
တစ်ခုပဲ လိုတာပါ
တစ်ခါတုန်းက တောအုပ်တစ်ခုမှာ ခွန်အားဗလနဲ့ပြည့်စုံပြီး သားကောင်လိုက်တဲ့နေရာမှာ အလွန်ပါးနပ်တဲ့ ကျားတစ်ကောင်ရှိတယ်၊ တစ်နေ့တော့သူဟာ သူရဲ့ အစာအတွက် တောင်ကုန်းတခုပေါ်ကနေပြီး တောင်ရဲ့အောက်ခြေ မြက်တော စပ်မှာအစာစားနေတဲ့ သမင်အုပ်ကို ကြည့်လိုက်တယ်၊ အဲ့ဒီသမင်အုပ်ထဲမှာမှ အလွန်လှပပြီး ပြည့်ဖြိုးနေတဲ့ သမင်တစ်ကောင်ကို သူ့ရဲ့အစာအဖြစ်ရွေးချယ်လိုက်တယ်၊ ကျားဟာ သူ့ရဲ့အလွန်ထက်မြက်တဲ့အတတ်ပညာနဲ့ သမင်အုပ်အနားကို ခြေသံမကြားအောင် ချဉ်းကပ်လာခဲ့တယ်၊ ပိုင်ပြီဆိုတဲ့အနေအထားတစ်ခုကိုရောက်မှ သူသတ်မှတ်ထားတဲ့သမင်ကို ခုံအုပ်လိုက်တယ်၊ ကံဆိုးစွာနဲ့ဘဲ သမင်ဟာ သူ့လက်ထဲက လွတ်ထွက်သွားခဲ့တယ်၊ သားကောင်လိုက်ရင် ဘယ်တော့မှလွတ်ရိုးထုံးစံမရှိတဲ့ ကျားဟာ သူ့ရဲ့လွဲချော်မှုအတွက် မကျေမနပ်ဖြစ်သွားတယ်၊ မကျေနပ်စိတ်နဲ့ဒေါသစိတ်ပေါင်းပြီး ကျားဟာ သူ့လက်က…









