
ဖာသာရ် ရစ်ချက်လှမင်းဦ အလွန်သန့်ရှင်းစဉ်ကြယ်သော ယေဇူး၏ရွှေနှလုံးတော် ပွဲနေ့ကြီး တနင်္ဂနွေနေ့ ဩဝါဒ ဇွန်လ ၁၃၊၂၀၂၁




ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ မည်သည်မျှငါ၏နှလုံးတော်လောက်ဆိတ်ငြိမ်ညှိုးငယ်သည်ဟူ၍မရှိ။ အကြောင်းမူကား သခင်ဘုရား ၏ ညှိုးငယ်ခြင်းနက်နဲရာကို လူတို့တွင် မည်သူတစ်စုံတစ်ယောက်မျှ တိုင်းထွာ၍မပြနိုင်သောကြောင့်တည်း။ လူသတ္တဝါများ၏ ကြင်နာသနားခြင်းဖြင့် နှစ်သိမ့်ခြင်းမရနိုင်သော ဝမ်းနည်းညှိုးငယ်ခြင်းသည် ဤတသက် တာအတွင်းဖြစ်စမြဲတည်း။ ဤသို့သောဒုက္ခစုံစမ်းခြင်းအချိန်နာရီတို့၌ အင်အားနှင့်နှစ်သိမ့်ခြင်းကိုရရန်၊ ငါ၏ရွှေနှလုံး တော်ထံ အလျှင်အမြန်ပြေးဝင်းခိုလှုံပါလော။ အကြောင်းမူကား သင်ခံထမ်းရသည့် ပြင်းထန်လှစွာသော စိတ္တဒုက္ခ၊ ကာယဒုက္ခများကို ငါကိုယ်တိုင်ခံစားရလေပြီ။ သင်သည် သင်၏အိမ်သူအိမ်သားများ၊ ချစ်မိတ်ဆွေများနှင့် ချစ်မိတ် ဆွေများနှင့် ကွေကွင်းခွဲခွာနေရသည်ဖြစ်အံ့။ ဝမ်းနည်းခြင်းရှိကောင်းရှိပေလိမ့်မည်။ ငါသည် ဤလောက၌ နေထိုင် ရန် ငါ၏အိမ်ဖြစ်သောကောင်းကင်နိုင်ငံတော်ကို ငါစွန့်ပစ်ခဲ့လေပြီ။…
အမိမြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာ စကြာ၀ဠာတစ်ခုလုံးကို အံ့ဩဖွယ် ဖန်ဆင်းအုပ်ချုပ်တော်မူသော အိုအဖမြတ်စွာဘုရားသခင်၊ တပည့်တော်တို့၏ အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် တောင်းလျှောက်ကြပါသည်။ အုပ်ချုပ်သူတို့၏အကြင်နာတရားအားဖြင့်လည်းကောင်း၊ တိုင်းသူပြည်သားအားလုံးတို့၏ ရိုးသားဖြောင့်မတ်ခြင်း အားဖြင့်လည်းကောင်း တပည့်တော်တို့၏ပြည်ထောင်စုကြီးကို စည်းလုံးခြင်းနှင့် တရားမျှတခြင်းတို့၌ တိုးတက်စေတော်မူပါ။ စိတ်ကောင်းနှလုံးကောင်းရှိခြင်းနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်ထားသည် မတူညီသော အယူအဆများ၊ အထင်အမြင် လွဲမှားမှုများနှင့် မုန်းတီးမှုများကို ကျော်လွှားအောင်မြင်နိုင်ကြောင်း တိုင်းသူပြည်သား အားလုံးတို့ကို သိမြင်နားလည်စေတော်မူပါ။ အတူတကွ လက်တွဲနေထိုင်ကြခြင်းဖြင့် ငြိမ်းချမ်းသာယာခြင်းရရှိကြပြီး အစဉ်ဖွံ့ဖြိုးတိုးတက်စေတော်မူပါ။ ကိုယ်တော်ရှင်မှတပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခိုလှုံအားကိုးစရာ မရှိပါသောကြောင့် ငြိမ်းချမ်းသာယာခြင်းကို…


ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ရက်ရောခြင်းသည် ပေးကမ်းစွန့်ကြဲခြင်း၌သာတည်ရှိသည်မဟုတ်။ သူတပါးအတွက် မိမိကိုယ် ကိုယ်ခြိုးခြံပူဇော်ရခြင်း၌လည်း တည်ရှိသတည်း။ ငါ့ရွှေနှလုံးတော်၏ရက်ရောခြင်းစေတနာသည် ကြးလွန်းလှသဖြင့် လူအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ငါ့အသက်ကိုမပူဇော်ရမချင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိနိုင်ချေ။ ငါသည်လူအပေါင်းတို့အား ပုံစံတော်ကိုချပြပေးခဲ့၏။ ငါသည်ဤလောက၌ အသက်ရှင်ထင်ရှားရှိနေစဉ်အခါ လူနာများအား ပျောက်ကင်းချမ်းသပေးခဲ့၏။ သေသောသူတို့ကို ရှင်ပြန်စေခဲ့၏။ ထိုသူတို့အားငါ၏ အသင်းတော်ကို လည်းကောင်း၊ ငါ၏စက္ကရမင်တူးများကိုလည်းကောင်း၊ ငါ၏မယ်တော်ကိုလည်းကောင်းပေးခဲ့၏။ လူများကို ကယ် တင်အံ့ငှါ ကာလ်ဝါရီတောင်ပေါ်တွင် နေက်ဆုံးသွေးစက်ထိအေင် ငါ၏ဒဏ်ရာတော်များမှ အဖိုးထိုက်လှသော အ သွေးတော်ကို စီးယိုစေခဲ့၏။ ငါ၏မြင့်မြတ်လှသောနှလုံးတော်သည် ဤမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိသေးသဖြင့် လူခပ်သိမ်းတို့အင်အားနှင့်…


ဇွန်လ (၁၀)#သမစိတ္တမျှတခြင်းရှိသောယေဇူး_ရွှေနှလုံးတော်။ ငါ့သားလောကကြီးမှာတကိုယ်ကောင်းစ်ိတ်သည် ဝမ်းနည်းခြင်းဖြစ်စရာအကြောင်းဖြစ်၏။ လူတို့သည်မိမိတို့ ကောင်းကျိုးအတွက်သာ လုံးပန်းနေရ၍ တစ်ခြားလူများ၏လိုရာကိုဆောင်ကြဉ်းရန အချိန်မရှိကြချေ။ ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် အကျိုးကျေးဇူးရရာအကြောင်းဖြစ်သောအခွင့်အရေးများကို မိမိကိုယ်ကျိုးရှာဖွေခြင်းအားဖြင့် ပျောက်ဆုံးစေကြလေသည်။ နေ့တစ်နေ့ကိုသူတပါးကောင်းကျိုးအတွက် စဉ်းစား၍သူပါးအားကူညီခြင်းပြုပါလော့။ ထိုနေ့ကုန်ဆုံးသောအခါ သင်သည်သူတပါးကိုကူညီရ၍ မည်မျှဝမ်းမြောက်သည်၊ ကူညီရသောအချိန်နာရီများသည် မည်မျှကုန်ဆုံးလွယ်သည်ကိုတွေ့မြင်ရပါလိမ့်မည်။ နာဇရက်အိမ်ငယ်တွင်စုံလင်သောငြိမ်သက်ခြင်းရှိသည့်အကြောင်းကား တကိုယ်ကောင်းစိတ်မရှိသောကြောင့် ဖြစ်သည်။ လောကတွင် ငါလှည့်လည်သွားလာနေထိုင်ပုံကို ဆင်ခြင်ပါလော့။ ငါသည်ခရီးရှည်ကြာစွာ သွားရ၍မောပန်းနေသော်လည်း လူအစုအဝေးတို့သည် ငါ့ထံသို့လာသောအခါ သူတို့ကို မျက်နှာမလွဲပဲ သူတို့အလိုရှိသည်ကို ဆောင်ရွက်ပေးခဲ့၏။ ငါသည်လူနာများကိုပျောက်ကင်းစေခြင်းနှင့် ဝမ်းနည်း သောသူများအားနှစ်သိမ့်ခြင်းပေးရန် မောပန်းသည်ဟူ၍ အဘယ်အခါမျှမရှိခဲ့ချေ။ ကြင်နာတတ်သောစကား တစ်…


ဇွန်လ( ၉ )#ရဲစွမ်းသတ္တိနှင့်ပြည့်စုံတော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါအသက် (၁၂)နှစ် အရွယ်က ဂျေရုဇလင်ကျောင်းတော်၌ ငါနေရစ်ခဲ့ခြင်းဖြင့် ငါ၏မယ်တော်နှင့် အုပ်ထိန်းသူသံဇူဇယ်ကို များစွာဝမ်းနည်းပူဆွေးစေမည်အကြောင်း၊ ငါသည်အတတ်သိငြားသော်လည်း ငါ့ခမည်း တော်ဘုရား၏အလိုတော်ကို ပြည့်စုံစေရန်ှနှင့်ခမည်းတော်ဘုရားက ငါ့အတွက်စီမံခန့်ခွဲထားသည့်အမှုကို ထမြောက် အောင်မြင်စေရန် ဤကဲ့သို့ငါပြုခဲ့လေ၏။ ဤသို့ပြုရန်လည်း ငါ၌ရဲစွမ်းသတ္တိလိုအပ်ခဲ့ပေသည်။ ထို့အတူ သင်သည်လည်း ဤတသက်တာအတွင်းနေ့စဉ်တွေ့ကြုံရသောအခက်အခဲများ၊ စုံစမ်းခြင်းများနှင့် ဆင်းရဲဒုက္ခများကိုရင်ဆိုင်နိုင်ရန် သင်၌ရဲစွမ်းသတ္တိလိုပေလိမ့်မည်။ သင်သည်သီလဘောင်သို့ ခေါ်တော်မူခြင်းခံရ သောအခါ လောကအချည်အနှောင်များကိုဖြတ်တောက်ခြင်း၌ အခက်အခဲတွေ့ခဲ့ပါလျှင်၊ ငါ၏ရဲစွမ်းသတ္တိကိုအောက် မေ့သတိရလျှက်၊ ဘုရားသခင်၏အလိုတော်ကိုလိုက်လျောရန် ကြောက်ရွံ့ခြင်းမဲ့ ရဲ့ရင့်စွာရှေ့သို့တက်သွားပါလော့။ ငါသည် အထင်အရှားလှည့်လည်သွား၍ တရားတော်ကိုဟောပြောခြင်းမပြုမှီ၊ နှစ်ပေါင်းကြာရှည်စွာ စောင့်ရ ခြင်း၌လည်း…