rvamyanmar

rvamyanmar

Little way အသင်းဂိုဏ်းတည်ထောင်ခြင်း (၂၅)နှစ်ပြည့် ပွဲနေ့ဩဝါဒတရား။

Little way အသင်းဂိုဏ်းတည်ထောင်ခြင်း (၂၅)နှစ်ပြည့် ပွဲနေ့ဩဝါဒတရား။ Archbishop Basilio Athai အာဗီအေမြန်မာ၊၁၅၊၁၀၊၂၀၂၅။ #rvamyanmar#LocalNews#Littleway#25jublieesilver#ArchdioceseofMandalay

ကိုယ့်ကိုယ်ကို ဝေဖန်တိုက်ခိုက်တာတွေကို ရပ်တန့်ပါ

မိမိကိုယ်ကိုဝေဖန်တိုက်ခိုက်တာကိုရပ်တန့်ပါသင့်ကိုယ်သင်အပြစ်တင်ဖို့မလိုပါဘူး။လူတိုင်းအမှားလုပ်မိကြမှာဘဲ။ အမှားနဲ့ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူး။သင့်ကိုယ်သင် အရှုံးသမားလို့မြင်ဖို့မလိုသလို ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး သံသယရှိနေဖို့မလိုပါဘူး။အမြဲ မိမိကိုယ်ကိုအကောင်းမြင်ပါ။ အရာရာတိုင်းဟာ အကောင်းဆုံးဖြစ်လာမှာအသေအချာပါဘဲမလိုမုန်းထားသူတွေရဲ့ဝေဖန်အပြစ်တင်သံတွေ၊ အကြံညဏ်တွေကိုမယုံကြည်မိပါစေနဲ့လူတွေဟာ တယောက်နဲ့တယောက် မကောင်းပြောကြတယ်။ သင့်ကိုမကောင်းပြောသူတွေ၊ ဝေဖန်တိုက်ခိုက်သူတွေရှိလာမှာပါ။ဒါပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေအောက်မှာ ကျရှုံးမသွားစေပါနဲ့။နားမဝင်စေပါနဲ့။သည့်အစား သင်ကဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်၊ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါလွယ်လွယ်အရှုံးပေးတတ်တဲ့အကျင့်ကိုစွန့်လွှတ်ပါဘဝက သင့်ကိုလိမ္မော်သီးပေးရင် လိမ္မော်ရည်လုပ်ပြီး ဖျော်သောက်လိုက်ပါ။ဘဝကအမြဲတမ်း သင့်ကိုစမ်းသပ်နေမယ်၊ စိန်ခေါ်နေမယ်။ဒါပေမယ့် သင်လုပ်ရမှာက ကျောက်ဆောင်လို ကြံ့ကြံ့ခံနိုင်ဖို့ပါဘဲ။ ဘယ်တော့မှအရှုံးမပေးပါနဲ့။ ကြုံလာသမျှအရာရာတိုင်းကိုရင်ဆိုင်လိုက်ပါ။ မိမိဘဝမှာ မိမိသာ ပဲ့ကိုင်ဖြစ်ပါတယ်မိမိမှာမရှိတဲ့ အရာတွေပေါ်မှာအလေးထား အာရုံစိုက်တာကိုရှောင်ကျဉ်ပါသင့်မှာရှိတဲ့အရာတွေနဲ့ကျေနပ်ရောင့်ရဲပါ။ဘဝမှာ သင်လိုသမျှအရာရာတိုင်းရဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။သင့်မှာ ဘာတွေရှိသလဲ? အခြားသူတွေမှာ ဘာတွေမရှိဘူးလဲ?…

ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၈)ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၁၃၊ ၁၀၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ယနေ့ဧဝံဂေလိ ကျမ်းစာမှာ လူတွေက ခရစ်တော်ဆီက ကောင်းကင်ကလက္ခဏာ ကို တောင်းတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခရစ်တော် က ယောန ရဲ့ နိမိတ်လက္ခဏာ က လွဲပြီး မည်သည့် နိမိတ် လက္ခဏာ မျှ ပေးခြင်းမခံရဘူးလို့ ခရစ်တော်က မိန့်ကြားခဲ့ပါတယ်။ဒါက ဘာကို ပြောချင်တာလဲဆိုတော့ ယောန က နီနေဝေးမြို့သားတွေ ပြောင်းလဲဖို့ ဟောကြားခဲ့တယ်။ သူတို့ဟာ နားထောင်ပြီး သူတို့ရဲ့ဘဝ တွေကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့…

သဘာဝတရားအတွက် လူသားပြဿနာ အပိုင်း ( ၂ )

အားလုံးပဲ မင်္ဂလာပါ။“ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ “သဘာဝတရားအတွက် လူသားပြဿနာ အပိုင်း (၂)” ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့ အုပ်စိုးမှုစွမ်းအားဟာ တစ်ဖြည်းဖြည်း ကြီးမားလာပါတယ်။ နည်းပညာများဟာ သဘာဝတရားကို ကျော်လွန်ပြီးတော့ များစွာ ပြောင်းလဲလာခဲ့ပါတယ်။ ကျွန်တော်တို့ လူသားများရဲ့ ကြီးမားလှတဲ့ နည်းပညာများဟာ သတ္တလောကနှင့် ကျွန်တော်တို့ လူသားအချင်းချင်း တွေပေါ်မှာပါ နိုင်နင်းစီးနင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါတွေက ကျွန်တော်တို့ စဉ်းစားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။…