rvamyanmar

rvamyanmar

သဘာ၀ပတ်၀န်းကျင်စိမ်း လန်းစိုပြေရေးရက်သတ္တပတ်အတွက်ပုပ်ရဟန်းမင်း ကြီး ၏ပန်ကြားချက်

သဘာ၀ပတ်၀န်းကျင်စိမ်း လန်းစိုပြေရေးရက်သတ္တပတ်အတွက်ပုပ်ရဟန်းမင်း ကြီး ၏ပန်ကြားချက် ယခုနှစ်ပါစကားကာလဆဌမပတ်သည် ‘သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးရက် သတ္တပတ်’ နှင့်တိုက်ဆိုင်နေသည်။ ဤ ရက်သတ္တပတ်သည်လာမည့်တနင်္ဂနွေနေ့အထိသတ်မှတ်ထား သည်။ ယခုနှစ်သည်ရဟန်းမင်းကြီးဖရန်စစ်မှထုတ်ဝေခဲ့သော ‘သဘာ၀ပတ် ၀န်းကျင်စိမ်းလန်းစိုပြေ ရေး’ စာအုပ်၏ (၅) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤနှစ်ပတ်လည်အချိန်အခါသမယ၌ရဟန်းမင်းကြီးက ယခုကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးသင့် ရောက်နေချိန်နှင့်ဤနှစ်ပတ်လည်နေ့ ကျရောက်နေသောကြောင့်၊ ကျွန်ုပ်တို့၏ဘုံအိမ်ကိုအထူးဂရုပြု စောင့်ရှောက်ရန်လိုအပ်သည်ကိုပို၍သတိပြုမိလာသည်။ ထို့ကြောင့်လူသားတိုင်း သည်ဖန်ဆင်းခြင်းလုပ် ငန်းတော်ကိုအပြုသဘောဆောင်သည်စိတ်ထားများဖြင့်ပါ၀င်တည်ဆောက်ကြရန်တိုက်တွန်းသည်။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးရက်သတ္တပတ်၏ဆောင်ပုဒ်မှာ ‘အရာအား လုံးသည်နွယ်ဆက်လျှက်ရှိသည်’ ဟုဖြစ်သည်။ ဤတစ်ပတ်တာကို မေလ (၁၆ မှ ၂၄) ရက်နေ့အထိဖြစ် သည်။…

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ ဘုရားတည်ရှိတော်မူခြင်း အကြောင်းကို စဉ်းစား ရှာဖွေသူ ဒဿနိကပညာရှင်တိုင်းက အဆုံးအစွန်ပြည့်စုံသော သဘောတစ်ခု (သို့) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဆိုသည့် ကာလသုံး ပါးမှလွတ်ကင်းသော၊ သင်္ခါရတရားမရှိသော၊ အစအဆုံးမရှိသည့် အနာဒိ၊ အနန္တအဖြစ်တော်ရှင်အယူအဆသည် လူ့အတွေး၌ အမြဲသန္ဓေတည်ပါသည်ဟု တညီတညွတ်တည်း မှတ်ချက်ချကြပါသည်။ ထိုအယူအဆကို မည်သည့်ယဉ်ကျေးမှုကမှ ချည်နှောင်မထားနိုင်ပါ။ မည်သည့်ယုံကြည်ရာဘာသာကမှ ကန့်သတ်မထားနိုင်ပါ။ မည်သည့်ခေတ်အခါ၊ ကမ္ဘာ့ရေမြေတောတောင်သဘာဝ ခြားနားမှုကမှ လျစ်လျူရှုမထားနိုင်ကြပါ။ ထိုလောကုတ္တရာမှ အထူးအလွန်ပြည့်စုံကြွယ်ဝတော်မူ ခြင်း အဖြစ်တော်ကို စမ်းသပ်နိုင်ရန် သိပ္ပံနည်းပညာသည် မစွမ်းပါပေ။…

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ ဘုရားတည်ရှိတော်မူခြင်း အကြောင်းကို စဉ်းစား ရှာဖွေသူ ဒဿနိကပညာရှင်တိုင်းက အဆုံးအစွန်ပြည့်စုံသော သဘောတစ်ခု (သို့) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဆိုသည့် ကာလသုံး ပါးမှလွတ်ကင်းသော၊ သင်္ခါရတရားမရှိသော၊ အစအဆုံးမရှိသည့် အနာဒိ၊ အနန္တအဖြစ်တော်ရှင်အယူအဆသည် လူ့အတွေး၌ အမြဲသန္ဓေတည်ပါသည်ဟု တညီတညွတ်တည်း မှတ်ချက်ချကြပါသည်။ ထိုအယူအဆကို မည်သည့်ယဉ်ကျေးမှုကမှ ချည်နှောင်မထားနိုင်ပါ။ မည်သည့်ယုံကြည်ရာဘာသာကမှ ကန့်သတ်မထားနိုင်ပါ။ မည်သည့်ခေတ်အခါ၊ ကမ္ဘာ့ရေမြေတောတောင်သဘာဝ ခြားနားမှုကမှ လျစ်လျူရှုမထားနိုင်ကြပါ။ ထိုလောကုတ္တရာမှ အထူးအလွန်ပြည့်စုံကြွယ်ဝတော်မူ ခြင်း အဖြစ်တော်ကို စမ်းသပ်နိုင်ရန် သိပ္ပံနည်းပညာသည် မစွမ်းပါပေ။…

သင်၏အရှင်ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရ။

သင်၏အရှင်ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရ။ ယေဇူးသခင်က အစေခံသည်မိမိ၏သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလျွတ်ခြင်းခံရသူသည် လည်းစေလွှတ်သောသူထက်ကြီးမြတ် သည်မဟုတ် ဟုမိန့်တော်မူပါသည်။ (ရှင်ယောဟန် ၁၃:၁၆၊ ၁၅:၂၀) ထို့အတူ သင်တို့သည်ငါ့ ကိုရွေးကောက်ခဲ့ကြသည်မဟုတ်။ ငါသည်သင်တို့ကိုရွေးကောက်ခဲ့ ခြင်းဖြစ်ပြီး၊ သင်တို့သည်သွား၍အသီးသီးကြလျက်သင်တို့၏အသီးသည်အစဉ်အမြဲတည်စေကြလော။ (ရှင်ယောဟန် ၁၅:၁၆) ယေဇူးသခင်၏တရားအရခရစ် ယာန်ဖြစ်လာခြင်းသည်မိ မိကိုယ်မိမိရွေး ကောက်ခဲ့ခြင်းလော။ သို့ မဟုတ်ဘုရားကရွေးကောက်ခြင်းလော့။ မိမိကိုယ်မိမိ စစ်မှန်သောခရစ်ယာန်ဟုခံယူသူများဆန်းစစ်သင့် လှပါသည်။ ထို့အတူမိမိသည် ဘုရားသခင်၏ခေါ်တော်မူခြင်းကိုခံရသူဖြစ်လျှင်မိမိသည်သင်လော၊ အစေ ခံ လော။ သခင်လော၊ ကျွန်လော။ ပြန်လည်ဆန်းစစ်ပါ။ မိမိ၏ဝိညာဉျရေးအသီး အပွင့်များသည်ယေ ဇူးသခင်ပွင့်သီးစေလိုသည့်အစဉ်အမြဲ တည်သောအသီးများ လော။…

” ဘုရားရှာခြင်း – အပိုင်း- ၉ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၉ ” ကိုတင်ဆက်ပေးသွားမှာပါ။

St. John l, (Pope & Martyr) မေလ (၁၈) ရက်

St. John l, (Pope & Martyr) မေလ (၁၈) ရက် အမိအသင်းတော် ပထမမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ကို ဂုဏ်ပြုပွဲကျင်းပတဲ့နေ့ဖြစ်ပါတယ်။ သူ့ကို အီတလီနိုင်ငံ၊ တူကာစီမှာမွေးပြီး အေဒီ ၅၂၆ မေလ (၁၈)ရက်နေ့ မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး အဖြစ် အေဒီ (၅၂၃-၅၂၆) ထိ တာဝန်ထမ်းခဲ့သူဖြစ်တယ်။ စိန့် ဂျွန်ဟာ ယုံကြည်ခြင်းအတွက် မိမိအသက်ကို အသက်စတေးခဲ့တဲ့ ဓမ္မအာဇာနည်လေ။ ယုံကြည်ခြင်းတစ်ခုအတွက်နဲ့ ခြောက်ရာစုတုန်းက ဒိဋ္ဌိအယူဝါဒကို ကျင့်သုံးတဲ့ ဂျာမနီဘုရင်က…

ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck

ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck Chase Hilgenbrinck သည် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ကွင်းစီမြို့တွင် ၁၉၈၂ ခုနှစ် ဧပြီလ ၂ ရက် နေ့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက မိဘနှစ်ပါးမှ Chase တို့ ညီအစ်ကိုအား တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းခေါ်သွားသည်။ ညီအစ်ကိုနှစ်ယောက်လုံးက မစ္ဆားတရားတွင် တရားထောက်လေ့ရှိသည်။ ငယ်ငယ်ကတည်းက ဘောလုံးကစားသည်ကို ဝါသနာပါသဖြင့် မိမိတက်ခဲ့ရသော စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ ကလပ်အသင်းများ၌ ပါ၀င်ယှဉ်ပြိုင် ကစားခဲရာ ထူးချွန်ဆုများ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်…

“အချင်းမိန်းမ”ဆိုတဲ့ စကား ရိုင်းခဲ့လေသလား

“အချင်းမိန်းမ”ဆိုတဲ့ စကား ရိုင်းခဲ့လေသလား ဖေ့ဘုတ်စ်ပေါ်မှာ ငြင်းနေကြတာလေးတစ်ခုတွေ့မိပါတယ်။ ကာနန်မြို့လက်ထပ်ပွဲမှာ ယေဇူးဘုရားရှင်က မိမိရဲ့ မိခင်ကို “အချင်းမိန်းမ၊ သင်နှင့်ကျွန်ုပ်နှင့် မည်သို့သက်ဆိုင်သနည်း၊ ကျွန်ုပ်၏အချိန် မရောက်သေး” လို့ မိန့်ကြားလိုက်တဲ့စကားတစ်ခွန်းကို လိုရာဆွဲပြီး ပြောကြ၊ ငြင်းကြတာလေးတစ်ခုတွေ့မိလို့ ဒီစာစုလေးကို ရေးသားလိုက်ပါတယ်။ အချင်းမိန်းမဆိုတဲ့စကားက မယ်တော့်ကို မရိုမသေနဲ့ စော်ကားလိုက်တာ လား။ မယ်တော်နဲ့ သခင်ယေဇူးရဲ့ ပတ်သက်မှုက ကလေးမွေးဖို့ လိုအပ်လို့ ဗိုက်ခဏငှား၊ မွေးပြီးတာနဲ့ လုံး၀ ပက်သက်မှုမရှိတော့ဘူးတဲ့။ မာရိ ဆိုတဲ့ မိန်းမက အသုံးခံသက်သက်ပါပဲဆိုတဲ့ စကားတွေ၊…

” Sustainable Plans ”

ထိန်းသိမ်းကြစေ သဘာဝအမွေ (ရုပ် / သံ ) အစီအစဉ် ဒီတစ်ပတ်မှာတော့ ” Sustainable Plans ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ ရိုက်ကူး – ပင်ကီ တင်ဆက် / တည်းဖြတ် – ဇော်နိုင်ဉီး

ဘာသာရေးဆွေးနွေးရာ

ဘာသာရေးဆွေးနွေးရာ—————————–ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ကိုးကွယ်ရာဟာ အခြားသူနဲ့ ယှဉ်ပြိုင်ငြင်းခုံရမယ့် အရာလုံး၀မဟုတ်ပါ။ ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်တော့မှ အငြင်းအခုံမလုပ်နဲ့။ ဘာသာရေးဆိုတာ သင်ရိုးတန်းထဲက ဘာသာရပ်တစ်ခုမဟုတ်ပါဘူး။ မိမိကိုယ်တိုင် ယုံကြည်သက်၀င်လား၊ မယုံကြည်ဘူးလားဆိုတာကို အရင်စဉ်းစားတွေးခေါ်ပါ။ မိမိယုံကြည်တဲ့ အရာကိုလည်း မိမိနားလည်နေအောင် လုပ်ပြီးမှ မိမိနားလည်တာကို မိမိယုံကြည်ပါ။ တကယ်ဆိုရင် ဘာသာတရားတိုင်းဟာ ကျယ်ပြန့်လွန်းလို့ ကိုယ့်ယုံကြည်ခြင်းကို ကိုယ့်အသိညဏ်နဲ့ မှီအောင်ပင် မနဲလိုက်နေရတာပါ။ ဘယ်မှာ ပြိုင်ဆိုင်ဖို့ အချိန်ရှိပါသလဲ။ ဘာသာရေးဆွေးနွေးတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုအရင်ဦးဆုံးသေချာအောင်လုပ်ပါ။ ကိုယ့်ဘာသာတရားအကြောင်းကိုပင် ရှုထောင့်မျိုးစုံနဲ့ ပြန်လည်သုံးသပ်ပြီး အတွင်းကျကျ သိနေဖို့လိုပါတယ်။ ဘာသာတရားတစ်ခုအတွင်းမှာပဲ…