St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021 မီချယ်လီကီစလက်ရီသည် ပီအေမွန်၌ ဂုဏ်ရှိသောမိသားစုမှ မွေးဖွားခဲ့သည်။ အသက် (၁၄)နှစ်အရွယ်၌ တရားဟောပြောခြင်း အဖွဲ့၌ဖြစ်သည်။ အသက်(၂၄)နှစ်၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၆)နှစ်အထိ ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီ ပညာသင်ကြားရေး၌ တာဝန်ယူ သင်ပေးသည်။ ရိုးသားဖြူစင်ခြင်း၊ မိမိကိုယ်ကို စည်းကမ်းသေဝပ်ခြင်း၊ ဆုတောင်းမေတ္တာ၌ ပျော်မွေ့ခြင်း၊ ဆင်းရဲခြင်း ပါရမီကျင့်၍ နယ်လှည့်ခရီးသွားပါက ခြေလျှင်ဖြင့်သွားခြင်း စသည့်ပါရမီများ ကျင့်ခဲ့သည်။ ၁၅၅၆-ခုနှစ်၌ စူထရီဆရာတော်ကြီး ဖြစ်လာသည်။…