
ခရစ္စမတ်ရဲ့ အနက်အဓိပ္ပါယ်နဲ့ ခရစ္စမတ်ရဲ့ နောက်ခံသမိုင်း



‘‘ပျော်စရာမွေးနေ့ (သို့မဟုတ်) ရှင်သန်ခွင့်’’ ရေးသူ – ဆရာတော် ဂျွန်စောယောဟန် မွေးနေ့ကို ပျော်စရာနေ့အဖြစ် ကျင်းပတဲ့အကြောင်းတွေကတော့ တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို ရရှိတာရယ်၊ ဘုရားသခင်ရဲ့ပုံစံတော်နဲ့တူတဲ့ဂုဏ်သိက္ခာရှိတာရယ်၊ လူ့အဖြစ်ကိုယူတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့အသက် သွေး ချွေးတွေနဲ့ ရင်းပြီး ကယ်တင်ခဲ့ရတဲ့တန်ဖိုးတွေကြောင့်ပါ။ ဒါပေမဲ့ မိခင်ဝမ်းထဲမှာ သန္ဓေစွဲတဲ့သူတိုင်း ရှင်သန်ခွင့်မရရှာပါဘူး။ တချို့ဆို တစ်လ နှစ်လ၊ တချို့ဆိုရင် မွေးဖွားခြင်း ခံရခါနီးဆဲဆဲမှာပဲ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ခံနေရပါတယ်။ ဒီလို မိခင်ရဲ့ဝမ်းထဲမှာ မညှာမတာ သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ‘‘မွေးနေ့မဲ့’’ကလေးတွေရဲ့ဘဝတွေ ကတော့…

မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး “စိန့် လူစီ (St. Lucy)” ဟိုး…..လွန်ခဲ့တဲ့ ၂၈၃ ခုနှစ်က “စစ္စလီ (Sicily)” ကျွန်းမှာရှိတဲ့ “စီးရာခီအူးစ် (Syracuse)” လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံရှိခဲ့တယ်။ သူတို့မှာ နောင်တစ်ချိန်မှာ “စစ္စလီ (Sicily)” ရဲ့အထင်ကရ ရဟန္တာဖြစ်လာမယ့် သမီးလေးရှိတယ်။ နာမည်က “လူစီ (Lucy)” တဲ့။ “လူစီ (Lucy)” ဆိုတဲ့ အဓိပ္ပါယ်က “အလင်း (Light)” တဲ့။ ဒီသမီးလေးဟာ သူမကိုပေးတဲ့နာမည်နဲ့လိုက်အောင် အနာဂါတ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ…

ကိုးကွယ်မှု့ဘာသာတရားများကိုလေ့လာဆည်းပူးစေချင် ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမျိုးနွယ်၀င် အသီးသီး စုပေါင်းနေထိုင် လေ့ရှိကြပါတယ်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အေးချမ်းစွာ အတူနေထိုင်ကြလေ့ရှိပါတယ်။ အချင်းချင်းဆက်သွယ်ရာတွင် ကြားခံအဖြစ်မရှိမဖြစ်သည့် ဘာသာစကားဆိုတာရှိကြသည်။ နေထိုင် ကျက်စားရာ ဒေသအလျောက် စားပုံသောက်ပုံရှိကြသည်။ ထုံးဓလေ့များရှိ ကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု့များ ရှိကြသည်။ တွေးခေါ်ယူဆပုံနှင့် ယုံကြည်မှု့များ ရှိကြလေသည်။ လွပ်လပ်သော တွေးခေါ်ယူဆပုံကြောင့် မတူညီသော ယုံကြည်မှု့များ ရှိလာကြလေသည်။ လွပ်လပ်စွာ တွေးခေါ်ယူဆခြင်းနှင့် မတူညီသော ယုံကြည်မှု့များကြောင့် သက်၀င်ကိုးကွယ်သည့် ဘာသာတရားများလည်း ရှိလာကြလေသည်။…

အိပ်ပျော်နေသော ဂျိုးဇက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အားကိုးအားထားပြုရတဲ့ ရဟန္တာ သူတော်သူမြတ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့သူက စိန့်ဂျိုးဇက်ပါ။ အရှင်သူမြတ်က စိန့်ဂျိုးဇက် ဆင်းထု တော်ကို သူ့ရဲ့ အခန်းထဲမှာ ထားပြီး သဒ္ဓါကြည်ညို အားကိုးပါတယ်။ ဒါပေမဲ့ ဒီ စိန့်ဂျိုးဇက်က ရိုးရိုး ဂျိုးဇက် မဟုတ်ဘူး။ မြင်တွေ့နေကျ လက်သမား ပစ္စည်းတွေနဲ့ ဂျိုးဇက်မဟုတ်ဘူး။ လီလီပန်းပွင့်နေတဲ့ နှင်တံလေးကို ကိုင်ထားတဲ့ ဆင်းထုလည်း မဟုတ်ပြန်ဘူး။ အဲ့ဂျိုးဇက်က အိပ်ပျော်နေတာ။ အိပ်နေတဲ့…


အာဒ်၀င်တူး တတိယတနင်္ဂနွေနေ့ ၀မ်းမြောက်ပျော်ရွှင်ကြလော့ အာဒ်၀င်တူးတတိယအပတ်တနင်္ဂနွေနေ့ကို Gaudete Sunday ပျော်ရွှင်ခြင်းတနင်္ဂနွေနေ့လို့ အစဉ်လာအရ သတ်မှတ်ထားပါတယ်။ မစ္ဆားတရားမှာ ဖတ်ကြားတဲ့ ပရိတ်မေတ္တာတွေ၊ နှုတ်ကပါတ်တော် သတင်းစကားတွေ ကလည်း ၀မ်းမြောက်ရွှင်လန်းခြင်းရှိဖို့ မီးမောင်းထိုးပြထားတာကို တွေ့ရတယ်။ ပျော်ရွှင်ခြင်းကို ဖော်ထုတ်တဲ့အနေနဲ့ ဒီတစ်ပတ်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းအရောင်က ပန်းရောင်ဖြစ်ပါတယ်။ ဘုရားသခင်က ကယ်တင်ခြင်း ဆုကျေးဇူးကို ယူဆောင်လာတာမို့ အမှောင်က အလင်း၊ စိတ်ပျက်ကြောက်ရွံ့ခြင်းကနေ မျှော်လင့်ခြင်း၊ ၀မ်းနည်းခြင်းကနေ ၀မ်းသာခြင်းသို့ ကူးပြောင်းလာတဲ့အချိန်အခါမို့ ပျော်ရွှင်ကြရမှာပါ။ အမှန်တော့ လူတိုင်းက ပျော်ရွှင်ချင်ကြတယ်။ ဒါပေမဲ့ ပျော်ရွှင်ကြပါလို့…

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝတရားကို ကာကွယ်ပါ ” ဆိုတဲ့ အကြောင်းအရာ ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက်/တည်းဖြတ်- William Zaw Naing Oo Photos Credit: Google Images #rvapastoralcare #Population #Pollution #Deforestation

ခရစ္စမတ်လူငယ် *************** ___ ( ၁ ) ____ ဂစ်တာယူပြီး ဘုန်းကြီးဆောင်ထဲမှ ထွက်လိုက်သည်နှင့် ကာလာစုံလူငယ်များကို မြင်လိုက်ရ၍ ဖာသာရ်ပေါလ် ရင်ထဲ ကျေနပ်ပီတိတွေ ဖြစ်သွားရပါသည်။ ဒီနေ့က ဖာသာရ်ပေါလ်နှင့် လူငယ်များမှ ခရစ္စမတ်ကယ်ရယ်သီချင်းများနှင့် ခင်ရာမင်ရာ မိတ်ဆွေများကို သွားရောက်နုတ်ဆက်ကြမည့်နေ့။ သေချာကြည့်လိုက်တော့မှ ကိုယ်တောင် တစ်ခါမှ မမြင်ဖူးသေးတဲ့ လူငယ်များကိုပါ သတိထားမိလိုက်သည်။ ထားပါတော့လေ ။ လူများတော့လည်း အုပ်စုတောင့်တာပေါ့ဆို ပြီး ပြောချင်သည့်စကားကို မပြောတော့ဘဲ မျိုချပစ်လိုက်သည်။ “အားလုံးအဆင်သင့်ဖြစ်ရင် မေတ္တာဆိုပြီး သွားကြမယ်ဟေ့”…

နွေးထွေးသော မေတ္တာ [ခရစ္စမတ်ဝတ္ထုတို] ~~~~~~~~~~~ —–( ၁ ) —— ခြံ၀င်းထဲကို ၀င်လိုက်သည်နှင့် သူ့ကို အရင်ဆုံးဆီးကြိုနှုတ်ဆက်လိုက်တာက တော့ Merry Christmas လို့ရေးထားသည့် ရောင်စုံမီးသီးတလက်လက်နှင့် ဆိုင်းဘုတ်ကြီးပင်ဖြစ်သည်။ ခြံတစ်၀င်းလုံး ရောင်စုံမီးသီးများ၊ ခရစ္စမတ်ဒီဇိုင်းများနှင့် လင်းထိန်တောက်ပလို့နေသည်။ ဒီနေ့က ဖိုးဂျွန်တို့၀န်ထမ်းတွေအတွက် သီးသန့်အထူးကျင်းပပေးသည့် ခရစ္စမတ်မိတ်ဆုံစား ပွဲ။ သူဌေးက နှစ်တိုင်းလိုလို ကျင်းပပေးလေ့ရှိသည်။ အချင်းချင်း ရင်းရင်းနှီးနှီး မိတ်ဆုံစားသောက်ပြီးတဲ့နောက် ခရစ္စမတ်လက်ဆောင်မဲနှိုက်ခြင်း အစီစဉ်လည်းရှိတာမို့ တစ်ယောက်တစ်မျိုး ဆုတွေကိုယ်စီနှိုက်ပြီး ပျော်ရွှင်စရာလည်း ကောင်းလှသည့်ပွဲတော်တစ်ခုပင်။ ဆုမဲတွေက…