
အဖ ကာဒီနယ်ချားစ်ဘို ၏ မိဘများပွဲနေ့သြဝါဒ

အဖ ကာဒီနယ်ချားစ်ဘို ၏ မိဘများပွဲနေ့သြဝါဒ ဇူလိုင် ၂၆၊ ၂၀၂၀ ““သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သော ပထမပညတ်တော်ဖြစ်၏။ ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ဖြစ်၏။”” (ဧဖက် ၆း၂-၃) ဒီကနေ့မှာ ကျွန်ုပ်တို့ဟာ ““မိဘများပွဲနေ့””ကို ကျင်းပကြပါတယ်။ သံဂျော်ကင်းနဲ့ သံတာအာနားတို့ရဲ့ပွဲလည်းဖြစ်တယ်။ ဒီသြဝါဒကို နာကြား နေတဲ့မိဘတွေရှိရင် ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာသက်ရောက်ပါစေ၊ အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း စတဲ့ ဆုကျေးဇူးတော် တွေလည်း ရရှိပါ စေလို့ ဆုတောင်းပေးပါတယ်။…









