ဆရာတော်ကြီးများ၏ Ad Limina Visit (ဗာတီကန်ခရီးစဉ်) ဒုတိယနေ့။

နံနက် ၀၇:၄၅ နာရီ�စန်တာမာသာ (Santa Marta) ၌ မစ္ဆားတရား တော်မြတ် ပူဇော်ခြင်း�အဓိက ပူဇော်သူနှင့် တရားဟောကြားမည့်သူ: ဆရာတော် ဖီးလစ်လျန်ခင်းထန် (Bishop Felix Lian Khen Thang)�

နံနက် ၀၉:၃၀ – ၁၀:၃၀ နာရီ�လူဝတ်ကြောင်၊ မိသားစုနှင့် အသက်ဆိုင်ရာဝန်ကြီးဌာန (Dicastery for Lay, Family and Life)�နေရာ: Piazza San Calisto, 16�

နံနက် ၁၀:၄၅ – မွန်းတည့် ၁၂:၁၅ နာရီ�လူသားဆန်စွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုဆိုင် ရာဝန် ကြီးဌာန (Dicastery for promoting Integral Human Development)�နေရာ: အထက်ပါနေရာအတိုင်း (Idem)�ကာရီတပ်စ် အပြည်ပြည်ဆိုင်ရာရုံး (Caritas Internationalis) သို့ သွားရောက်လည်ပတ်ခြင်းနှင့် နေ့လယ်စာ ဧည့်ခံကျွေးမွေးခြင်း�

မွန်းလွဲ ၁၅:၃၀ – ၁၆:၃၀ နာရီ�ယုံကြည်ခြင်းအယူဝါဒဆိုင်ရာဝန်ကြီးဌာန (Dicastery for Doctrine of the Faith)�နေရာ: Palazzo del Dicastero�

ညနေ ၁၇:၀၀ – ၁၈:၀၀ နာရီ�ရိုမန်ကက်သလစ်အသင်းတော်၏ အထွေထွေအတွင်းရေးမှူးချုပ်ရုံး (Secretary General of Synod)�နေရာ: Via della Conciliazione, 34�

သယ်ယူပို့ဆောင်ရေးအစီအစဉ်အတွက် ဖာသာပေါ အောင်မြင့်ဝင်း (OP) နှင့် စီစဉ်ဆောင်ရွက်ရန် ဖြစ် သည်။

နံနက်ပိုင်းတွင် ဆရာတော် ဖိလစ်လျန်ခင်းထန် (Bishop Felix Lian Khen Thang) သည် စန်တာမာတာ (Santa Marta) ၌ သန့်ရှင်းသော မစ္ဆားတရားတော်ကို ဦးဆောင်ခဲ့ပြီး တရားဒေသနာတော်ကို ဟောကြား ခဲ့ပါသည်။

ဝန်ကြီးဌာနများသို့ သွားရောက်လည်ပတ်ခြင်း (Visit to dicasteries)

လူဝတ်ကြောင်များ၊ မိသားစုနှင့် အသက်ဆိုင်ရာ ဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်ခြင်း နံနက်ပိုင်းတွင် လူဝတ်ကြောင်များ၊ မိသားစုနှင့် ဆိုင်ရာ ဝန်ကြီးဌာန (Dicastery for Laity, Family and Life) သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဆရာတော် လူစီယာ့စ်ဟရဲကုန်း (Bishop Lucius Hre Kung) က လူဝတ်ကြောင်များ၊ မိသားစုနှင့်အသက်ဆိုင်ရာ ကော်မရှင်ရှိ မြန်မာနိုင်ငံကက်သလစ်အသင်းတော်၏ အခြေအနေကို တင်ပြခဲ့ပြီး၊ အဆုံးတွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (CBCM) ၏ မေတ္တာလက်ဆောင်ကို အဆိုပါဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သည်။

လူသားဆန်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုဆိုင်ရာ ဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်ခြင်း ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ် (Bishop Raymond Sum Lut Gam) က နိုင်ငံတော်၏ အခြေအနေကို တင်ပြခဲ့သည်။ မေးမြန်းသော မေးခွန်းများကို လမ်းညွှန်ချက်များ၊ အကြံပြုချက်များနှင့်အတူ စိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးခဲ့သည်။

ကာရီတပ်စ် အပြည်ပြည်ဆိုင်ရာရုံး (Caritas Internationalis) သို့ သွားရောက်လည်ပတ်ခြင်း ဆရာတော်များအား ကာရီတပ်စ် အပြည်ပြည်ဆိုင်ရာအဖွဲ့မှ ရင်းနှီးနွေးထွေးစွာ ဖိတ်ကြားခဲ့သည်။ ဆရာ တော်များနှင့် ကာရီတပ်စ်အဖွဲ့မှ ဝန်ထမ်းများသည် အစည်းအဝေးခန်းမ၌ ကောင်းမွန်ပြီး အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့် ခံခဲ့ သည်။

ယုံကြည်ခြင်းအယူဝါဒဆိုင်ရာ ဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်ခြင်း မွန်းလွဲပိုင်းတွင် ဆရာတော်များသည် ယုံကြည်ခြင်းအယူဝါဒဆိုင်ရာ ဝန်ကြီးဌာန (Dicastery for Doctrine of the Faith) သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ဘာစီလီယိုအာသိုက်(Archbishop Basilio Athai) က အဆိုပါဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံကက် သလစ်အသင်း တော်၏ အခြေအနေကို အစီရင်ခံတင်ပြခဲ့သည်။ မေးမြန်းခဲ့သော မေးခွန်းအချို့ကို ရှင်းလင်းစွာ ပြန်လည် ဖြေကြားပေးခဲ့သည်။

ဆရာတော်များ ဆီးနော့ဒ် (Synod) ၏ အထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်လည်ပတ်ခြင်း ဆရာတော်များသည် ဆရာတော်များ ဆီးနော့ဒ် (Synod of Bishops) ၏ အထွေထွေအတွင်းရေးမှူး ချုပ်ရုံးသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဆရာတော် ဂျွန်စောယောဟန် (Bishop John Saw Yaw Han) က ဆီနော့ဒ်၏ နောက်ဆုံးအတည်ပြုစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက် သည့် အခြေအနေကို တင်ပြခဲ့သည်။ ၎င်းတို့အကြား အတွေ့အကြုံများကို အပြန်အလှန် မျှဝေခဲ့ကြ သည်။ ဆရာတော်များသည် နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဓမ္မညီအစ်ကိုပီသသော အား ပေးကူညီမှုများကြောင့် ခွန်အားသစ်များ ရရှိခဲ့ကြပါသည်။

Photo Credit: Fr. Dominic Thang Suan Lang CBCM Executive Secretary

RVA Myanmar language service

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar

See less

rvamyanmar
rvamyanmar
Articles: 3970

Leave a Reply

Your email address will not be published. Required fields are marked *