rvamyanmar

rvamyanmar

သားသမီးတွေကို သခင်လိုမထားပါနဲ့။

ဒီနေ့မှာ သားသမီးကို သခင်လို မထားပါနဲ့ဆိုတဲ့ စာပေတစ်ခုကို တဆင့်မျှပေးသွားမှာဖြစ်ပါ တယ်။             စာထဲမှာ အခုလိုရေးသားတာကို တိုက်ရိုက်ပဲ တင်ပြပေးသွားမှာပါ။             မိဘအရှိန်အဝါနဲ့ တောက်ပနေတဲ့ သားသမီးတွေ၊ ကိုယ်ရည်ကိုယ်သွေးမရှိပဲ လူ့ပတ်ဝန်းကျင် မှာ များလွန်းနေတာတွေက မိဘရဲ့ အပြစ်မကင်းဘူးဆိုတာကို မိဘတွေကိုယ်တိုင်က လက်မခံကြပါ ဘူး။                  မိဘတွေက ချွေးစက်တွေကြားမှာ ရုန်းကန်နေပေမယ့် သားသမီးကျတော့ တောက်ပနေတာ။             ငယ်စဉ်ကတည်းက သင်ယူသင့်တာတွေကို သင်ယူခွင့်မပြုကြပဲ မျက်မမြင်က ပြတဲ့လမ်းကို ပေးလျှောက်နေသလို ကို့ယို့ကားယားနဲ့…

ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျောက်တိုင် ကောင်းကြီးပေးခြင်းအခမ်းအနား

ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲ ကျင့်ပ။ အာဗီအေမြန်မာ၊၁၀၊၁၂၊၂၀၂၅။ ဗန်မော် ကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ (Dingsing)  သာသနာစီရင်စုအတွင်းရှိ ဆရာတော်ကြီးပေါလ် ဇိန်ထုံးဂရောင်၏ ဇာတိမြေဖြစ်သော (Gauri Lung Hkat) ကျေးရွာ၌ စိုက်ထူထားသော ဆရာတော် ကြီးပေါလ်ဇိန်ထုံးဂရောင်အား အောက်မေ့သတိရခြင်းအထိမ်းအမှတ် ကျောင်တိုင်ကောင်းကြီးပေး ဆုတောင်းခြင်း မစ္ဆားတရားတော်ကို ဗန်မော်သာသနာ၊ ဆရာတော်ကြီး Raymond Sumlut Gam မှ (၉.၁၂.၂၀၂၅)နေ့ နံနက် ၁၁းဝဝ အချိန်၌ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဤအထိမ်းအမှတ်ကျောင်တိုင်ဖြစ်မြောက်ဖို့ သာသနာစီရင်စု တာဝန်ခံ ဘုန်းတော်ကြီး Fr.…

ရဟန်းမင်းကြီးသည်အရှေ့တောင်အာရှရေဘေးသင့်ပြည်သူများအတွက်ဆုတောင်းပေး။

အရှေ့တောင်အာရှဒေသတစ်၀ှမ်း၌ ရေ‌ဘေး၊ မြေပြိုမှုများကြောင့်လူပေါင်း (၁၅၀၀) ကျော် အသက် ဆုံး ရှုံး ခဲ့ရသည်။ လက်ရှိ၌အင်ဒိုနီးရှားနိုင်ငံတွင်သေဆုံးသူစာရင်း (၈၈၃) ဦးရှိကြောင်း၊ သီရိလင်္ကာ နိုင်ငံ၌ (၄၈၆) ဦး၊ ထိုင်းနိုင်ငံ၌ (၁၈၅) ဦးနှင့်မလေးရှားနိုင်ငံ၌ (၃) ဦးအသီးသီးစာရင်း ထုတ်ပြန်ထားပါ သည်။   ယမန်နေ့ အာဒ်၀င်တူးကာလဒုတိယပတ်တနင်္ဂနွေနေ့မွန်းတည့်ဆုတောင်းချိန်၌ သဘာ၀ ဘေးဒုက္ခ ကြုံ နေကြသောဒေသရှိပြည်သူများ၊ သဘာ၀ဘေးသင့်ရောက်၍အသက်ဆုံးရှုံးခဲ့သောမိမိတို့၏မိ သားစုများ အတွက်ပူဆွေး၀မ်းနည်းနေသောသူများအတွက်သတိရဆုတောင်းပေးခဲ့သည်။ နိုင်ငံတကာအဖွဲ့ အစည်း အားလည်းလက်တွေ့ကျထိရောက်သောလူသားချင်းစာနာသောအကူအညီများပေးရေးကိုလည်းပန် ကြားတိုက်တွန်းခဲ့သည်။  သဘာ၀ဘေးသင့်နေသောဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များလည်းရောက်ရှိ နေပြီး အပူ…

ကွာယာအဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်မိုင်ကယ် ဘုရားကျောင်း ( သံဝင်း)၌ ကွာယာအသင်းအဖွဲ့ များ၏ ဂျူဘီလီနှစ် မစ္ဆားတရားတော်ကို (၇.၁၂.၂၀၂၅) တနင်္ဂနွေနေ့ နံနက် ၁ဝးဝဝ အချိန်၌ မန္တလေး ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ မစ္ဆားတရားတွင် ကွာယာနဲ့ပတ်သက်ပြီး ဆရာတော်ကြီးမာကု ဦးတင်ဝင်းမိန့်ကြားသည်မှာ “ကွာယာဆိုတဲ့ ဓမ္မသီချင်းသီကျူးပြီး ဦးဆောင်တဲ့ အဖွဲ့ရှိရခြင်းက ဘာလဲဆိုရင် ပထမဆုံး ဖျော် ဖြေပွဲ လုပ်တာမဟုတ်ပါဘူး။ ဝတ်ပြုခြင်းဖြစ်ပါတယ်။ လူတွေရဲ့ဝတ်ပြုဆုတောင်းခြင်းမှာ ဘုရားဆီပိုရောက် အောင် ကူညီပေးတဲ့ အဖွဲဖြစ်ပါတယ်။ မိမိသီကျူးလိုက်တဲ့ ဓမ္မသံစဉ်တွေ…

အကယ်၍ကက်သလစ်နှင့်ဩသိုဒေါ့စ်တို့ပြန်လည်ပေါင်းစည်းခဲ့သော်။

ကက်သလစ်နှင့်ဩသိုဒေါ့စ်သည်ခရစ်ယာန်တရားရှင်သန်ရေးအတွက်အဆုတ်နှစ်မွှာဖြစ်သည်။  ကက်သလစ်သာသနာ၏ဩသိုဒေါ့စ်ကိုခရစ်ယာန်၏အဆုတ်နှစ်မွှာဟုလှပ၊ ထိမိစွာတင်စား ကြသည်။ ဤသာသနာတော်ကြီးနှစ်ခုပြန်လည်ပေါင်းစပ်နိုင်ရန်သည်လည်းခရစ်ယာန်ထုတစ်ရပ်လုံး၏ဆန္ဒ လည်း ဖြစ်သည်။ ၄င်းတို့ကိုအလွယ်တကူသုံးနှုန်းကြသည်မှာအရှေ့တိုင်းနှင့်အနောက်တိုင်းဟုဖြစ်ပါသည်။ ကက်သလစ်သာသနာနှင့်ဩသိုဒေါ့စ်သာသနာသည်ယေဇူးသခင်၏ခန္ဓာတော်မြတ်၏အဆုပ်နှစ်မွှာဖြစ် ကြောင်းစိန့်ဂျွန်ပေါလ် (၂) ကထိထိမိမိမိန့်ကြားခဲ့သည်။ သာသနာသည်သူ၏အဆုတ်နှစ်ခုဖြင့်အသက်ရူရမည်။ (၁၀၅၄) ခုနှစ်မှစ၍သာသနာတော်ကြီး၏အဆုတ်နှစ်မွှာသည်တစ်ခြမ်းစီခွဲ၍အသက်ရှူရှင် သန်နေခဲ့ရာမှ ပထမဦးဆုံးအကြိမ်ခရစ်ယာန်ကမ္ဘာတစ်ခုလုံးသည် အဆုတ်တစ်စုံဖြင့်အတူတကွအသက်ပြန် ရူလာ သည်။ ယုံကြည်ခြင်း၊ စက္ကရာမင်းတူးများ၊ တမန်တော်တို့ကြီးတို့မှဆင်းသက်လာသည့်သမိုင်းနောက် ခံနှင့်၀တ်ပြုခြင်းများ၌ပြန်လည်ပေါင်းစည်းခဲ့သည်။ ၁။ ခရစ်ယာန်သမိုင်း၏အနာကြင်ရဆုံးအနာတရကိုပြန်လည်ကုစားခဲ့သည်။  အရှေ့တိုင်းနှင့်အနောက်တိုင်းသက်၀င်ယုံကြည်မှုအယူ၀ါဒကွဲလွဲလာခဲ့သည်အချိန်ကာလမှာ နှစ်ပေါင်း (၁၀၀၀) ကြာသွားခဲ့သည်။ ထိုမျှကြာမြင့်သွားခဲ့သောဒဏ်ရာကိုပြန်လည်ကုစားရန်မှာမလွယ်ကူလှ ပေ။ ရာစုနှစ်ပေါင်းများစွာနားလည်မှုကွဲလွှဲနေခဲ့သည်။ ယဉ်ကျေးမှုကွာဟချက်များရှိခဲ့သည်။ ထူးခြားသော ယုံကြည်ခြင်းဆိုင်ဘာသာရေးသွန်သင်ချက်များလည်းရှိလာခဲ့သည်။  သို့သော်ယေဇူးသခင်သည်ကျွန်ုပ်တို့ကိုသတိပေးနေသည်။ ထိုသတိပေးချက်ကား ‘လူ့အစွမ်း အစဖြင့်…

သူတစ်ပါးအမုန်းခံရဲခြင်း

လူတွေဟာ အသိုင်းအဝိုင်းထဲမှာ ရှင်သန်ကြတဲ့အခါ အများစုမှာ တူညီတဲ့ ဆန္ဒတစ်ခုရှိကြတယ်။ အဲဒါကတော့ “လူချစ်လူခင် ပေါများချင်တာ” ပါပဲ။ ဒါဟာ သဘာဝကျပါတယ်။ လူဆိုတာ အစုအဖွဲ့နဲ့နေတဲ့ သတ္တဝါဖြစ်လို့ ပတ်ဝန်းကျင်ရဲ့ လက်ခံမှုကို လိုလားတောင့်တကြတာ မဆန်းပါဘူး။ဒါပေမယ့် အဲဒီ “လူချစ်ခံချင်တဲ့စိတ်” က လိုအပ်တာထက် ပိုကြီးထွားလာပြီး “သူများအမုန်းမခံရဲတဲ့စိတ်” ဖြစ်သွားတဲ့အခါမှာတော့ အဲဒါဟာ ကိုယ့်ကို ချည်နှောင်ထားတဲ့ မမြင်ရတဲ့ ထောင်တစ်ခု ဖြစ်လာတတ်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်မပိုင်တော့ဘဲ၊ သူတစ်ပါးရဲ့ အမြင်တွေ၊ ထင်မြင်ချက်တွေရဲ့ သားကောင်အဖြစ် ရှင်သန်နေရပါတော့တယ်။ ဒီစိတ်အခြေအနေရဲ့…