
ဖာသာရ် Aloysius Nay Myo Swe(မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၃၁)ကြိမ်မြောက် စနေနေ့ ၈၊ ၁၁၊ ၂၀၂၅



အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ အထွေထွေဩဝါဒခံယူခြင်းတွင် ပုပ်ရဟန်း မင်းကြီး လီယို (၁၄) က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ များကို လမ်းညွှန်ဦးတည်ချက် ပေးနိုင်ကြောင်း၊ ဘဝအဓိပ္ပာယ်အတွက် တောင့်တမှုကို ဖြည့်ဆည်း ပေးနိုင်ကြောင်း၊ ကမ္ဘာကြီးကို မျှော်လင့်ချက် ပေးနိုင်ကြောင်းကို မီးမောင်းထိုးပြခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က နိုဝင်ဘာလ ၅ ရက်နေ့၊ စိန့်ပီတာရင်ပြင်ရှိ၌ အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်း လူထုတွေ့ ဆုံခြင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ အထွေထွေဩဝါဒခံယူခြင်းတွင်ကျွန်ုပ်တို့၏…
ရဟန်းမင်းကြီးလီယို (၁၄) သည်ယနေ့ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများ နှင့်တွေ့ ဆုံစဉ် ကမ္ဘာ တစ်၀ှမ်းမှပဋိပက္ခဖြစ်နေသောဒေသမှ စစ်ဒဏ်သင့်အပြစ်မဲ့ပြည်သူ များအတွက် သတိရ ဆုတောင်း ပေး ခဲ့သကဲ့သို့ကမ္ဘာ ကြီးအားလည်း၄င်းတို့အတွက်တောင်းဆိုပေးခဲ့သည်။ ကမ္ဘာကြီးအားလည်းသူနှင့်အတူဆု တောင်းရန် ဖိတ်ခေါ်ခဲ့ပြီး ။ပြည်တွင်းစစ်ဘေးကြောင့် အတိဒုက္ခ ရောက်နေရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မေ့မထားကြရန်နှင့် ပစ်မထားကြရန်၊ လိုအပ်နေသောလူသားချင်းစာနာသည့်အကူအညီများကိုကူညီထောက်ပံ့ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို က မိန့်ကြားမေတ္တာရပ်ခံလိုက်သည်။ ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း လူထု…


ဒီနေ့ခေတ် လူနေမှုဘဝပုံစံဟာ ပိုပြီးရှုပ်ထွေးမြန်ဆန်လာတာနဲ့အမျှ လူအတော်များများဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို နေ့စဉ်လိုလို ကြုံတွေ့နေကြရပါတယ်။ အလုပ်ခွင်ရဲ့ ဖိအားတွေ၊ လူမှုရေးကိစ္စတွေ၊ မိသားစုတာဝန်တွေနဲ့ ကိုယ်ပိုင်ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် အားအင်တွေ ကုန်ခမ်းပြီး ဘာမှမလုပ်ချင်လောက်အောင် ခံစားရတတ်ပါတယ်။ဒီလိုအချိန်မျိုးမှာ ဘာမှမလုပ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေရင်တောင်မှ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကို ပြန်လည်အားဖြည့်ဖို့အတွက် အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ဒီခေတ်မှာ မိုဘိုင်းလ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ ဉာဏတို့ရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီနည်းပညာတွေဟာ ဉာဏတို့ကို ကမ္ဘာနဲ့ချိတ်ဆက်ပေးနိုင်သလို တစ်ဖက်မှာလည်း အချိန်အကြာကြီး အသုံးပြုမိတဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။…
စိန့်ဂျွန်ဟင်နရီနူးမန်းသည်အဘယ်သူနည်း။ သူ၏ဘ၀အတ္တုပ္ပတ္တိသည်လွန်စွာစိတ်၀င်စားစ ရာကောင်း သည်။ သူ့အား (ဖေဖော်၀ါရီ ၂၁၊ ၁၈၀၁) အဂ်လန်နိုင်ငံ၌မွေးဖွားခဲ့သည်။ (၁၈၂၅) ၌အင်္ဂလန်အ သင်းတော် ၏ဘုန်းတော်ကြီးအဖြစ်သိက္ခာခံယူခဲ့သည်။ အင်္ဂလန်အသင်းတော်၏ဘုန်းတော်ကြီးအဖြစ်နှစ် ပေါင်း (၂၀) ထမ်းဆောင်ပြီးနောက် (၁၈၄၅) ၌ကက်သလစ်ဘာသာသို့ပြန်လည်ကူးပြောင်းလာခဲ့သည်။ ကက် သလစ်ဖြစ်လာပြီးနှစ်ပေါင်း (၃၄) နှစ်ကျော်အကြာ (၁၈၇၉) ၌ရဟန်းမင်းကြီးလေအို (၁၃) မှကာဒီနယ် အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ သူသည်သက်တော် (၈၉) နှစ်၌ပျံလွန်သွားခဲ့သည်။ သူသည်အဂ်လန်အသင်း တော်၌ရှိနေစဉ်ကလည်း အလွန်အရေးပါအရာရောက်သောဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်ခဲ့သည်။ ကက်သလစ်သာသနာ မှဓမ္မပါရဂူအဖြစ်သတ်မှတ်ကြေညာသည့်မစ္ဆားတရား၀တ်ပြုခြင်း၌ အဂ်လန်အစိုးရ ကိုယ်တိုင်တက် ရောက်ခဲ့သည်။ ဤသည်ကားသူ၏ဘ၀အတ္တုပ္ပတ္တိအကျဉ်းဖြစ်သည်။…

ရဟန်းမင်းကြီးလေအို (၁၄) သည်နွေရာသီစခန်းရှိသည့် Castel Gandolfo သို့မကြွရောက်မီ ည (၈း၅) အချိန်၌ ရောမမြို့ရှိစိန့်မေရီဘာစီးလီကာသို့ကြွရောက်၍အဆိုပါဘာစီးလီကာထဲ့၌မြှုပ်နှံထား သောရ ဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူဆီသို့သွား၍ဆုတောင်းပေးခဲ့သည်။ ထို့နောက်နှင်းဆီဖြူပန်းစည်းကို လည်းချထားပေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏စကျင်ကျောက်အုတ်ဂူပေါ်၌နှင်းဆီဖြူတစ်ပွင့်ကိုထွင်း ထုထားပေးသည်။ ထို နှင်းဆီဖြူသည် သူငယ်တော်ယေဇူး၏စိန့်ထရေးဇာအားရည်စူး၍ထွင်းထုထားခြင်းဖြစ် သည်။ အဘယ် ကြောင့်ဆိုသော်စိန့်ထရေးဇာသည် သူပျံလွန်သွားပြီးနောက်၌ကောင်းကင်မှဘုရားသခင်၏ ကောင်းချီး တော်ကိုနှင်းဆီပန်းပွင့်ကဲ့သို့တောင်းလျှောက်ချပေးမည်ဟုပြောကြားခဲ့ဖူးသည်ကိုအမှတ်ရစေရန်၊ ဆုတောင်းခြင်းတောင်းခံရန်ရည်ရွယ်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသည် Sforza နှင့် Pauline ဘုရားကျောင်းဆောင်ငယ်ကြား ၌ရိုးရှင်း အေးချမ်းစွာလျောင်းစက်ထားစေသည်။ ဘာစီးလီကာဘုရားကျောင်းကြီးများထဲ၌ မစ္ဆားပူဇော်နိုင် သော ပလ္လင်အသေးလေးများစွာဆောက်လုပ်ထားသည်။ ထိုမစ္ဆားပလ္လင်နှင့်အကန့်များကိုဘုရားကျောင်း ဆောင်ငယ်ဟုခေါ်ဝေါ်သုံးနှုန်းလေ့ရှိသည်။ စိန့်မေရီဘာစီးလီကာဘုရားကျောင်းကြီးသည် ‘ရောမမြို့သူ မြို့ သားတို့၏ကျန်းမာခြင်းကိုစောင့်ရှောက်သောမယ်တော်’ (Salus Populi Romani)…
