rvamyanmar

rvamyanmar

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ် ဗင်းနစ်မြို့ရှိစိန့်မာခ်ရင်ပြင်၌မစ္ဆားပူဇော်မည်။ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့် (ဧပြီ ၂၈) ၌အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွပြီး စိန့်မတ်ခ်ရင်ပြင် လူထုနှင့်အတူမစ္ဆားပူဇော်မည်ဖြစ်သည်။ ဗင်းနစ်မြို့ကို ‘ floating city’(ရေပေါမြို့) ဟုလည်းတင်စား၍ခေါ်သည်။ ဗင်းနစ်မြို့၏ရူခင်းကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်အာရုံခံကြည့်မည်ဆိုပါက ‘အင်းလေး’ ဒေသနှင့်အလားသဣာန်တူပါသည်။ လှေများဖြင့်သွားလာရသော ရေပေါ်ကျွန်းမြို့ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ခရီးစဉ်ကို ယမန်နေ့တနလ်ာနေ့ကဗာတီကန်၏သတင်းပြန်ကြားရေးရုံးကတရား၀င်ထုတ်ပြန်အသိပေးခဲ့သည်။ (ဧပြီ ၂၈) သည်တနဂ်နွေနေ့ဖြစ်၍ ရဟန်းမင်းကြီးဦးဆောင်သောမစ္ဆားတရားကိုထိုနေ့နံနက် (၁၁) နာရီ၌ပူဇော်မည်ဖြစ်သည်။ ထိုနေ့၌ပင် ဗာတီကန်၏ကြီးကြပ်မှုအောက်ရှိအဆောက်အဦးသို့လည်းကြွ ရောက်ကြည့်ရူမည်ဖြစ်သည်။ ဗာတီကန်မှဗင်းနစ်သို့ ရဟပ်ယာဉ်ဖြင့်ကြွမည်ဖြစ်ပြီး ကြာမြင့်ချိန် (၂) နာရီခန့်ဖြစ်ပါသည်။ ရဟပ်ယာဉ်အား ဗင်းနစ်အမျိုးသမီးအကျဉ်းထောင်ရှိရာ Giudecca…

ဆွဲဆောင်မှုရှိခြင်း နှင့် အောင်မြင်ခြင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်လေးမှာတော့ “ဆွဲဆောင်မှုရှိခြင်းနှင့်အောင်မြင်ခြင်း” ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်တဲ့သူဖြစ်ချင်ရင် တခြားသူတွေကို ဆွဲဆောင်နိုင်မှုရှိစေဖို့၊ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုရှိခြင်း (Interpersonal Attraction) ဆိုတဲ့အချက်က အရေးပါလှပါတယ်။ “ဆွဲဆောင်မှုရှိခြင်း ဆိုတာ ကတော့ တခြားသူတွေက လူတစ်ဦးအပေါ်မှာ ဘာကြောင့် နှစ်သက်ရတာ ဒါမှမဟုတ် မနှစ်သက်ရတာ ဖြစ်ရသလဲဆိုတာကို လေ့လာတာပဲဖြစ်ပါတယ်”။ တခြားသူတွေအပေါ်မှာ ဆွဲဆောင်မှုရှိစေတဲ့အချက်တွေကို စိတ်ပညာရှင်တွေက လေ့လာကြတဲ့အခါ အချက်လေးချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချက် လေးချက်ကို အောက်မှာဖော်ပြ…

ပုပ်ဖရန်စစ် အာရှ ၃ နိုင်ငံနှင့် ပါပူအာနယူးဂီနီသို့ တမန်တော်ခရီးစဥ်ပြုမည်

ပုပ်ဖရန်စစ် အာရှ ၃ နိုင်ငံနှင့် ပါပူအာနယူးဂီနီသို့ တမန်တော်ခရီးစဥ်ပြုမည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် စက်တင်ဘာလ ၂ ရက်မှ ၁၃ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ၊ တီမောလက်စတေနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ တမန်တော်လုပ်ငန်းဆိုင်ရာ ခရီးစဥ်ကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ 12 ရက်နေ့တွင် ဗာတီကန် သတင်းတိုက်မှ ကြေညာလိုက်ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ပါပူအာနယူးဂီနီနိုင်ငံမိုရက်(စ်)ဘီနှင့် ဗာနီမိုသို့ စက်တင် ဘာလ ၆…

Charlotte သာသနာ ဆရာတော် ကြီး၏ နှစ် (၂၀) တမန်တော်ခရီးအားဖော်ပြ

Charlotte သာသနာ ဆရာတော် ကြီး၏ နှစ် (၂၀) တမန်တော်ခရီးအားဖော်ပြ သိုးထိန်းအမည်ကား ဆရာတော် Peter Jugis ဖြစ်ပြီး Charlotte သာသနာအား (၂၀၀၃) မှစ၍သိုးထိန်းအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သည်။ သူ၏သိုးထိန်းအမှုတော်ထမ်းနေစဉ်ကာလ၌ သာသနာအတွင်း ခေါ်တော်မှုခြင်းလမ်းစဉ်၌လျှောက်လှမ်းသူများရခိုင်နှုန်းတိုးလာခဲ့သည်။ သာသနာအတွင်း ပညာ ရေးသည်လည်းတိုးတက်လာခဲ့သည်။ ဤသို့တိုးတက်လာစေရန် Quo Vadis (ဘယ်သွားမလဲသခင်) နှင့်Duc in Altum (ရေနက်ရာသို့ရွေ့လော့ – သံလုကာ ၅း၄) လှုပ်ရှားမှုအစီအစဉ်များကိုချမှတ်လုပ်ဆောင်ခဲ့သည်။ Quo Vadis ၏အနက်ကား စိန့်ပီတာသည် ဖမ်းဆီးခံရပြီးရောမမြို့သို့ပို့ဆောင်ခံခဲ့ရသည်။ ထိုမှလွှတ်မြောက်လာပြီးနောက်…