ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့

Matureဒီနေ့မှာ ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့ မိဘတွေက coach နည်းပြအဖြစ် လုပ်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြ ပေးချင်ပါတယ်။မိဘတွေက ဘယ်လို coach နည်းပြလုပ်ပေးမှာလဲ။ မိဘတိုင်းကတော့ မိမိသားသမီး အတန်း ပညာတွေ စာပေတွေ တတ်ဖို့ ကျန်းကျန်းမာမာရှိဖို့ အဓိကထားပြီး လုပ်ဆောင်ကြသလို ကလေးတစ် ယောက် သူကျင်လည်ရတဲ့ လူမှုဝန်းကျင်မှာ ရင့်ကျက်မှုတွေရှိဖို့လည်း တာဝန်တစ်ခုလို နည်းပြလုပ် ပေးရပါအုံးမယ်။ ဒါမှ ကလေးက သူ့ဝန်းကျင်မှာ မိမိစိတ်ကို ထိန်းချုပ်တတ်တဲ့သူ၊ ရင့်ကျက်တဲ့သူ အဖြစ် နေတတ်လာပြီး…