ပြည့်ဝစွာအသက်ရှင်ခြင်း

ငရဲ ဆိုတာ တကယ် ရှိပါသလား ယေဇူးခရစ်တော်က ငရဲဆိုတာ ရှိတယ်လို့ အတိအလင်း မိန့်မြွက်ခဲ့ပါတယ်။ ခရစ်တော်ထက် ဘယ်သူက ပိုပြီးသိနိုင်မလဲ။ သမ္မာကျမ်းစာထဲက ငရဲအကြောင်းပြောပြကြတဲ့ ပုဂ္ဂိုလ်တွေထက် ခရစ်တော်က ငရဲအကြောင်းကို ပိုပြီးပြောပါတယ်။ လူတွေကို ခြောက်လှန့်ဖို့ မဟုတ်ပါဘူး။ လူတွေကို ချစ်လို့ အဲဒီ ငရဲကနေ လွတ်မြောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ ရေခဲပြင်ကြီးမှာ တွင်းပေါက်ကြီး ရှိနေတယ်ဆိုရင် လုပ်သင့်တဲ့အရာတစ်ခုက သိသားထင်ရှားတဲ့ သတိပေးဆိုင်းဘုတ် တပ်ရမှာဖြစ်တယ်။ ဒါက သမ္မာကျမ်းစာက ဒီအလုပ်ကို လုပ်ပေးပါတယ်ဆိုတာ မီးမောင်းထိုးပြပါတယ်။ မိုက်မဲတဲ့သူတွေကပဲ ဘုရားရဲ့…
လူငယ်မောင်မယ်များ ယုံကြည်ခြင်း ပြည့်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ မေလရည်ရွယ်ချက်နဲ့အတူ ဆုတောင်းကြစို့။ မိသားစုအကြောင်း ကျွန်ုပ်မပြောခင်မှာ လူငယ်မောင်မယ်တွေကို ပထမဆုံး စပြောချင်ပါတယ်။ လူငယ်မောင်မယ်တွေနဲ့ အတုယူ စံပြုထိုက်တဲ့သူကို စဉ်းစားကြည့်လိုက်ရင် အမိမယ်တော်သခင်မ ကျွန်ုပ်တို့ စဉ်းစားမိမှာ ဖြစ်တယ်။ သူမရဲ့သတ္တိ၊ သူမရဲ့နားထောင်ပေးတတ်မှု၊ အစေခံတတ်ဖို့ သူမရဲ့ ဘဝကို ပေးဆပ်မှု ပါရမီတွေနဲ့ စံပြုထိုက်သူ ဖြစ်ပါတယ်။ မယ်တော်ဟာ ဘုရားသခင်ကို ရဲရင့် ခိုင်မာစွာ “ဟုတ်ကဲ့” ဆိုပြီး နာခံခဲ့ပါတယ်။ ဆန်းသစ်မှုတွေနဲ့ ပိုကောင်းတဲ့ ကမ္ဘာကြီးတည်ဆောက်ချင်တဲ့ သင်တို့လူငယ်တွေ အမိမယ်တော်ကို…
ဝိညာဉ်ရေး သမိုင်းခြေရာ =========== ကက်သလစ်အသင်းတော်ရာဇဝင်အကျဉ်းချုပ် (ရာစုနှစ်အလိုက်ဖော်ပြသည်) ပထမရာစုနှစ် အချိန်ကာလ AD ၃၃ မှ ၁၀၀ ထိ =============== ၁။ သခင်ယေဇူးခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွပြီး(၁၀)ရက် မြောက်သောနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်သည်မီးလျှံဖြင့် တမန်တော်များ၏ ဦးခေါင်းပေါ်တွင် ဆင်းကြွလာသည်။ ၂။ သံပေတရူး၏ ပထမအကြိမ်သြဝါဒတွင် နားထောင်သူလူမျိုးပေါင်း စုံတို့သည် မိမိတို့ဘာသာစကားအသီးသီးနားလည်ကြ၍ လူပေါင်း (၃၀၀၀)ခန့် ယုံကြည်သက်ဝင်လာသည်။ ဒုတိယသြဝါဒတွင် လူ ပေါင်း (၅၀၀၀)ခန့် ယုံကြည်သက်ဝင်လာပြန်ရာ စုစုပေါင်း (၈၀၀၀)ကျော် ကက်သလစ် ဘာသာထဲသို့…
လူမှုဆိုင်ရာ အခြေခံကိုယ်ကျင့်မူဘောင် ကက်သလစ်ဘာသာ၀င်တိုင်းသည် နိုင်ငံသားတစ်ဦး၌ ရှိအပ်သော တာ၀န်အရ နိုင်ငံရေးတွင် တက်ကြွစွာ ပါ၀င်ရမည်ဖြစ်သည်။ နိုင်ငံရေးဟု ဆိုရာ၌ လူထုအရေး၊ နိုင်ငံသားများ၏ ကောင်းကျိုးအရေးကို လုပ်ဆောင်မည့် မည်သည့် နိုင်ငံရေး ပုံစံမျိုးကိုမဆို ဆိုလိုသည်။ ကက်သလစ် ဘာသာ၀င်ကောင်းတစ်ဦး သည် နိုင်ငံသားကောင်း တစ်ဦး မည်ပြီး လူသားများ၏ ကောင်းကျိုးအရေးအတွက် တစ်ထောင့် တစ်နေရာမှ ဖြည့်စွက် ပေးဆပ် တတ်ရမည်။ တာ၀န်သိတတ်သော နိုင်ငံသားတစ်ဦး ဖြစ်ခြင်းသည် ပါရမီတစ်ပါး ဖြစ်ပြီး နိုင်ငံ့အရေး သို့မဟုတ် လူထုအရေး…
ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ အပိုင်း(၁) ရှင်လုကာဧဝံဂေလိကျမ်း ၁၀း၂၅-၃၇ မှ မြတ်သော ဆမာရိ ပုံဥပမာ (ခရစ်ယာန်တို့ ကျင့်ဆောက်တည်အပ်သော ချစ်ခြင်းမေတ္တာ ပါရမီ) လူတွေစိတ်အ၀င်စားဆုံးအရာထဲတွင် အချစ်အကြောင်းသည် ရေပန်းအစားဆုံးဖြစ်သည်။ အချစ်အကြောင်းဆိုလျှင် လူတိုင်းစိတ်၀င်စားသည်။ အချစ်အကြောင်းကို လူတိုင်းပြောချင်ကြသည်။ အချစ်ကို လူတိုင်းခံစားချင်ကြသည်။ အချစ်ကို လူတိုင်းက သိစိတ်နှင့်သော်လည်းကောင်း၊ မသိစိတ်နှင့် သော်လည်းကောင်း နေ့စဉ်နှင့်အမျှ ရှာဖွေကြသည်။ အတွေ့အကြုံပေါ်မူတည်၍ အချစ်ကိုလည်း အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ မိဘအချစ်၊ မောင်နှမအချစ်၊ ရည်းစားချစ် စသည်ဖြင့် အချစ်ကိုစိတ်ဖြာပြီး…
ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍမှာ ” တန်ဖိုးရှိသော ရေချို သယံဇာတ” ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် – William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #rvamyanmar #rvapastoralcare #Environment
ကက်သလစ်တိုင်း လေ့လာ သိရှိသင့်သော ယနေ့ခေတ် ကက်သလစ် အသင်းတော်အား ပုံဖော်ပေးသည့် ဒုတိယ အကြိမ် ကျင်းပသော ဗာတီကန် အသင်းတော် အစည်း အဝေး ကြီး အကျဉ်းချုပ် အင်္ဂလိပ် အခေါ် – Vatican Council 2 လက်တင်အခေါ် – Concilium Oecumenicum Vaticanum Secundum ကွန်စီလီယွန် အီကူမန်နီကွန် ဗာတီကာနွမ် စက်ကွမ်ဒွမ်ကက်သလစ် ခရစ်ယာန် တစ်ဦး ဖြစ်လာပြီဆိုရင် ယနေ့ ခေတ် ကက်သလစ် အသင်းတော်ကို ပုံဖော်ပေးထားတဲ့ ဒီ သာသနာ့ အစည်းအဝေးကြီးကို…