ရဟန်းမင်းကြီးဖရန်စစ်မပျံလွန်ခင်က ကက်သလစ်သာသနာနာတော်ကြီး၏ဓမ္မအမှုတော် ဆောင်ထဲ ၌အမျိုးသမီးဦးပဥ္စင်း၏အခန်းကဏ္ဍကိုခွင့်ပြုနိုင်၊ မပြုနိုင်သည်နှင့်စပ်လျဉ်း၍မေးလျှောက်ထားခဲ့ သည်။ အဆိုပါအဖြေကိုဖြေကြားရန်မှာသမ္မာကျမ်းစာ၊ သာသနာ၏ရှေးထုံးသက်သေ၊ သီဩလော်ဂျီ တို့ကိုသော် လည်းကောင်း၊ မိမိတို့တိုက်တစ်ခုတည်း၏လိုအပ်ချက်ကိုသာမဟုတ်ဘဲ ကမ္ဘာတိုက်ကြီး အသီးသီးရှိအမိ သာသနာတော်ကြီး၏လိုအပ်ချက်အခြေအနေကိုလည်းဖြန့်ကျက်လေ့လာ သုံးသပ်ရဦး မည်ဖြစ်သည်။ ထို့ကြောင့် လက်တလော၌ခွင့်မပြုနိုင်သေးကြောင်းပြန်လည်ဖြေကြားထားသည်။ အဆို ပါမေးခွန်းနှင့်စပ်လျဉ်း၍လေ့လာ သုံးသပ်ရန်ခွင့်ပြုချက်ရသည်နှင့်လေ့လာနေခဲ့ရာ ယခုနှစ်ဖေဖော် ၀ါရီလမှအဆုံးသတ်နိုင်ခဲ့ပြီး ယမန်နေ့ (ဒီ ဇင်ဘာ ၄) မှတရား၀င်ထုတ်ပြန်နိုင်ခဲ့သည်။ ဦးပဥ္စင်းအမှုတော်သည် ရဟန်းသိက္ခာအမှုတော်နှင့်ဆက်စပ်နေကြောင်း၊ ရဟန်းသိက္ခာသည် ယေဇူး သခင်မှတပည့်တော်ကြီးတို့အားပေးအပ်ခဲ့သောစက္ကရာမင်တူးဖြစ်၍တိကျပြတ်သားသောဆုံးဖြတ် ချက်ကိုမပေးနိုင်သေးကြောင်း၊ ယခုဆိုလိုသောဦးပဥ္စင်းအမှုတော်ဆောင်သည် ရဟန်းသိက္ခာနှင့် မစပ် ဆိုင် ကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်၊…