန်း တနင်္ဂနွေနေ့ ဩဝါဒ ဧပြီလ ၅၊ ၂၀၂၀



သီရိဂေဟာ အစီအစဉ် ဒီတပတ် သီရိဂေဟာ အစီအစဉ်မှာ ” ဇနီးမောင်နှံများ အကြား တစ်ဉီးကိုတစ်ဉီး သစ္စာရှိခြင်း ” အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – Sr. Mary Dim (SFX) တည်းဖြတ် – ပေါလ်


ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတပတ်မှာတော့ ” ဘေးထွက် အနုဇီဝ ပိုးမွှားများ ” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက်/ တည်းဖြတ် – ဝီလျံ ဇော်နိုင်ဉီး

ကွာရာတင်း (Quarantine) နှင့်ဘာသာရေးအနက် ဖော်ပြချက် Thursday, April 16, 2020 ကွာရာတင်း (Quarantine) နှင့်ဘာသာရေးအနက် ဖော်ပြချက် ကိုဗစ် (၁၉) ဝင်ရောက်မွှေနှောက်လာပြီးနောက်ပိုင်း လူတန်းစားအလွှာအသီးသီးက ကွာရာတင်း စကားလုံးကိုနားနှင့်မဆန့်အောင် ကြားရ၊ သုံးနေရသည်။ ကြားရဖန်များ၊ သုံးရဖန်များ ၍နားကြားပျင်းပင်ကပ်လာပြီထင်ပါ သည်။ကွာရာတင်း သည်မူလဘာသာစကားမှာလာတင်းမှဆင်းသက်လာခြင်းဖြစ်သည်။ အဓိပါယ်မှာ လေးဆယ် ဟုဆိုလိုသည်။ ထိုရက်လေး ဆယ်နှင့်စပ်လျင်း၍သမာကျမ်းစာ၌မည်သို့ဆိုထားသည်။– ရေလွှမ်းမိုးခြင်းသည်ရက်ပေါင်းလေးဆယ်ကြာမြင့်ခဲ့သည်။– မိုးဇယ်သည်နှစ်ပေါင်းလေးဆယ်ကြာအီဂျစ်ပြည်မှတိမ်းရှောင်နေခဲ့သည်။– မိုးဇယ်သည်ရက်ပေါင်:လေးဆယ်ကြာဆီနာရီတောင် ပေါ်၌နေ၍ဘုရားသခင်ပေးမည်ပညတ် တော်ဆယ်ပါးကိုပြင်ဆင်ခံယူခဲ့သည်။– အီစွရေးလူမျိုးတို့၏အီဂျစ်ပြည်၌ကျွန်ခံရာမှလွှတ်မြောက်လာပြီး၊ ကတိထားသောပြည်သို့၀င်စား ရန်နှစ်ပေါင်းလေးဆယ်တောလမ်း ခရီးကိုဖြတ်သန်းလျှောက်လှမ်းခဲ့ရသည်။– ယေဇူးသခင်သည်ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကိုမဟောပြောမှီရက်ပေါင်းလေးဆယ်အစာရှောင်ဆုတောင်း…


အားလုံးဘဲမင်္ဂလာပါ အာဗီအေ-မြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာလေးရဲ့ခေါင်းစဥ်က“အချိန်၏တန်ဖိုး”ဆိုတဲ့ခေါင်းစဥ်နဲ့တင်ဆက် ပေသွားမှာဖြစ်ပါတယ်ရှင်။t မိတ်ဆွေများရှင်- ငွေရှိရင်အရာအားလုံးပြည့်စုံတယ်လိုထင်တက်ကြတယ်။အရာအားလုံးဝယ်ယူနိုင်တယ်၊ ဖြည့်ဆည်းပေးနိုင်တယ်လိုယူဆကြပါတယ်။ဒါကတော့ကျွန်မတို့လူသားတွေရဲခံယူချက်ဖြစ်သလို၊အများလက်ခံနိုင်တဲ့အချက်ဖြစ်မဲ့အမှန်တရားတစ်ခုတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာဝယ်လိုမရတဲ့အရာတွေထဲမှာအချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးကျန်းမာခြင်းဆိုတာဝယ်ယူလို့မရသလို၊သေခြင်းတရားကိုလည်းဝယ်ယူလိုမရပါဘူး။ဥပမာပြောရမယ်ဆိုရင် လူတစ်ယောက်ဟာငွေကြေးအလွန်ချမ်းသာတဲ့သူဖြစ်ပင့်မဲ့လည်းမကျန်းမမာဖြစ်လာရင်တော့ငွေကုန်ကြေးကျခံပြီးဆေးကုလိုတော့ရပါတယ်။ဒါပေမဲ့ ကျန်းမာခြင်းဆိုတဲ့အရာကိုတော့ဝယ်ယူလိုတော့မရပါဘူး။ထို့နည်းတူ-သေခြင်းတရားကိုလည်းငွေနဲ့ဝယ်ပြီးနောက်ကျမှာသေပါရစေဆိုပြီးဝယ်ယူထားလိုမရပါဘူး။ကျွန်မတို့ရဲ့အတိတ်ကာလကုန်ဆုံးသွားတဲ့အချိန်တွေကိုလည်းငွေနဲ့ဝယ်ယူလိုမရ တော့ပါဘူး။အချိန်ဆိုတာကုန်သွားရင်ပြန်မရတော့တဲ့အရာ၊၊တောင်းလိုလည်းမရ၊ဝယ်လိုလည်းမရတဲ့၊ဘယ်လိုမှာပြန်မရတော့တဲ့အရာဖြစ်လို့မိတ်ဆွေတို့လည်း အချိန်ကိုအကျိုးရှိစွာအသုံးပြုပါ။ပေါ့ပေါ့ဆဆမနေဘဲအကျိုးရှိရှိအသုံးပြုလိုက်မယ်ဆို ရင်အချိန်ဖြုန်းရမရောက်တော့ဘူးပေါ့။ကျွန်မတို့တတွေတခါတခါသိရက်နဲ့မိုက်ရူးရဲဆန်ကြတယ်။တချို့တွေအချိန်ကိုဖြုန်းတီးနေတာတောင်ဖြုန်းတီးနေမှန်မသိသူတွေလည်းရှိကြပါတယ်။ဘာကြောင်းလဲဆိုရင်သူတို့ဟာအချိန်၏တန်ဖိုးကိုမသိသေးလိုဖြစ်ပါတယ်။ ဥပမာအားဖြင့်-လူတစ်ဦးဟာသူပိုင်ဆိုင်တဲ့ကားကိုရောင်းပြီးအချိန်တွေကိုဝယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကိုငွေနဲ့ဝယ်လိုမရခဲ့ပါဘူး။နောက်ဆုံးမှာအချိန်ရဲ့တန်ဖိုးကိုသူသိပြီးနောင်တရခဲ့ရတယ်။အချိန်ရဲ့တန်ဖိုးကိုသိတာနောက်ကျခဲ့ပါတယ်လိုပြောသွားခဲ့ပါတယ်။ မိတ်ဆွေများရှင်- မိတ်ဆွေတို့ရဲ့ဘဝမှာလဲအချိန်တွေကိုတန်ဖိုးထားနိုင်အောင်ကြိုးစားကြပါ။လောကမှာ အချိန်ဆိုတာအလကားရတာပါကွာလိုသဘောမထားကြဘဲ၊အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။တကယ်တော့အချိန်တွေပိုနေတယ်ဆိုတာ၊အသုံးမချတက်လိုပါ။ဒီလိုအသုံးမချလေ၊ပို၍ပျင်းလာလေလေပါ။နောက်ဆုံးမှာလူပိုတစ်ယောက်ဖြစ်လာမှာဘဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းအကျိုးရှိသောနေ့ရက်တွေမှာအချိန်ကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေလို့၊အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်သောလူငယ်များကိုတိုက်တွန်းအားပေးရင်ဆုမွန်တောင်းပေးလိုက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင် ကြည့်ရှုသူအားလုံးကျန်းမာရွှင်လန်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒိမ်ပါရှင်။

အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေ မြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။ဒီနေ့ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့” ဘဝလမ်းကိုစတင်လျှောက်လှမ်းရကြမဲ့လူငယ်တွေဟာတခါတရံမှာအကြောင်းအမျိုးမျိုးကြောင့်ယုံကြည်မှု ပျောက်ဆုံးတဲ့အချိန်တွေကြုံကောင်းကြုံရပါလိမ့်မယ်။အဲဒီအချိန်တွေမှာယုံကြည့်မှုပြန်လည်တည်ဆောက်ဖို့နဲ့ရှိ ပြီးတာယုံကြည်မှုတွေကိုပိုခိုင်မာဖို့လုပ်ဆောင်ရမဲ့အချက်(၈)ချက်ကိုလူငယ်များအတွက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ၁.။တကိုယ်ရေးသန့်ရှင်းရေးကိုဂရုစိုက်ပြီးသပ်သပ်ရပ်ရပ်ပြင်ဆင်နေထိုင်။ လူငယ်များတို့ အဖိုးတန်အကောင်းစားအင်္ကျီတွေ၀ယ်၀တ်စရာမလိုပါဘူး.။သန့်ရှင်းသပ်ရပ်နေဖို့ဘဲလိုတာပါ။သင့်ရဲနေပုံ၊ထိုင်ပုံ ၊စားပုံသောက်ပုံတွေကိုကြည့်ပြီးတော့ပတ်၀န်းကျင်ကသင်ကိုသိလာမှာပါ။နေ့တိုင်းတစ်ကိုယ်ရေးသန့်ရှင်းမှုပြု လုပ်ခြင်းအားဖြင့်မိမိကိုယ်ကိုစိတ်အားလန်းဆန်မှုရှိပြီးယုံကြည်မှုတွေလည်းရှိလာမှာပါ။ ၂။အကောင်းမြင်ပါ။ ကျွန်မတို့ဟာတခါတလေမှာမိမိတို့မရခဲ့တဲ့အရာပေါ်မှာတွေးမိပြီးကိုယ်ကိုကိုယ့်အပြစ်တင်တက်ကြတယ်။ပူဆွေးတက်ကြပါတယ်။မိမိကိုယ်ကိုအားမလိုအားမရဖြစ်ပြီး မိမိရဲ့လုပ်ဆောင်မှုရည်မှန်းချက်တွေကိုအကောင်အထည်မဖေါ်နိုင်ခဲ့တဲ့အခါတွေမှာ စိတ်ပူပန်သောကတွေရောက်တက်ကြပါတယ်။မိမိကိုယ့်ကိုအပြစ်တင်တက်ကြပါတယ်။င့ါတော်တော်ဥာဏ်တာဘဲ၊င့ါတော်တော်ပျင်းပါလားဆိုပြီးတော့ကိုယ်ကိုကိုယ့်အားမရမှုတွေနဲ့ကြုံခဲ့ဘူးမှာပါ။မရတော့တဲ့အရာတွေပေါ်ပူ ဆွေးနေမဲ့အစားအကောင်းဘက်ကိုတွေးပြီးစိတ်သက်သာရာရစေမဲ့၀ါသနာပါရကိုလုပ်လိုက်ခြင်း ဖြင့်ယုံကြည်မှုတွေတိုးတက်လာနိုင်ပါတယ်။ဒါကြောင်းမိမိကိုယ်ကိုအပြစ်မြင်တာတွေကိုရပ်တန့်ပြီးအကောင်း မြင်ပြီးအသစ်တဖန်ပြန်လည်ကြီုးစားပါလိုအကြုံပြုတိုက်တွန်းချင်ပါတယ်။ ၃။တက်နိုင်သမျှကြိုတင်ပြင်ဆင်ပါ။ ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလိုကြိုတင်ပြင်ဆင်ခြင်းအားဖြင့်မိမိကိုယ်ကိုယုံကြည့်မှုတိုးတက်စေပါတယ်။ ဥမမာလူများရှေ့မှာရပ်ပြီးစကားပြောဖို့ရန်ကြောက်ရွံ့တယ်၊ရှက်တယ်ဆိုရင်မိမိအိမ်မှာမိသားစု၊မောင်နှမတွေရှေ့မှာပြောကြည့်ပြီးကြိုတင်ပြင်ဆင်ပါ။အဲဒါမှာလူများရှေ့မှာဒူးတုန်၊ခြေတုန်ခြင်းတွေမဖြစ်ဘဲမကြောက်မရွံ့ယုံယုံကြည်ကြည်နဲ့ပြောဆိုနိုင်မှာဖြစ်ပါတယ်ရှင်။ဟောပြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တခုခုလုပ်မယ့်ဆိုရင်ကြိုတင်ပြင်ဆင်ထားပါလိုအကြုံပြုချင်ပါတယ်။ ၄။စကားဖြေးဖြေးပြောပါ၊၊ မပြည့်တဲ့အိုးဘောင်ဘင်ခေတ်ဆိုသလိုဘဲမိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူဟာစကားပြောတဲ့အခါမှာအမှားပါမှာ စိုးရိမ်းတဲ့အတွက်မြန်မြန်ပြောတက်ကြပါတယ်။လူအများရှေ့စကားပြောရင်ဖြေးဖြေး၊မှန်မှန်၊ရှင်းရှင်းလင်းလင်းနဲ့ ပြောဖို့လိုပါတယ်။ဒါကြောင့်စကားဖြေးဖြေးပြောချင်အားဖြင့်မိမိပြောလိုတဲ့အကြောင်းအရာများကိုပိုမိုချဲ့ တွင်ပြောခြင်းအားဖြင့်သူများကပါအထင်ကြီးလာမှာဖြစ်ပါတယ်။ ၅။ပန်းတိုင်အသေးစားလေးတွေတည်ဆောက်ကာရယူပါ။ ကျွန်မတို့တတွေဟာတခါတရံမှာရည်မှန်ချက်ကြီးကြီးမားမားထားပြီးမအောင်မြင်ပါကမိမိကိုယ့်ကိုယုံကြည်မှု တွေပျောက်ဆုံးသွားတက်ကြပါတယ်။တခါတလေကိုယ်လျှောက်နေရင်နဲ့လမ်းပျောက်ဆုံးတက်ပါတယ်။ငါလုပ် နေတာအကျိုးရှိရဲလားဖြစ်ရောဖြစ်ရဲ့လားဆိုပြီတော့ကိုယ်ကိုကိုယ်ပြန်မေးတက်ပါတယ်။ဒါကြောင့်ပန်းတိုင်သေး သေးတစ်ခုကိုပြုလုပ်ပြီးအဆင့်တစ်ခုပြီးတိုင်းမိမိကိုယ်ကိုဂုဏ်ပြုသင့်ပါတယ်။ဒါမှာ ကိုယ်ရဲ့ရည်မှန်ချက်နဲ့နီးကပ် လာတာကိုမြင်သာစေတာဖြစ်ပါတယ်။ဥပမာအိပ်ယာစောစောထတာ၊ရာထူးတိုးဖို့ဆိုပြီးအဆင့်လေးတွေထားပြီးအလုပ်ကြိုစားကြည့်တာစာဖတ်ခြင်းအားဖြင့်အသိအမြင်လေးတွေကြွယ်၀လာတာစသည့်ဖြင့်တစ်ခုပြီးသွားတိုင်းကိုယ်ကိုကိုယ့်ယုံကြည်မှုတွေတိုးလာမှာဖြစ်ပါတယ်။ ၆။ပြုံပါ။လေ့ကျင့်ခန်းလုပ်ပါ။…

တပါးတည်းသောသားတော်မှ သားဦးဖြစ်လာခြင်း (ပထမပိုင်း)Bible Table Talk- 8

အမေငိုပြီ “သားတို့သမီးတို့ရေ . . . အမေ့ရင်ထဲမွန်းကျပ်ဖိစီးနေတဲ့ ပရိဒေဝ သောကမီးတွေကို ရင်စည်းမခံနိုင်တော့လို့ အမေ ရင်ဖွင့်လိုက် ပါတယ်။သားသမီးတို့သိတဲ့အတိုင်းပဲ ဖန်ဆင်းခြင်းရဲ့အစမှာတော့ ပုံသဏ္ဍာန်တော်အတိုင်း သူ့လက်ရာဆိုသလိုသိပ်ကို အံ့သြဆန်းကြယ် လောက်အောင် လှပခဲ့တာလေ။ အမေ့အသိုက်အမြုံမှာ ကျေးငှက်တွေပျော်ခဲ့တယ်။ မြစ်ချောင်းတွေစီးဆင်းခဲ့ကြတယ်။ တောင်မြိုင်အထပ်ထပ်၊ တောင်ဆွယ်ပင်လယ်အသွယ်သွယ်နဲ့ သာယာခဲ့ဖူးတာပေါ့။ ရာသီဥတုတွေ သဟဇာတဖြစ်အောင်လည်း အမေကိုယ်တိုင် အလီလီပြောင်းပေးနေခဲ့တာ။ ရှုရှိုက်ဖို့လေ၊ သောက်သုံးဖို့ ရေ၊ စားသုံးဖို့ သီးပင်စားပင်တွေကအစ လိုလေးသေးမရှိခဲ့ပါဘူး။ ဒါတွေအားလုံးဟာ အမေချစ်တဲ့သားသမီးတွေအတွက်ပဲပေါ့။ ရာသီဥတုဖောက်ပြန်ရင် ရောဂါကပ်ဘေး ဆိုက်မှာစိုးလို့ ပူတစ်ခါအေးတစ်လှည့်နဲ့…