ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဤလောက၌သက်တော်ထင်ရှားရှိစဉ်ကာလ ဆိတ်ကွယ်ရာနာဇရက်ရှိ အလုပ် ဆိုင်ကလေးတွင် နှစ်၊ လ၊ အများပိုင်းကိုကုန်လွန်စေခဲ့၏။ ဤသို့နေထိုင်ခဲ့သည်ကား လောကီသားတို့အသိအမှတ်မ ပြု။ အောက်တန်းကျသောအလုပ်ကိုလုပ်ကိုင်ရသည့် သူတို့အားသင်ခန်းစာတရပ်ပေးခြင်းငှာသာလျှင်ဖြစ်၏။ ဤသို့ မထင်မရှားအောက်တန်းကျသောအလုပ်ကို ငါ၏ရွှေနှလုံးတော်နှင့်ပေါင်းစပ်၍ လုပ်ကိုင်ခြင်းကား အလွန်မြင့်မြတ် သော သူရဲကောင်းတို့၏ အလုပ်အမှတ်ဖြစ်သတည်း။ နေ့စဉ်နေ့တိုင်း မဆုံးနိုင်သကဲ့သို့ ငြီးငွေ့ဖွယ်ရာတမျိုးတည်း သောအလုပ်ကိုလုပ်ပြီး၊ ဖခင်ဖြစ်သူသည် သားသမီးများအား လူလားမြောက်သည်အထိ ရှာဖွေကျွေးမွေးရသကဲ့သို့ သားသမီးများကလည်း အိုမင်းမစွမ်းရှိလာသောမိဘများကို ကြည့်ရှုရခြင်းသည်လည်း သူရဲကောင်းတို့၏လမ်း ကြောင်းမှန်ဖြစ်သတည်း။ နာဇရက်ရွာ၌ရှိသောအလုပ်ဆိုင်ကလေးတွင် ငါအလုပ်လုပ်နေသည်ကိုတွေ့ရကြ၏။ ငါသည်ထိုအရပ်၌ နိမ့်ကျ၊…