rvamyanmar

rvamyanmar

စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့

စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့ ဒီဇင်ဘာလ(၃)   စိန့်ဖရန်စစ်ဇေးဗီးယား St. Francis Xavier သည် အာရှတိုက်တွင်ထင်ရှားသည့် ဂျက်ဇွစ်သာသနာပြု ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည်။ သူ့ကို စပိန်နိူင်ငံ၊ ဘန်ပလိုနာမြို့ ဆေးဗီးယားရဲတိုက်ရှိ ချမ်းသာကြွယ်ဝသည့် မိသားစုမှ ၁၅၀၆ ခုနှစ်၊ ဧပြီလ (၇)ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ပညာဆည်းပူးနေစဉ် လိုယိုလာမြို့သား စိန့်အီဂနေးရှပ်(စ်) Ignatius of Loyola တွေ့ဆုံပြီး သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ ဖရန်စစ်သည် လောကရေးရာများကိုသာ စိတ်ဝင်စားခဲ့သော်လည်း နောက်ပိုင်းတွင် စိန့်အီဂနေးရှပ်(စ်)နှင့်…

ဘာသာရေး အမေးအဖြေကဏ္ဍ – အပိုင်း (၉)

ဘာသာရေး အမေးအဖြေကဏ္ဍ – အပိုင်း (၉) ဒီတစ်ပတ် ဘာသာရေး အမေးအဖြေကဏ္ဍ မှာ ” ယုံကွညျခွငျးရှိရုံမြှဖွငျ့ ကယျတငျခွငျးရရှိနိုငျသလား ” ဆိုတဲ့အကြောင်းအရာကို Rev. Richard Hla Min Oo ကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ် ။

အာဒ်၀င်းတူကာလကျင့်စဉ်

အာဒ်၀င်းတူကာလကျင့်စဉ် စာရေးသူတို့အခြေခံရဟန်းဖြစ်သင်ကျောင်းသားဘ၀မှစ၍၀တ်စောင့် ခြင်းကိုလစဉ် (လပတ်) နှင့်နှစ်ပတ်လည် (တစ်နှစ်တစ်ကြိမ်) ပြုလုပ်ရ‌လေ့ရှိ သည်။ အခြေခံရဟန်းလောင်းကျောင်းသားဘ၀၌မူနှစ်ပတ်လည်၀တ်စောင့် ခြင်းကို (၃) သုံးရက်တာပြုလုပ်ရပါသည်။ ရဟန်းလောင်းကိုရင်ဖြစ်လာသောအခါ လစဉ်၀တ်စောင့်ခြင်းကိုမူနေ့ တစ်၀က်သာပုံမှန်ပြုလုပ်လေ့ရှိသော်လည်း နှစ်ပတ်လည်၀တ်စောင့်ခြင်းကိုမူ (၄ သို့ ၅) ရက်အထိစောင့်ရသည်။ ဘုန်းကြီးဖြစ်လာပြီးနောက်ပိုင်းလည်းထို့အတူ ပင်ဖြစ်ပါသည်။ လစဉ်၀တ်စောင့်ခြင်းဖြစ်စေ၊ နှစ်ပတ်လည်၀တ်စောင့်ခြင်းဖြစ်စေ၊ ထို ၀တ်စောင့်ခြင်း၏အဆုံး၌ကျင့်စဉ်တစ်ခုခုကိုချရပါသည်။ ထိုသို့ချရန်လည်းတ ရားပေးသောဘုန်းတော်ကြီးမှ‌သော်လည်းကောင်း၊ ဆရာတော်မှသော်လည်း ကောင်းတိုက်တွန်းလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်လစဉ်၀တ်စောင့် ခြင်းသည် ယခင်လ၌မိမိ၏၀ိညာဉ်ရေးအသက်တာတိုးတက်မူ၊ ဆုတ်ယုတ်မူ၊ မည်သည့်အပိုင်း၌ပို၍အားနည်းသည်တို့ကိုဆန်းစစ်ပြီး၊ လာမည့်လ၌ထိုအား နည်းသောအပိုင်းကိုပို၍အားဖြည့်ကြိုးစားရန်ဆုံးဖြတ်ချက်ချရသည်။ ထို့အတူ နှစ်ပတ်လည်၀တ်စောင့်ခြင်းအဆုံး၌လည်းတစ်နှစ်တာမိမိ၏၀ိညာဉ်ရေးအ သက်တာကိုသေချာစွာအချိန်ယူဆန်းစစ်ပြီး၊…

ဒေါသဖြစ်လာရင်ဘာလုပ်ကြမလဲ

အားလုံးပဲမင်္ဂလာပါရှင်  (၂.၁၂.၂၀၂၀) အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေရဲခေါင်းစဥ်လေးကတော့  “ဒေါသဖြစ်လာရင်ဘာလုပ်ကြမလဲ” ဆိုတဲ့အကြောင်းကိုသော်တရှင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးကိုစာရေးဆရာသုတေသီဘုန်းမြင့်သွေးရဲ့ စာအုပ်ထဲကနေကောက်နုတ်ဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်။ သော်တရှင်များရှင် ကျွန်မတို့တတွေဒေါသဖြစ်လာရင်ဘာလုပ်တက်ကြလည်းရှင်။ကျွန်မတို့တတွေဒေါသဖြစ်လာပြီးဆိုရင်အကောင်းအဆိုးကို‌ေ၀ဖန်ပိုင်းခြားမရတော့ပဲဒေါသမောဟတွေနဲ့ပဲပြည့်နှက်နေပြီးတော့ဒေါသနောက်ကိုလိုက်မိတက်ကြပါတယ်။ဒေါသရဲ့ခေါ်ရာနောက်လိုက်မိသွားပြီးဆိုရင်တော့ဘာတွေဆက်ဖြစ်လာမလဲကြည့်ကြပါစို့။အမှားတွေဖြစ်လာမယ်၊မကောင်းတဲ့လက်ကိုယိမ်းယိုင်းလာတက်ပါတယ်။ဒီအခါမှာဆုံးရှုံးကြေကွဲရမယ်၊ပူလောင်၊တောက်လောင်တဲ့နောင်တတွေစသည့်ကြုံတွေစရာ၊ရင်ဆိုင်စရာတွေများစွာရှိလာမှာဧကန်ပါပဲ။ပြီးတဲ့လမှာ ဒေါသရဲ့သဘောသဘာ၀အကြောင်းကိုသော်တရှင်တွေနားဆင်ပြီးလိမ့်မယ်လိုမျှော်လင့်ပါတယ်။ဒါဆိုရင်ကျွန်မတို့တတွေဒေါသနောက်မလိုက်မီအောင်ပုံစံအမျိုးမျိုးနဲ့ဒေါသကို ထိန်းနည်းတွေရှိတဲ့အပြင်ဒေါသရှောင်နည်းတွေလည်းရှိပါတယ်။အနည်းငယ်‌ေ၀မျှပေးပါမယ်ရှင်။ဥပမာ မိမိ(သို့)အိမ်ကတစ်ယောက်ယောက်ကအကြောင်းတခုခုကြောင်း ဒေါသပြင်းထန်စွာဖြစ်နေရင်ဒေါသဖြစ်သူမိမိ(သို့)တဦးဦးက အိမ်ထဲကနေခဏထွက်သွားပါ။ခဏထွက်သွားလိုဒေါသမပြေသေးရင်တစ်ရက်၊နှစ်ရက်လောက်ထွက်သွားလိုက်ပါ။အချိန်ကြာလာတာနဲ့အမျှဒေါသဟာနည်းနည်းလျှော့လာမှာဖြစ်ပါတယ်။တချို့ကျတော့လုံး၀လျှော့သွားတာလည်းရှိပါတယ်။ဒါဟာလည်းဒေါသကိုထိန်းနည်းတစ်မျိုးပါပဲ။ဒေါသဖြစ်လာရင် ထိုနည်းလမ်းနဲ့လည်းထိန်းလိုရပါတယ်။တချို့ကျတော့လည်းဒေါသဖြစ်တာတစ်ယောက်ထဲဘာမှာမ‌ ပြောဘဲဒေါသဖြစ်နေတာမျိုးလည်းရှိတက်ပါတယ်။တွေးလည်းဒေါသဖြစ်လေနဲ့လည်းကြုံတွေ့တက်ပါတယ်။ဒါဟာမိမိကိုယ်ကိုအားမလိုအားမရတာလိုဖြစ်တက်ကြပါတယ်။သူတပါးကို ပြန့်မတုန်ပြန်ရလို၊ပြန်မပြောလိုက်ရလိုတဲ့စကားတွေကြောင့်ဒေါသဖြစ်တက်ပါတယ်။အဲလိုဖြစ်တက်ရင် အရင်ဆုံးမိမိဟာခေါင်းပေါ်ကလောင်းပြီးရေချိုးလိုက်ပါ။ပြီးတော့စိတ်၀◌င်းစားမဲ့စာအုပ်ကိုဖတ်လိုက်ပါ။အခြားလူတစ်ယောက်ကို စကားသွားပြောလိုက်ပါ၊ပြီးတော့ ရုပ်ရှင်၊တီဗွီ၊ဘောလုံးပွဲစသည့်တခုခုကိုသွားကြည့်လိုက်ပါ။စိတ်ပုတီးစိပ်လိုက်ပါ။ဒါတွေမကသေးဘူး အိမ်ရှေ့မြက်ရှင်းရင်ရှင်းလိုက်ပါ။စိတ်ပြေလက်ပျောက်ခရီးထွက်ချင်ထွက်ပါ။ဒါတွေဟာတွေးရင်ခံစားရတဲ့ဒေါသခက်နည်းနည်းကိုပြေစေတဲ့နည်းတွေပါ။ပုံစံအမျိုးမျိုးနဲ့ဒေါသထိန်းနည်းတွေပေါ့။နောက်လူတွေဖြစ်တက်ကြတဲ့ဒေါသတခုဟာ မခံမရပ်နိုင်အောင်ဖြစ်တက်တဲ့သဘောလည်းရှိပြန်ပါတယ်။

ဘာသာရေး အမေးအဖြေကဏ္ဍ – အပိုင်း (၇)

ဘာသာရေး အမေးအဖြေကဏ္ဍ – အပိုင်း (၇) ဒီတစ်ပတ် ဘာသာရေး အမေးအဖြေကဏ္ဍ မှာ ” နှစ်ခြင်းအသင်းတော်က အသုံးပြုတဲ့ သမ္မာကျမ်းစာနှင့် ကက်သလစ် သာသနာတော်က အသုံးပြုနေတဲ့ သမ္မာကျမ်းစာ နှစ်ခုကြားမှာ ဘာတွေ ကွာခြားမှုရှိသလဲ ၊ ဘာ့ကြောင့် ကွဲပြားမှုတွေရှိသလဲ ” ဆိုတဲ့အကြောင်းအရာကို Rev. Richard Hla Min Oo ကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ် ။ ဒီအစဉ်အစဉ်ကို အပတ်စဉ် စနေနေ့ ည (7:00)နာရီ အချိန်တွင် ထုတ်လွှင့်…

လူ့တန်ဖိုး 

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍမှာ ” လူ့တန်ဖိုး ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး Photos Credit : Google Images #environment #rvapastoralcare #PopeFrancis #TheJoyoftheGospel #Thehumanvalue

စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့

စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့ St. John Berchmans, (1599-1621) စိန့်ဂျွန်ဘဲ့ချ်မန်း(စ်)ဟာ မစ္ဆားမှာ တရားထောက်လူငယ်များကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။ သူဟာ နာခံခြင်းနဲ့အတူ အလွန်ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်တယ်။ သူ့ကို ၁၅၉၉ ခုနှစ် ဘယ်(လ်)ဂျီယံနိုင်ငံ မြို့ကလေးတစ်မြို့မှာ ဖိနပ်လုပ်ပြီး ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝကစတင်ပြီး မစ္ဆားတရား နာခြင်းနဲ့ စိပ်ပုတီးစိပ်ခြင်းတွေမှာ အလွန်စိတ်အားထက်သန် ခဲ့ပါတယ်။ သူ့အသက် ၇-နှစ်အရွယ် ကျောင်းကနေအပြန်မှာ ဘုရားကျောင်းထဲ ဝင်ပြီး မစ္ဆားတရားမှာ တရားထောက်…

စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ

စိန့် အဲန်ဒရူး ဒုန်းလားခ် ( St. Andrew Dung-Lac) နှင့် အပေါင်းအဖော်များ ပွဲနေ့ – နိုဝင်ဘာလ၊ ၂၄ ရက် ပုပ်ရဟန်းမင်းကြီး “ဂျွန်ပေါ်လ် ၂ (John Paul II)” က ၁၉ ရာစုတွင် “ဗီယက်နမ်းနိုင်ငံ (Vietnam)” မှာ ကက်သလစ်ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသည့် ဓမ္မအာဇာနည် ၁၁၇ ပါးကို ရဟန္တာအဖြစ် တင်မြောက်ပေးခဲ့ပါတယ်။ ၎င်းအုပ်စုထဲမှာ “ဗီယက်နမ်နိုင်ငံသား (Vietnamese)” ၉၆ ဦး၊ “စပိန်နိုင်ငံသား (Spaniards)”…