rvamyanmar

rvamyanmar

အကောင်းမြင်ပါ

ဒီကနေ့အတွက် ” အကောင်းမြင်ပါ ” ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ ဘဝမှာအဆင်ပြေတာ 80% ရှိပြီးအဆင်မပြေတာ 20% ရှိပါတယ်တဲ့။ဒါပေမယ့် လူတိုင်းလိုလိုဟာ အဆင်မပြေတဲ့ 20% ကို အချိန် 80% လောက် ခံစားပြီးအဆင်ပြေတဲ့ 80% ကိုတော့ အချိန် 20% လောက်သာ ခံစားပါတယ်။ဒီလိုကနေ လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အဆင်မပြေတာက များတယ်အဆင်ပြေတာက နည်းတယ်လို့ ထင်ပြီးပိုပြီး ပင်ပန်းပူလောင်ကြရပါတယ်။ဒါကတော့ ဆရာတော်ရဲ့ 80/20 theory ဖြစ်ပါတယ်။ ဒါလေးသိရပြီး ကျွန်တော်ကတော့ အတွေးအမြင်တွေ တော်တော်ပြောင်းသွားတာပါပဲ။အရင်ကဆို…

မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ ” A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၅၊ ၁၀၊ ၂၀၂၂

၁၅ အောက်တိုဘာ ၂၀၂၂ Sin Against the Holy Spirit  လူသားကိုနှုတ်ဖြင့်ပြောဆိုပြစ်မှားသောသူသည်အပြစ်မှခွှင့်လွှတခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ် တော်မြတ်ကိုထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ ဝိညာဥ်တော်မြတ်ကိုထိ ခိုက်ပြစ်မှားတဲ့သူက eternal sin ထာဝရတည်တံ့နေမဲ့အပြစ်ကိုကျူးလွန်တာဖြစ်တယ်၊ သူကဘယ်တော့ မှခွင့်လွှတ်ခြင်းမခံရနိုင်ဘူးဖြစ်တယ်။ ဝိညာဥ်တော်မြတ်ကိုထိခိုက်ပြစ်မှားတဲ့အပြစ်ကဘာလဲ။ ဘာလို့ထာဝရအပြစ်ဖြစ်ပြီး၊ ခွှင့်လွှတ်လို့မရနိုင်ရတာလဲ။ ဒီနေရာမှာ သခင်ယေဇူးမိန့်တော်မူတာကိုနား လည်ဖို့ဆိုရင် ဒီသွန်သင်ချက်တွေကို မိန့်ဆိုခဲ့တဲ့ ဖြစ်ရပ်ကိုသိရမှာဖြစ်ပါတယ်။ ကိုယ်တော်က လူတစ် ယောက်ထဲကနေ နတ်ဆိုးကိုနှင်ထုတ်ပေးခဲ့တဲ့အချိန်ဖြစ်တယ်။ ဖါရီဇီတွေ၊ ကျမ်းတတ်ဆရာတွေ နဲ့ ဂျူး အယောက်တိုင်းလက်ခံတဲ့ ဂျူးဓမ္မဗေဒမှာ မကောင်းဆိုးဝါးကိုနှင်ထုတ်ခြင်းလိုမျိုး…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၄၊ ၁၀၊ ၂၀၂၂

ဘုရား၏ပုံစံကဘာနဲ့တူသလဲ။ ငါ၏မိတ်ဆွေတို့ သင်တို့အားငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီးနောက်ထပ်မည်သို့မျှမပြုနိုင်သောသူ တို့ကိုမကြောက်ကြနှင့်။ စာငှက် ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့်ရောင်းချသည်မဟုတ်လော။ ယင်း တို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ရှေ့တော်တွင်မေ့လျော့ထားခြင်းမခံရ။ သင်တို့၏ဦးခေါင်း၌ ရှိသ မျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့်မကြောက်ကြနှင့်။  ဘုရားက ကိုယ့်အတွက် လက်တွေ့ကျကျ ရှိနေပေးတယ် ဆိုတာကို ဘာ့ကြောင့် ကျွန်တော်တို့ရှင်းရှင်း လင်လင်း မသိနိုင်ကြတာလဲဆိုတာအတွက် ဓမ္မဗေဒပညာရှင် Karl Rahner က အခုလိုမေးခွန်းတွေနဲ့ သုံးသပ်ဖို့ပြုလုပ်ခဲ့ပါတယ်။ ကိုယ်က မတရားပြုမူခံနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ခုခံပြောဆို ဖို့ စိတ်ထဲအရမ်းကိုဖြစ်နေပေမဲ့ တိတ်ဆိတ်နေလိုက်တဲ့ အတွေ့အကြုံမျိုးကြုံရခဲ့ဖူးသလား။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၃၊ ၁၀၊ ၂၀၂၂

၁၃ အောက်တိုဘာ ၂၀၂၂  ဖါရီဇီတွေနဲ့ ကျမ်းတတ်ဆရာတွေက အီစရာအဲလ်လူမျိုးတွေရဲ့ လူမှုရေး၊ ယဥ်ကျေးမှု၊ နဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်ကြတယ်။ ဒါမဲ့ ဒီကနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာမှာ သူတို့တွေလက်ခံဖို့ခက်ခဲတဲ့ သူတို့ရဲ့အဖြစ်မှန်ကို သခင်ယေဇူးက ထုတ်ဖေါ်မိန့်ဆိုတယ်။ သင်တို့သည် သင်တို့၏ဘိုးဘေးများသတ် ဖြတ်ခဲ့သောပရောဖက်တို့၏သချိုင်းဂူများကိုတည်ဆောက်ကြ၏။ ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဘိုး ဘေးတို့၏လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကိုသင်သေခံသူများဖြစ်ကြ၏။  သူတို့တွေက ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြပေမဲ့ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက ပရောဖက် တွေနဲ့ ဘုရားစေလွှတ်လိုက်တဲ့လူတွေကို သတ်ခဲ့ကြတဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာကြသူတွေဖြစ် တယ်။ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက သူတို့သမိုင်းရဲ့ ဒီအပိုင်းကို ဖုန်းကွယ်ဖျောက်ဖျက်ဖို့ကြိုးစားကြ…

မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲ

Save Marriage ဒီနေ့ခေတ် အိမ်ထောင်ရေးတွေမှာ ဇနီးမောင်နှံတွေကြား relationship တွေက သေသွား နေသလို မြင်တွေ့နေရတဲ့အတွက် မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။ ခုခါမှာ ကျွန်မ ဝန်းကျင်မှာ အိမ်ထောင်ကွဲသွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ relationship အဆုံးသတ်သွားတဲ့ခါ နောင်တကြီးစွာ ရနေတာကို တွေ့နေရတယ်။ တချို့ကျပြန်တော့ အိမ်ထောင်မကွဲပေမဲ့ အဆုံးသတ်ချင်နေကြတယ်။ ဘာဖြစ်လို့ အဆုံးသတ်သွားကြတာလဲ? တချို့ကျတော့ divorce မလုပ်ဘူး။ ဒါပေမယ့် အပေး အယူတွေလုပ်ပြီး မပျော်မရွှင်နဲ့ relationship ကို…