rvamyanmar

rvamyanmar

#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက်

#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက် (မွေး – ဇန်နဝါရီလ၊ ၃၊ ၁၈၄၀၊ ပျံလွန် – ဧပြီလ၊ ၁၅၊ ၁၈၈၉) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) ယနေ့ပွဲနေ့ရှင်၏ ဆေးကြောခြင်း အမည်မှာ ဂျိုးဇက် ဖြစ်သည်။ သူ့အား ဘဲလ်ဂျီယံနိုင်ငံ၊ Tremelo မြို့၊ (၁၈၄၀) တွင် မွေးဖွားခဲ့သည်။ အနာကြီးရောဂါနှင့် ပတ်သက်၍ ဥရောပတိုက်သား အတော်များများ မသိကြပေ။ ဤရောဂါကို Hansen…

St.Peter Nolasco, စိန့်ပီတာနိုလားစ်ကို #9 May 2021

St.Peter Nolasco, စိန့်ပီတာနိုလားစ်ကို #9 May 2021 #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) ပြင်သစ်ပြည်တောင်ပိုင်း တိုလောစ်နားတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်မှုနှင့် ဆင်းရဲသားများ၊ ကံမကောင်းသူများအား ကရုဏာမေတ္တာထားကြောင်း ထင်ရှားခဲ့သည်။ အာလ်ဘီဂျင် အရိုင်းလူမျိုးများအား ဆန့်ကျင်တိုက်ခိုက်၍ ခရူးဆိတ်၌ ပါဝင်ဦးဆောင်ခဲ့သည်။ ဘုရင်းဂျိမ်း တက္ကသိုလ်၌ (ကျူတာ) စာချပုဂ္ဂိုလ်ဖြစ်၍ စိန့်ရေမွန်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။ ၁၂၁၈-ခုနှစ်၌ မယ်တော်က သူ့အား ထင်ရှားပြသည်။ ခရစ်ယာန်များ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်မြောက်ရန် ဂိုဏ်းတစ်ခု တည်ထောင်ရန် မယ်တော်က ရူပါရုံ ထင်ရှားပြခဲ့သည်။…

#အဗီးလာမြို့မှစိန့်ဂျွန် (Saint John of Avila) (မွေး ၁၅၀၀၊ ပျံ – မေလ၊ ၁၀၊ ၁၅၆၉)

#အဗီးလာမြို့မှစိန့်ဂျွန် (Saint John of Avila) (မွေး ၁၅၀၀၊ ပျံ – မေလ၊ ၁၀၊ ၁၅၆၉) #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) ယနေ့ပွဲနေ့ရှင်ကို စပိန်နိုင်ငံ၊ Castile ဒေသတွင် မွေးဖွားခဲ့သည်။ အသက်(၁၄)နှစ်တွင် Salamanca တက္ကသိုလ်တွင် ဥပဒေပညာကို သင်ကြားရန် စေလွှတ်ခံခဲ့ရသည်။ ထို့နောက် ရဟန်းတစ်ပါး ဖြစ်လာရန်အတွက် Alcalaသို့ ပြောင်းသွားပြီး ထိုနေရာ၌ ဖိလောဆိုဖီနှင့် သီဩလောဂျီ ဘာသာရပ်ကို ဆက်လက် သင်ကြားခဲ့သည်။ မိဘနှစ်ပါး ဆုံးပါးသွားသောအခါ သူသည် မိဘတို့၏…

#St.Boniface IV (Pope), စိန့်ဘော်နီဖေးစ် (၄) (ဆရာတော်)#8 May 2021

#St.Boniface IV (Pope), စိန့်ဘော်နီဖေးစ် (၄) (ဆရာတော်)#8 May 2021 စိန့်ဘော်နီဖေးစ်သည် ရောမဘုရားကျောင်း၌ အမြဲနေသူ ဦးပဉ္ဇင်းကြီးဖြစ်သည်။ စိန့်ဂရေဂေါ်ရီ၏ နောက်လိုက် တပည့်လည်းဖြစ်သည်။ အေဒီ ၆၀၈-ခုနှစ်၌ ရဟန်းမင်းကြီး ဖြစ်လာသောအခါ ဘော်နီဖေးစ်(၄) နာမည်ယူခဲ့သည်။ ဧကရာဇ် မင်းပိုကာစ်က လောကီအယူအဆများဖျက်ပြီး ခရစ်ယာန် ယုံကြည်ခြင်းအတိုင်း လိုက်ကျင့်ရန် ရောမအယူအဆ မလိုက်ရန် မယ်တော် မာရိယားအား အပ်နှံရန် အခွင့်ပေးသည်။ ပထမဦးစွာ ရုပ်တုဆင်းတု ကိုးကွယ်ရာ ဗိမ္မာန်တော်တစ်ခုအား ခရစ်ယာန်ဘုရားကျောင်းအဖြစ် ကောင်းကြီးပေးပြီး လိုဏ်ဂူ၌…

#စိန့်ပီတာ တာရင်တိုင်းစ်(၁၁၀၂- ၁၁၇၅)#မေလ (၈) ရက် 

#စိန့်ပီတာ တာရင်တိုင်းစ်(၁၁၀၂- ၁၁၇၅)#မေလ (၈) ရက်  စိန့်ပီတာတာရင်တိုင်းစ်နှင့် နာမည်တစ်ထပ်တည်း ကျသောသူနှစ်ဦး ရှိခဲ့သည်။ သို့သော် ရာစုနှစ် တစ်စုစီ ဖြစ်နေခဲ့သည်။ ယနေ့ပွဲနေ့ရှင်မှာမှု ပိုငယ်ရွယ်သည်။ သူ့အား ပြင်သစ်နိုင်ငံ၊ (၁၂)ရာစု အစောပိုင်းခန့်က မွေးဖွားခဲ့သည်။ သူနှင့် အမည်တူသော အခြားတစ်ဦးမှာ နောက်ပိုင်း၌ ရဟန်းမင်းကြီး အင်းနိုဆင့်(၅) ဖြစ်လာ ခဲ့သည်။ စိန့်ပီတာတာရင်တိုင်းစ်သည် ရသေ့တစ်ပါး ဖြစ်လာခဲ့သည်။ ထို့နောက် ရသေ့ကျောင်း၏ အကြီးအကဲအဖြစ် အမှုတော် ထမ်းဆောင်ခဲ့သည်။ ၁၁၄၂ခုနှစ်တွင် Tarentaise တာရင်တိုင်းစ်မြို့၏ ဂိုဏ်းချုပ်…

St. John of Beverley (Bishop), စိန့်ဂျွန် (ဘီဗာလေ) #7 May 2021

St. John of Beverley (Bishop), စိန့်ဂျွန် (ဘီဗာလေ) #7 May 2021 #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) သူသည် Yorkshire ဇာတိဖြစ်သည်။ ငယ်စဉ်က ကန်သာဘိုရီမြို့၌ ပညာသင်ယူခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော် တီအိုဒိုလက်ထက်၌ ပညာဆည်းပူးခဲ့သည်။ နောက်ပိုင်း၌ ဘက်နဒက်ဂိုဏ်းဝင်၍ စိန့်ဟေလာရီတပည့် ဖြစ်ခဲ့သည်။ အေဒီ ၆၈၇-ခုနှစ်၌ တာဟမ်း ဆရာတော်ကြီးအဖြစ် သိက္ခာခံယူသည်။ ၇၀၅-ခုနှစ်တွင် မွေးဇာတိ York ၌ ဂိုဏ်းချုပ်ဆရာတော် တာဝန်ယူသည်။ (၁၅)နှစ်တိုင် ဆရာတော်တာဝန် ထမ်းဆောင်ပြီး သူ့နေရာတွင် ညီတော်သူ…

#စိန့်ရိုစ့်ဗေနေရီးနီ (မွေး – ဖေဖော်ဝါရီ၊ ၉၊ ၁၆၅၆၊ ပျံ – မေ၊ ၇၊ ၁၇၂၈)

#စိန့်ရိုစ့်ဗေနေရီးနီ (မွေး – ဖေဖော်ဝါရီ၊ ၉၊ ၁၆၅၆၊ ပျံ – မေ၊ ၇၊ ၁၇၂၈) #ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) ယနေ့ပွဲနေ့ရှင်အား အီတလီနိုင်ငံ၊ ဗီတယ်လ်ဘို၌ မွေးဖွားခဲ့သည်။ သူသည် ဆရာ၀န်တစ်ဦး၏သမီး ဖြစ်သည်။ သမီးရည်းစားဘ၀၌ ရှိနေစဉ် ချစ်ကြိုက်ရည်ငံသောသူသည် ရုတ်တရတ် ဆုံးပါးသွား၍ သီလရှင်ကျောင်း တစ်ကျောင်းသို့ သွားရောက်နေထိုင်ရင်း သောကကို တရားရိပ်၌ ဖြေခဲ့သည်။ ထိုအတောအတွင်း ဖခင်ဆုံးပါးသွား၍ မုဆိုးမ ဖြစ်သွားရှာသော မိခင်အိုအား ပြုစုရန် အိမ်သို့ ပြန်လာခဲ့သည်။…

#စိန့်ရိုစ့်ဗေနေရီးနီ (မွေး – ဖေဖော်ဝါရီ၊ ၉၊ ၁၆၅၆၊ ပျံ – မေ၊ ၇၊ ၁၇၂၈)

#ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) ယနေ့ပွဲနေ့ရှင်အား အီတလီနိုင်ငံ၊ ဗီတယ်လ်ဘို၌ မွေးဖွားခဲ့သည်။ သူသည် ဆရာ၀န်တစ်ဦး၏သမီး ဖြစ်သည်။ သမီးရည်းစားဘ၀၌ ရှိနေစဉ် ချစ်ကြိုက်ရည်ငံသောသူသည် ရုတ်တရတ် ဆုံးပါးသွား၍ သီလရှင်ကျောင်း တစ်ကျောင်းသို့ သွားရောက်နေထိုင်ရင်း သောကကို တရားရိပ်၌ ဖြေခဲ့သည်။ ထိုအတောအတွင်း ဖခင်ဆုံးပါးသွား၍ မုဆိုးမ ဖြစ်သွားရှာသော မိခင်အိုအား ပြုစုရန် အိမ်သို့ ပြန်လာခဲ့သည်။ တရားရိပ်ခိုပြီး ထွက်လာခဲ့သည်မှာ လောလောလတ်လတ် ဖြစ်နေသောကြောင့် အိမ်သို့ ပြန်ရောက်လာသော်လည်း သီလရှင်ကျောင်းက ကဲ့သို့ပင် စိတ်၌ ဖြစ်နေသောကြောင့် သူ၏…

” နိုင်ငံရေးထဲ ခြေဆန့်ရန် ကက်သလစ်တိုင်း တာ၀န်ရှိသည်”

” နိုင်ငံရေးထဲ ခြေဆန့်ရန် ကက်သလစ်တိုင်း တာ၀န်ရှိသည်” အမေရိကန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(USCCB)မှ ထုတ်ပြန်သော Forming Consciences for Faithful Citizenship စာအုပ်မှ Who in the Church Should Participate in Political Life? ကို ကောက်နှုတ်ဖော်ပြပါသည်။ ကက်သလစ် အစဉ်အလာ၌ “တာ၀န်သိနိုင်ငံသားဖြစ်ခြင်း” သည် ပါရမီတစ်ပါးဖြစ်ပြီး နိုင်ငံ့အရေး သို့မဟုတ် လူထုအရေး သို့မဟုတ် လူသားကောင်းကျိုး အရေး၌ ပါ၀င်လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တာ၀န်တစ်ရပ် ဖြစ်သည်။…

မွတ်ဆလင်ဖာတီမာ နှင့် ဖာတီမာမယ်တော်

မွတ်ဆလင်ဖာတီမာ နှင့် ဖာတီမာမယ်တော် ~~~~~~~~~~~~~~~~~ ပေါ်တူဂီနိုင်ငံ ဖာတီမာရွာလေး၌ မယ်တော်မာရီးယားသည် သိုးကျောင်းသားကလေးသုံးဦးကို ခြောက်ကြိမ်တိုင် ထင်ရှားပြခဲ့သည်။ မေ ၁၃ မှ အောက်တိုဘာ ၁၃ ထိထင်ရှားပြခဲ့သည်။ #ဖာတီမာရွာလေး၏နောက် ခံရာဇဝင်~ မွတ်ဆလင်တို့သည် စပိန် နှင့် ပေါ်တူဂီရှိ အိုင်ဘဲရီးယားကျွန်းဆွယ်ကို အေဒီ ၇၁၁မှ စ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုဒေသများသည် မွတ်ဆလင်လက်အောက်တွင် နှစ်ရာစု တော်တော်များများ ကျရောက်ခဲ့သည်။ အေဒီ ၉၂၉ နှင့် ၁၀၃၂ ကြားတွင် မွတ်ဆလင်ယဉ်ကျေးမှု လွမ်းမိုးမှု အထွတ်အထိပ်ရောက်ခဲ့သည်။…