ခရစ်တော်ရဲ့ကားတိုင်တော်

ကားတိုင်တော်အားဖြင့်ခရစ်တော်သည်ကျွန်ုပ်တို့အားအဘယ်မျှထိချစ်နေသည်ကိုကျွန်ုပ်တို့သိနိုင်သည်။ကားတိုင်တော်သည်ခရစ်တော်သ ွန်သင်သောအရာအားလုံး၏အနှစ်ချူပ်ပင်ဖြစ်သည်။ဆိုလိုသည်မှာအပြစ်ကြောင့်သေခြင်းမှာလူသားများ၏အပြစ်ဒဏ်ဆပ်ဖြေဖို့ရန်သူလာရခြင်းဖြစ်ပါသည်။ခရစ်တော်၏ကားတိုင်တော်သည်ကျွန််ုပ်တို့အတ ွက်မျှော်လင့်ချက်ပင်ဖြစ်ပါသည်။တစ်ချိန်တစ်ခါကညှင်းပန်းနှိပ်စက်ခြင်း၊အ သေခံခြင်းအတ ွက်အသုံးပြုသောအရာတစ်ခုဖြစ်ခဲ့သော်လည်းယခုအချိန်တ ွင်ခရစ်တော်၏ကားတိုင်တော်သည်နတ်ဆိုးနှင့်သေခြင်းအာဏာစက်အ ပေါ် အောင်မြင်ကျော်လွှားခြင်းသည်ဘုရားအာဏာစက်ကိုသက်သေထူနေသည့်အရာတစ်ခုဖြစ်လာခဲ့သည်။ခရစ်တော်ရှင်ရဲ့ နောက်သို့လိုက်ခြင်းသည်သူ့ရဲ့ကားတိုင်ကိုလိုလိုလားလားလက်ခံပြီးနေ့စဉ်ထမ်းဆောင်ခြင်းပင်ဖြစ်ပါသည်။ခရစ်တော်ဖိတ်ခေါ်သည်မှာ ” မည်သူမဆိုငါ့နောက်သို့လိုက်လိုလျှင်မိမိကိုယ်ကိုငြင်းပယ်စေ၊မိမိလက်ဝါးကားတိုင်ကိုလည်းနေ့စဉ်ထမ်းယူပြီးငါ့နောက်သို့လိုက်စေ “(လုကာ ၉း၂၃)နေ့စဉ်ခံထမ်းရသည့်ကားတိုင်များသည်ခရစ်တော်ဆီလှည့်လာဖို့ရန်နှင့်သူ့ကိုယုံကြည်လာစေဖို့ရန်ပြုလုပ်ပေးပါသည်။ထိုကားတိုင်တော်သည်ဘုရားအ ပေါ်မှီခိုအားထားခြင်းရှိရန်ပြုလုပ်ပေးနေသကဲ့သို့၊ဘုရား၏ကာက ွယ်မှိုုင်းမခြင်းများ၊ဘုရား၏ကျေးဇူးတော်များရရှိဖို့ရန်၊ဘုရားကိုအားကိုးခြင်းရှိလာရန်တ ွန်းပို့ ပေးပါသည်။ကောင်းသောအရာများကိုဆောင်ရ ွက်သော်လည်းအချစ်ကင်းမဲ့စ ွာနဲ့ဝေဖန်ခံရခြင်း(သို့)ဘဝမှာအ ကောင်းဆုံးပေးဆပ်သော်လည်းမျှော်လင့်ထားသည့်ရလဒ်မရသည့်အခါစိတ်ပျက်မိလာပါသည်။မိမိကြည့့်ရှုပြုစုသောသူများဆီကလျစ်လျှူရှုခြင်းခံရတဲ့အခါတ ွင်လည်းကောင်း၊ကိုယ့်ထက်ကြီးသောသူအကြီးအကဲထံမှကူညီထောက်ပံ့ခြင်းအသိအမှတ်ပြုခြင်းမရရှိသည့်အခါ၊အကြီးအကဲရဲ့ပူးပေါင်းဆောင်ရ ွက်ခြင်းမရှိသည့်အခါတ ွင်လည်းကောင်းအားငယ်စိတ်တေ ွဝင်လာတတ်ပါသည်။ဒီအရာများဟာကျွန်ုပ်တို့အတ ွက်နေ့စဉ်ကားတိုင်များပင်ဖြစ်ပါသည်။သခင်ခရစ်တော်ရဲ့ကားတိုင်တော်အ ကြောင်းကိုနက်နက်ရှိုင်းရှိုုင်းထောက်ရှုစဉ်းစားလိုက်သည့်အခါကျွန်ုပ်တို့ခံထမ်းနေရသည့်ဒုက္ခအခက်အခဲဝေဒနာများသည်ခရစ်တော်၏ဒုက္ခ ဝေဒနာနှင့်နှိုင်းယှဉ်လျှင်ဘာမှမ ပြောပ လောက်ပါ။ကျွန်ုပ်တို့၏နေ့စဉ်ကားတိုင်များသည်ကျွန်ုပ်တို့အားသခင်ခရစ်တော်၏ဒုက္ခစရိယာနှင့်အတူမျှ ဝေခံစားစေရန်ဖြစ်ပါသည်။ခရစ်တော်၏ကားတိုင်တော်သည်ကျွနု်ပ်တို့အားစိတ်ပျက်စိတ်ဓါတ်ကျခြင်းမှကင်းဝေးစေရန်သ ွန်သင်ပေးနေပါသည်။ဘဝမှာနေ့စဉ်ကားတိုင်များကိုလက်ခံ၊ခံထမ်းထားခြင်းတ ွင်အ ခြေခံအမှန်တရား(၃)မျိုးရှိပါသည်။(၁)ကားတိုင်သည်ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ပါ။ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်ပါသည်။ဒုက္ခ ဝေဒနာခံစားနေ သောအခါကျွန်ုပ်တို့တစ်ဦးတစ်ယောက်တည်းခံစားနေခြင်းမဟုတ်ကြောင်းကားတိုင်ကကျွနု်ပ်တို့ကိုပြောနေပါသည်။ခရစ်တော်သည်ကျွန်ုပ်တို့အနားတ ွင်ရှိနေပါသည်။ကျွန်ုပ်တို့ခံစားနေရသလိုသူလည်းခံစားနေရပါသည်။ကားတိုင်တော်ကကျွန်ုပ်တို့ရှိဒုက္ခ ဝေဒနာများ၊နာကျင်မှုများ၊အခက်အခဲများကိုချစ်ခြင်း၊မျှော်လင့်ခြင်းဖြင့်ခံထမ်းသ ွားစေပါသည်။ကားတိုင်တော်သည်ကျွန်ုပ်တို့အတ ွက်ဘဝပုစ္ဆာအ ဖြေနှင့်ကောင်းချီးမင်္ဂလာဖြစ်ပါသည်။ဒါကြောင့်စိတ်ပျက်အားလျော့ခြင်းဖြစ်မည့်အစားနေ့စဉ်ကားတိုင်အားဖြင့်ကျွန်ုပ်တို့ကိုပြုပြင်ပုံသ…