
စိန့်မာဂရက်_ကလိဒရို မတ်လ (၂၆)

စိန့်မာဂရက်_ကလိဒရို မတ်လ (၂၆) (St. Margaret Clitherow) တစ်ချိန်က ကက်သလစ် ဘာသာဝင် မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကက်သလစ်ဘာသာတရားရဲ့ စစ်မှန်တဲ့ တရားတော်တွေကို နာကြားပြီးတဲ့နောက်မှာ သူမဟာ ယုံကြည်ခြင်းအတွက် သူမအသက်ကိုပေးခဲ့ရုံတင်မက ဘာသာတရားကို သွန်သင် လမ်းညွှန်ပေးတဲ့ ဘုန်တော်ကြီး များစွာရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အာဂအမျိုးသမီး တစ်ယောက်ရှိခဲ့ပါတယ်။ သူမဟာ စိန့် မာဂရက် ကလိဒရိုပဲ ဖြစ်ပါတယ်။ စိန့်မာဂရက် ကလိဒရိုကို ၁၅၅၅-ခုနှစ်က အင်္ဂန်နိုင်ငံက မီဒဲယ်တွန်(Middleton)” လို့ခေါ်တဲ့ မြို့လေးမှာ နေထိုင်ကြတဲ့…









