
အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန်

အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန် အိန္ဒိယမှကက်သလစ်သာသနာသည် ကာဒီနယ် Teleshore Placidus Toppo ပျံလွန်ခြင်းအတွက် ၀မ်းနည်းပူဆွေးနေကြသည်။ ကာဒီနယ်သည် ပျံလွန်ချိန်၌ သက်တော် (၈၄) နှစ်ရှိပြီဖြစ်သည်။ သူသည် Ranchi, Jharkhand ဆေးရုံတွင် ဗုဒ္ဓဟူးနေ့ကပျံလွန်သွားခဲ့သည်။ သူသည် လူမျိုးနွယ်စုများအနက်ပထမဦးဆုံးကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသူလည်းဖြစ်သည်။ (၂၀၀၁ – ၂၀၀၄၊ ၂၀၀၄ – ၂၀၀၈၊ ၂၀၁၁ – ၂၀၁၃) အထိ အိန္ဒိယကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ဥက္ကဌအဖြစ်လည်းအမှုထမ်းခဲ့သလိုလွန်ခဲ့သောလအနည်းငယ်မှစ၍ အိပ်ယာထဲမှမထနိုင်သည့်အခြေအနေသို့ရောက်ရှိနေခဲ့သည်။ သူ့အားအောက်တိုဘာ (၅၊ ၁၉၃၉)…








