
ဘဝမှာလက်ကိုင်ထားသင့်တဲ့အရာများ
ဘဝတသက်စာ လက်ကိုင်ထားသင့်သည့်အရာများ ဘဝမှာ အကောင်းဆုံးသောအရာတွေကို အလကားရကောင်းရနိုင်ပါလိမ့်မယ်။ဒါပေမယ့် လွယ်လွယ်နဲ့တော့ရမှာမဟုတ်ပါဘူး။ တညထဲနဲ့ရလာမှာမဟုတ်သလို အချိန်တွေရင်းနှီး၊ လုံ့လတွေစိုက်ထုတ်ပြီး မလျော့တဲ့ဇွဲနဲ့ကြိုးစားမှ ရရှိမှာဖြစ်ပါတယ်။ ဘဝတသက်စာ လက်ကိုင်ထားသင့်တဲ့ အရာတွေကဘာတွေဖြစ်မလဲ? အဲ့အရာတွေကိုကိုင်တွယ်ဖို့ခက်ခဲပေမယ့် ဘဝတလျှောက်လုံးအတွက် အကျိူးရှိစေမှာပါ နားထောင်ပါ ကျွန်တော်တို့ လူတဦးနဲ့တဦးဆက်ဆံကြတဲ့အခါ နားထောင်ခြင်းဟာ အရမ်း အရေးပါပါတယ်။ မိမိပြောတဲ့အကြောင်းအရာကိုသူတပါးက ဂရုတစိုက်နားထောင်စေချင်ရင် သူတပါးပြောတဲ့အကြောင်းအရာတွေကိုဂရုတစိုက် နားထောင်ပေးရပါမယ်။ တယောက်အပေါ် တယောက် လေးစားမှုအပြည့်ရှိမှ ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးဟာ အမြဲအဆင်ပြေချောမွေ့နေမှာဖြစ်ပါတယ် မိမိကိုယ်မိမိ ကောင်းသောအတွေးကိုတွေးပါ။ ကောင်းသောစကားကိုပြောပါ အခြားသူတွေ ဘယ်လိုတွေးတယ်၊ ဘယ်လိုပြောတယ်ဆိုတာက အရေးမကြီးပါဘူး။ သင်လုပ်ချင်တဲ့အရာကို…









