အသီးများကွဲအက်ခြင်း

ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြစ်ပါတယ် အသီးများကွဲအက်ခြင်းဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်ရာမှာ တွေ့ရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အသီးအနှံတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်း အဆင့်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်ပြီးတဲ့နောက်မှာ အသီးရဲ့ အရည်အသွေးတွေ ကျဆင်းလာမှာဖြစ်ပြီး ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ကာ တဖြည်းဖြည်း ပုပ်ပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်တာနဲ့ပတ်သက်လို့ စိုက်ပျိုးသူအများစုကတော့ ကယ်လ်စီယမ် ချို့တဲ့တာကြောင့်ဆိုပြီး…