ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၂၇ ကြိမ်မြောက်သာမန်သီတင်းပတ် အင်္ဂါနေ ဩဝါဒ ၁၀၊ ၁၀၊ ၂၀၂၃

10 October 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ ပထမကျမ်းစာ ယောန ၃:၁-၁၀ မှာ ပရောဖက်ယောန ရဲ့ သတိပေးဟေားကြားချက်ကို ကြားနာခဲ့ရလို့ ရှင်ဘုရင်ကအစ တိရိစ္ဆာန်အထိ အစားအ‌ေသာက်၊ အပြစ်မကောင်းမှု့တွေ ရှောင်ရှား ခြိုးခြံ ပြီး ဘုရားသခင်ခွင့် လွတ်ခြင်းရဖို့ ပြုပြင်ပြောင်းလဲးခဲ့ကြတာကိုကြားနာခဲ့ရတယ်။ ပရေားဖက်ယောာနက နောက်ရက်လေးဆယ်ကြာရင် နီနီဝေး မြို့ပျက်စီးမယ် ဆိုတဲ့သတိပေးချက် ကိုကျွန်တော်တို့အ‌ေယာက်စီတိုင်းကိုလည်းသတိပေးနေတယ်။ လောဘဒေါသမေားဟတွေလျှော့ကကြ၊ အပြစ်မကောင်မှု့တွေရှောင်ကျင်ကြ၊ ကောင်မူ့ကုသိုလ်တွေပြုကြ၊ အစာရှောင်ခြင်း ခြိုးခြံခြင်းကို ပြုကြ သင့်တို့အချိန်နီးနေပြီ ဆိုပြီးသတိပေးနေတာကို သတိပြုမိကြရမယ်။ နောင်တရကြ၊ ပြင်ဆင်ကြပါ၊ လူဆိုတာ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ဘယ်အချိန်မှာ ဘယ်လို သေမယ် ဆိုတာ ဘယ်သူမှမသိဘူး။ သတိထားရမှာက အချိန်တိုင်း သေနိုင်တယ် ဒါကြောင် အချိန်တိုင်ပြင်ဆင်ထားရမယ်။ လောကအလုပ်တွေ ဘယ်လောက်ရုပ်နေပါစေ၊ နောင်ဘဝအတွက် မိမိဝိညာဉ်ကိုပြင်ဆင်နေကမယ်။ ဒီကနေ့ဧဝံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်မာသားနဲ့မေရီတို့အိမ်ကိုသွားရောက်လယ်ပတ်တဲ့အကြောင်းကိုကြားနာခဲ့ရတယ်။ ‌မာသားဟာ ဂျူးလူမျိုးတွေရဲ့ ထုံးတန်းအစဉ်အလာဖြစ်တဲ့ အည့်ဝတ်ကြေပြွန်ဖို့ ပြင်ဆင်မူ့တွေနဲ့ အလုပ်ရှပ်နေခဲ့တယ်။ ဘုရားရှင်နဲ့တွေခွင်ရတဲ့အချိန်လေးမှာ ဘုရားကို ဘာလုပ်ပေးရမလဲး လိုတွေးသူမာသားနဲ့၊ ဘုရားရှင်စီက ဘာရမလဲး ဆိုပြီး ဘုရားရှင်နာမှာရှိနေတဲ့မေရီ တို့ရဲ့ အခြေအနေကနေသင်ခန်းစာယူကြရမှာက ဘုရားရှင်အတွက်ငါဘာလုပ်ပေးနိုင်မလဲး ဆိုတာထက် ငါဘအတွက်ဘုရားသခင်စီက ကျေးဇူးတော်ရဖို့ ဘုရားရှင်ရဲ့လမ်းညွန်ပြမှု့ သွန်သင်ပေးမူ့ကို ဘယ်လိုနား ထောင်ရမလဲး ဆိုတာ သတိပေးနေခြင်ဖြစ်တယ်။ ဒါကြောင့် လောက အလုပ်တွေ ဘဲလောက်ပဲ များနေပါစေ ဘုရားအတွက် ခနတာ အချိန်ပေးပြီး ကိုယ်တော် ဒီနေ့တပည်တော်ကို ဘာသွန်သင်ပေး နေသလဲး ဆိုသိဖို့၊ မိမိဘဝ စမ်းစစ်ခြင်း၊ အပြစ်အမှားတွေကို ပြုပြင်ခြင်း၊ နောင်တစွဲးခြင်၊ နုပ်ကပါဌ်တော်ဖတ်ခြင်း၊ စိတ်ငြိမ်စွာ ဆုတောင်းခြင်း တိုကို ပြုမူကြရမယ်။ နောင်တတရားနဲ့ နေစဉ်ပြင်ဆင်သွားကြပါစို့။ 

rvamyanmar
rvamyanmar
Articles: 4060

Leave a Reply

Your email address will not be published. Required fields are marked *